ကုမ္ပဏီအချက်အလက်
ကုမ္ပဏီအချက်အလက်
ကျွန်ုပ်တို့၏ ရည်မှန်းချက်နှင့်
တန်ဖိုးများ
ကျွန်ုပ်တို့၏ ရည်မှန်းချက်နှင့် တန်ဖိုးများ
ဦးဆောင်နေသော ထိပ်တန်း ကုမ္ပဏီအဖြစ်
တာဝန်သိစွာ လုပ်ဆောင်ရန် ကျွန်ုပ်တို့၏ ကတိ။
ဦးဆောင်နေသော ထိပ်တန်း ကုမ္ပဏီအဖြစ် တာဝန်သိစွာ လုပ်ဆောင်ရန် ကျွန်ုပ်တို့၏ ကတိ။
Samsung သည် ဒေသန္တရ ဥပဒေများနှင့် စည်းမျဉ်းများကို လေးစားလိုက်နာရန်အပြင် ဝန်ထမ်းအားလုံးပေါ် တင်းကျပ်သော ကမ္ဘာလုံးဆိုင်ရာ အလုပ်စည်းကမ်း ကျင့်သုံးရန် ကတိပြုပါသည်။ ကျင့်ဝတ်ညီသော စီမံခန့်ခွဲရေးသည် ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်း ပတ်ဝန်းကျင်တွင် မြန်ဆန်သော ပြောင်းလဲမှုများအတွက် တုံ့ပြန်ရေးနည်းလမ်းတစ်ခုသာမကဘဲ သုံးစွဲသူများ၊ ရှယ်ယာရှင်များ၊ ဝန်ထမ်းများ၊ လုပ်ငန်းမိတ်ဖက်များနှင့် ဒေသန္တရ အသိုက်အဝန်းများ အပါအဝင် ပါဝင်ပတ်သက်သူများစွာနှင့် ယုံကြည်မှုတည်ဆောက်ခြင်းအတွက်လည်း လမ်းကြောင်းတစ်ခု ဖြစ်သည်။ကမ္ဘာကြီးတွင် ကျင့်ဝတ်အညီဆုံး ကုမ္ပဏီတစ်ခုဖြစ်လာရေး ရည်ရွယ်ချက်ဖြင့်၊ Samsung သည် မျှတပြီး ပွင့်လင်းမြင်သာသော ကော်ပိုရိတ် စီမံခန့်ခွဲရေးကို ကျင့်သုံးရင်း ၎င်း၏ ဝန်ထမ်းများကို မပြတ် လေ့ကျင့်ပေးရန်နှင့် စောင့်ကြည့်ရေးစနစ်များကို အသုံးပြုပါသည်။
ကျွန်ုပ်တို့၏ ရည်မှန်းချက်နှင့် ချဉ်းကပ်နည်း
Samsung သည် ပိုကောင်းသော ကမ္ဘာလုံးဆိုင်ရာ လူ့အဖွဲ့အစည်းကို တည်ဆောက်ရန် အဆင့်မြင့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှု ဖန်တီးရေးအတွက် ၎င်း၏ ကျွမ်းကျင်မှုနှင့် နည်းပညာကို ပေးအပ်မြှုပ်နှံမည်ဆိုသည့် ရိုးရှင်းသော လုပ်ငန်း အယူအဆကို ကျင့်သုံးပါသည်။ ဤသို့ဖြစ်မြောက်စေရန် Samsung သည် ၎င်း၏ ဝန်ထမ်းနှင့် နည်းပညာများအတွက် မြင့်မားသော တန်ဖိုးကို သတ်မှတ်ပေးသည်။
ကျွန်ုပ်တို့၏ ရည်မှန်းချက်နှင့် ချဉ်းကပ်နည်း
1. လူအများအား အကောင်းဆုံး ဖြစ်လာစေဖို့ ပံ့ပိုးကူညီပေးသည်
လူသားရင်းမြစ်နှင့် နည်းပညာများကို အခြေခံ၍
· စီမံခန့်ခွဲရေးမူများဖြင့် လူသားရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာ အဆင့်မြင့်မှုကို တစ်ဆင့်တက်အောင် လုပ်ပါ
· လူသားရင်းမြစ်များနှင့် နည်းပညာများဖြင့် စီမံခန့်ခွဲရေးစနစ် တစ်ခုလုံး၏ စုပေါင်းညှိနှိုင်းဆောင်ရွက်မှုရလဒ် ထိရောက်မှုကို တိုးမြှင့်ပါ
2. ကျွန်ုပ်တို့၏ အဖွဲ့အစည်းတွင်း ရည်ရွယ်ချက်များ
အကောင်းဆုံး ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ ဖန်တီးပါ
· သုံးစွဲသူများကို စိတ်ကျေနပ်မှုအကောင်းဆုံး ပေးစွမ်းသည့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ဖန်တီးပါ
· ကမ္ဘာကြီးတွင် ဤလုပ်ငန်းအမျိုးအစားအတွက် နံပါတ် 1 အဆင့်ကို ထိန်းသိမ်းထားပါ
3. Samsung ကို ကျော်လွန်၍
လူ့အဖွဲ့အစည်းကို ပံ့ပိုးထောက်ပံ့ပါ
· အများအကျိုးနှင့် ကြွယ်ဝသော ဘဝဖြစ်ရေးအတွက် ကူညီပေးပါ
· အသိုက်အဝန်းမှ အဖွဲ့ဝင်များ၏ ရည်မှန်းချက် ကြေညာချက်အတိုင်း လုပ်ဆောင်ပါ
Samsung ၏ စိတ်ဝိညာဉ်ကို သတ်မှတ်ပေးသည့် တန်ဖိုး
ခိုင်မာသော တန်ဖိုးများဖြင့် ရှင်သန်ခြင်းက လုပ်ငန်းကောင်းအတွက် အဓိကကျသည်ဟု Samsung က ယုံကြည်ပါသည်။ သို့ဖြစ်ပါ၍ တင်းကျပ်သော လုပ်ငန်းစည်းကမ်းနှင့်အတူ အဆိုပါ အဓိက တန်ဖိုးများသည် ကုမ္ပဏီက ချမှတ်သည့် ဆုံးဖြတ်ချက်တိုင်းအတွက် အဓိကကျပါသည်။
Samsung ၏ စိတ်ဝိညာဉ်ကို သတ်မှတ်ပေးသည့် တန်ဖိုး
-
ဝန်ထမ်း
ရိုးရိုးလေးပါပဲ၊ ဝန်ထမ်းရှိမှ ကုမ္ပဏီရှိတာပါ။ Samsung တွင်
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏
ဝန်ထမ်းများအား
အပြည့်ဝဆုံးသော အခွင့်အလမ်းများပေးရန်
ရည်စူးထားပါသည်။ -
ထူးချွန်မှု
ထူးချွန်မှုအတွက် အလျှော့မပေးသော ဝါသနာပြင်းပြမှုနှင့်
စျေးကွက်တွင် အကောင်းဆုံး ထုတ်ကုန်များနှင့်
ဝန်ဆောင်မှုများကိ ဖန်တီးထုတ်လုပ်ရန်
မပြောင်းလဲသော
ကတိပြုမှုက Samsung တွင် ကျွန်ုပ်တို့ လုပ်ကိုင်သည့် အရာအားလုံးကို
စေ့ဆော်ပေးပါသည်။ -
အပြောင်းအလဲ
ကျွန်ုပ်တို့၏ အခြေခံအုတ်မြစ်ချချိန်မှစ၍
လုပ်ကိုင်လာခဲ့သည့်အတိုင်းပင်၊
ကျွန်ုပ်တို့၏ ကုမ္ပဏီကို
ရေရှည်အောင်မြင်မှုသို့
ဦးတည်စေရန်အလို့ငှာ စျေးကွက်လိုအပ်ချက်များနှင့် ဝယ်လိုအားများကို ကြိုတင်မျှော်မှန်းရင်း အနာဂတ်အတွက် ကျွန်ုပ်တို့၏ အတွေးအမြင်များကို
သတ်မှတ်ထားပါသည်။ -
ဂုဏ်သိက္ခာ
ကျင့်ဝတ်ညီသော နည်းလမ်းဖြင့် လုပ်ကိုင်ခြင်းသည်
ကျွန်ုပ်တို့လုပ်ငန်း၏ အခြေခံအုတ်မြစ် ဖြစ်သည်။
ကျွန်ုပ်တို့ လုပ်ကိုင်သည့် အရာအားလုံးအား မျှတမှု၊ ပါဝင်ပတ်သက်သူအားလုံးကို လေးစားမှုနှင့် ပြည့်စုံသော
ပွင့်လင်းမြင်သာမှုအား
သေချာစေသည့် ကိုယ်ကျင့်တရား
သံလိုက်အိမ်မြှောင်ဖြင့်
ထိန်းကျောင်းပေးပါသည်။ -
ပူးတွဲချမ်းသာကြွယ်ဝမှု
Samsung သည် ကမ္ဘာအနှံ့ရှိ ၎င်း၏
လူမှုအသိုက်အဝန်းအားလုံးတွင်
လူမှုရေးအရနှင့် ပတ်ဝန်းကျင်အရ
တာဝန်ယူမှုရှိသော
ကော်ပိုရိတ် နိုင်ငံသားတစ်ဦး ဖြစ်လာရေးအတွက် ကတိပြုပါသည်။
Samsung လုပ်ငန်းမူငါးချက်
ကမ္ဘာ့ ဦးဆောင် ကုမ္ပဏီတစ်ခုအဖြစ် Samsung Electronics သည် ကော်ပိုရိတ်လူမှုတာဝန်အတွက် ၎င်းတို့၏ ကတိကဝတ်ကို ထုတ်ဖော်ပြသမှုအဖြစ် 2005 တွင် “Samsung လုပ်ငန်းမူငါးခု” ကို ကြေညာခဲ့သည်။ ဥပဒေနှင့် ကျင့်ဝတ်စံနှုန်းများနှင့်အညီ ၎င်းတို့၏ ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းစည်းကမ်းအတွက် အခြေခံအုတ်မြစ်နှင့် ၎င်းတို့၏ ကော်ပိုရိတ်လူမှုရေး တာဝန်များကို ဖြည့်ဆည်းပေးမှုအဖြစ် အသုံးချပါသည်။
Samsung လုပ်ငန်းမူငါးချက်
1. ကျွန်ုပ်တို့သည် ဥပဒေများနှင့် ကျင့်ဝတ်စံနှုန်းများကို လိုက်နာပါသည်
ကျွန်ုပ်တို့သည် လူတစ်ဦးချင်း၏ ဂုဏ်သိက္ခာနှင့် မတူကွဲပြားမှုကို လေးစားပါသည်။
လူအများ၏ အခြေခံအခွင့်အရေးများကို လေးစားလိုက်နာပါသည်။ အဓမ္မလုပ်သား၊ လုပ်အားခ တလွဲသုံးစားခြင်းနှင့် ကလေးကျွန်ပြုမှုတို့ကို မည်သည့်အခြေအနေတွင်မျှ ခွင့်မပြုပါ။ နိုင်ငံသား၊ လူမျိုး၊ လိင်၊ ဘာသာရေး၊ အစရှိသည်တို့ကို ခွဲခြားခြင်းမပြုဘဲ ပါဝင်ပတ်သက်သူများနှင့် သက်ဆိုင်သူအားလုံးကို သုံးစွဲသူများ သို့မဟုတ် ဝန်ထမ်းများကဲ့သို့ ဆက်ဆံပါသည်။
ကျွန်ုပ်တို့က ဥပဒေနှင့် လုပ်ငန်း ကျင့်ဝတ်များနှင့်အညီ မျှတစွာ ယှဉ်ပြိုင်ပါသည်။
ကျွန်ုပ်တို့သည် အခြားနိုင်ငံများနှင့် ဒေသန္တရ အသိုက်အဝန်းများ၏ စည်းမျဉ်းအားလုံးကို လိုက်နာပါသည်၊ စျေးကွက်ပြိုင်ဆိုင်မှု အစီအစဉ်ကို လေးစားပြီး မျှတသောနည်းလမ်းဖြင့် ယှဉ်ပြိုင်ပါသည်။ ဆိုးရွားသော အရောင်းအဝယ် ကျင့်ဝတ်များမှ ဥပဒေနှင့်မညီသော နည်းလမ်းများဖြင့် မမျှတသော အကျိုးအမြတ်များ မပြုလုပ်ပါ။ လုပ်ငန်းဆောင်တာများ လုပ်ကိုင်နေစဉ် လူအများကို ကျွန်ုပ်တို့က နစ်နာကြေး လက်ဆောင်များ၊ လာဘ်ထိုးမှုများ မပေးပါ သို့မဟုတ် မယူပါ သို့မဟုတ် ကျွေးမွေးပြုစုခြင်း မပြုပါ။
တိကျသော ငွေစာရင်း မှတ်တမ်းများဖြင့် ပွင့်လင်းမြင်သာသော ငွေစာရင်းကို ထိန်းသိမ်းထားပါသည်။
နိုင်ငံတကာတွင် အသုံးပြုသည့် ငွေစာရင်း စံနှုန်းများအပြင် နိုင်ငံတစ်နိုင်ငံချင်း၏ စာရင်းအင်း စည်းမျဉ်းများနှင့်အညီ ကျွန်ုပ်တို့၏ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ကြောင်း ပါဝင်ပတ်သက်သူအားလုံး ရှင်းလင်းစွာ နားလည်နိုင်စေရန် ငွေလွှဲပြောင်းမှုအားလုံးကို ကျွန်ုပ်တို့က တိကျစွာ မှတ်တမ်းတင်ပြီး စီမံခန့်ခွဲပါသည်။ ဥပဒေဖြင့် ပြဠာန်းထားသည့်အတိုင်း ကျွန်ုပ်တို့က ကုမ္ပဏီ အချက်အလက်များနှင့် ကုမ္ပဏီတွင် ငွေကြေးပြောင်းလဲမှုများကဲ့သို့ စီမံခန့်ခွဲရေး၏ အဓိကကဏ္ဍများအတွက် ပွင့်လင်းမြင်သာမှုရှိပါသည်။
ကျွန်ုပ်တို့က နိုင်ငံရေးတွင် ပါဝင်မှုမရှိဘဲ ကြားနေဝါဒကို လက်ကိုင်ထားသည်။
ကျွန်ုပ်တို့က လူတစ်ဦးချင်း၏ နိုင်ငံရေး အခွင့်အရေးများနှင့် နိုင်ငံရေး ဆုံးဖြတ်ချက်များကို လေးစားပြီး ကုမ္ပဏီအတွင်း နိုင်ငံရေး လှုပ်ရှားမှု မပြုလုပ်ပါ။ ကုမ္ပဏီ၏ ငွေကြေးများ၊ ဝန်ထမ်းအင်အား၊ အထောက်အပံ့ပစ္စည်းများကို နိုင်ငံရေး ရည်ရွယ်ချက်များအတွက် အသုံးမပြုပါ။
2. ကျွန်ုပ်တို့က သန့်ရှင်းသော အဖွဲ့အစည်းဆိုင်ရာ အစဉ်အလာကို ထိန်းသိမ်းထားပါသည်
လူတစ်ဦးချင်း၏ ပုဂ္ဂိုလ်ရေးနှင့် အများဆိုင် ဘဝကို လုပ်ငန်းဆောင်တာအားလုံးနှင့် သီးခြား တင်းကျပ်စွာ ခွဲထားသည်။
ကုမ္ပဏီနှင့် လူတစ်ဦးချင်းကြား ကွဲလွဲမှုဖြစ်သည့်အခါ ကုမ္ပဏီ၏ ဥပဒေရေးရာ အကျိုးစီးပွားကို ဦးစားပေးပါသည်။ ကုမ္ပဏီ၏ ပိုင်ဆိုင်ပစ္စည်းနှင့် ကိုယ်ပိုင် အနေအထားကို အသုံးပြု၍ ပုဂ္ဂိုလ်ရေးအကျိုးစီးပွားများကို ထောက်ခံအားပေးခြင်း မပြုဘဲ ကုမ္ပဏီ၏ အဖိုးတန်ပစ္စည်းများကို တလွဲသုံးခြင်း သို့မဟုတ် အလွဲသုံးစွာလုပ်ခြင်းကဲ့သို့ မသင့်လျော်သော လုပ်ဆောင်မှုများတွင် မပါဝင်ပါ။ တရားဝင် ရယူထားသော အချက်အလက်ကို အသုံးပြု၍ စတော့ရှယ်ယာများ ဝယ်ယူခြင်းနှင့် ရောင်းချခြင်းကဲ့သို့ စျေးကွက်တင်နိုင်သော အစုရှယ်ယာလက်မှတ်များကို အရောင်းအဝယ်မလုပ်ပါ။
ကျွန်ုပ်တို့က ကုမ္ပဏီနှင့် အခြားလူများ၏။ အသိဉာဏ ပိုင်ဆိုင်မှုများကို ကာကွယ်ပေးပြီး လေးစားပါသည်။
ကြိုတင်၍ ခွင့်ပြုချက် သို့မဟုတ် အတည်ပြုချက် မရှိဘဲ အသိဉာဏ ပိုင်ဆိုင်မှုနှင့် လျှို့ဝှက်အချက်အလက်က ကုမ္ပဏီပြင်ပသို့ မရောက်သွားရပါ။ အခြားလူများ၏ အသိဉာဏဆိုင်ရာ ပိုင်ဆိုင်ပစ္စည်းကို လေးစားပြီး ခွင့်ပြုချက်ရမထားသော အသုံးပြုမှု၊ ပြန်လည်ထုတ်လုပ်မှု၊ ဖြန့်ဝေမှု၊ ပြောင်းလဲမှုများ၊ အစရှိသည်တို့ကဲ့သို့ ချိုးဖောက်မှုလုပ်ရပ်များတွင် မပါဝင်ပါ။
ကျန်းမာရေးနှင့်ညီသော ဝန်းကျင်တစ်ခုကို ဖန်တီးပါသည်။
အခြေအနေကောင်းသော သက်တူရွယ်တူဆက်ဆံရေးများအား ထိခိုက်နစ်နာစေနိုင်သည့် အပြုအမူများဖြစ်သော လိင်ပိုင်းနှောင့်ယှက်မှု၊ ငွေကြေး လွှဲပြောင်းမှုများ သို့မဟုတ် အကြမ်းဖက်မှုတို့ကို ခွင့်မပြုပါ။ အုပ်စုအတွင်း သဟဇာတမဖြစ်ဘဲ သင်းကွဲစေသည့် အုပ်စုဂိုဏ်းများ မဖွဲ့ပါ သို့မဟုတ် သီးခြားအုပ်စုများကို မဖွဲ့စည်းပါ။
3. ကျွန်ုပ်တို့က သုံးစွဲသူများ၊ ရှယ်ယာရှင်များနှင့် ဝန်ထမ်းများကို လေးစားပါသည်
သုံးစွဲသူ စိတ်ကျေနပ်ရေးက ကျွန်ုပ်တို့၏ ထိပ်တန်း ဦးစားပေးဖြစ်ပါသည်။
သုံးစွဲသူများ၏ လိုအပ်ချက်များနှင့် မျှော်မှန်းချက်များ ပြည့်မီသည့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပံ့ပိုးပေးပါသည်။ ကျွန်ုပ်တို့၏ သုံးစွဲသူများနှင့် ရိုးသားရင်းနှီးသော ဆက်ဆံရေး ရှိပြီး အကြံပြုချက်များနှင့် တိုင်ကြားချက်များကို ရိုးရိုးကုပ်ကုပ် လက်ခံပါသည်။ ထို့အပြင် သတင်းအချက်များကို လေးစားမှုဖြင့် ထိန်းသိမ်းထားပါသည်။
ကျွန်ုပ်တို့က ရှယ်ယာရှင် တန်ဖိုး ဗဟိုပြု စီမံခန့်ခွဲရေးကို လက်ကိုင်ထားပါသည်။
ကျိုးကြောင်းညီသော ရင်းနှီးမြှုပ်နှံမှုများနှင့် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ထိရောက်မှုဖြင့် ရှယ်ယာရှင်များထံ ရေရှည်အကျိုးစီးပွားများ ပံ့ပိုးပေးပါသည်။ ကျွန်ုပ်တို့သည် တည်မြဲသော စီမံခန့်ခွဲရေး ဆောင်ရွက်ချက်များဖြင့် ပုံမှန် အကျိုးစီးပွားများကို ဖန်တီးပြီး ကုမ္ပဏီ၏ စျေးကွက်တန်ဖိုးကို တိုးမြှင့်ပေးသည်။ ထို့အပြင်၊ ပါဝင်ပတ်သက်သူများ၏ အခွင့်အရေးများ၊ ကျိုးကြောင်းညီသော တောင်းဆိုချက်များနှင့် စိတ်ကူးများကို လေးစားပါသည်။
ကျွန်ုပ်တို့ ဝန်ထမ်းများ၏ ‘ဘဝအရည်အသွေး’ တိုးတက်ရေးအတွက် ကြိုးစားပါသည်။
ဝန်ထမ်းအားလုံးအတွက် တန်းတူညီသော အခွင့်အလမ်းပေးပြီး ၎င်းတို့၏ လုပ်နိုင်စွမ်းများနှင့် စွမ်းရည်နှင့်အညီ မျှတစွာ ဆက်ဆံပါသည်။ ဝန်ထမ်းများ၏ စဉ်ဆက်မပြတ် ကိုယ်တိုင် တိုးတက်ရေးကို အကြံပြုပြီး တာဝန်များ ထမ်းဆောင်ရန် လိုအပ်သော တိုးမြှင့်မှုများကို ထောက်ခံအားပေးသည်။ ထို့အပြင် ကိုယ်ပိုင်အုပ်ချုပ်မှုဖြင့် ဖန်တီးမှုရှိစွာ လုပ်ကိုင်နိုင်သည့် အလုပ်ခွင်ကို ပြုလုပ်ပေးပါသည်။
4. ကျွန်ုပ်တို့က ပတ်ဝန်းကျင်၊ ဘေးကင်းရေးနှင့် ကျန်းမာရေးအတွက် ဂရုစိုက်ပါသည်
ပတ်ဝန်းကျင်နှင့်သင့်တော်သော စီမံခန့်ခွဲရေးကို လက်ကိုင်ပြုပါသည်။
ပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်ရေး၊ သက်ဆိုင်ရာ အက်ဥပဒေများနှင့် လက်အောက်ခံ နည်းဥပဒေနှင့် အဖွဲ့အစည်းတွင်း စည်းမျဉ်းများနှင့် စပ်လျဉ်း၍ နိုင်ငံတကာ စံနှုန်းများကို လိုက်နာပါသည်။ ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်ထုတ်လုပ်ရေး၊ အရောင်း၊ အစရှိသည်တို့ကဲ့သို့ လုပ်နင်းဆောင်တာ အားလုံးတွင် ပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်ရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းမှုများ ပြုလုပ်ပါသည်။ ရင်းမြစ် ပြန်လည်အသုံးပြုနိုင်ရေးကဲ့သို့ ရင်းမြစ်များကို ထိရောက်စွာ အသုံးပြုမှုတွင် ဦးဆောင်နေပါသည်။
လူအများ၏ ဘေးကင်းရေးနှင့် ကျန်းမာရေးကို အလေးထားပါသည်။
ဘေးကင်းရေး၊ သက်ဆိုင်ရာ အက်ဥပဒေများနှင့် လက်အောက်ခံ နည်းဥပဒေနှင့် အဖွဲ့အစည်းတွင်း စည်းမျဉ်းများဆိုင်ရာ နိုင်ငံတကာ စံနှုန်းများကို ကျွန်ုပ်တို့ လိုက်နာပါသည်။ ဘေးကင်းရေး စည်းမျဉ်းများကို လိုက်နာပြီး သက်သောင့်သက်သာရှိသော အလုပ်ဝန်းကျင်ကို ဖန်တီးကာ ပေါ့ဆသော မတော်တဆမှုများကို တားဆီးပါသည်။
5. ကျွန်ုပ်တို့က လူမှုရေးအရ တာဝန်ယူမှုရှိသော ကော်ပိုရိတ် နိုင်ငံသား ဖြစ်ပါသည်
ကျွန်ုပ်တို့သည် လုပ်ငန်းစုနိုင်ငံသားအဖြစ် အခြေခံ တာဝန်များကို ယုံကြည်မှုရှိရှိဖြင့် ဆောင်ရွက်ပါသည်။
ဒေသန္တရ လူမှုအသိုက်အဝန်း၏ အဖွဲ့အဝင်အဖြစ် ကုမ္ပဏီ၏ တာဝန်ယူမှုနှင့် တာဝန်ဝတ္တရားများတွင် ယုံကြည်မှု တိုးလာစေရန် ကြိုးပမ်းလုပ်ဆောင်ပါသည်။ ဘေးကင်းသော အလုပ်အကိုင် ဖန်တီးမှုအတွက် ကြိုးစားလုပ်ကိုင်ပြီး အခွန်ပေးငွေများအတွက် တာဝန်ကို ရိုးသားစွာ နားလည်ပါသည်။
ကျွန်ုပ်တို့က လုပ်ငန်းမိတ်ဖက်များနှင့်အတူ ယှဉ်တွဲနေထိုင်မှုနှင့် ယှဉ်တွဲကြွယ်ဝမှုဆိုသည့် ဆက်ဆံရေးများကို တည်ဆောက်ပါသည်။
ကျွန်ုပ်တို့၏ လုပ်ငန်းမိတ်ဖက်များနှင့် အပြန်အလှန် ယုံကြည်မှုပေါ် အခြေခံ၍ လမ်းနှစ်သွယ် ဆက်ဆံရေးများကို ဖော်ဆောင်ပြီး ဗျူဟာမြောက်သော ပူးပေါင်းဆောင်ရွက်သူများအဖြစ် ၎င်းတို့ကို အသိအမှတ်ပြုပါသည်။ ကျွန်ုပ်တို့၏ စုပေါင်းတိုးတက်ရေးကို စွဲကိုင်ထားပြီး ကျင့်ဝတ်ညီပြီး ဥပဒေနှင့်ညီသော ပံ့ပိုးမှုဖြင့် ကျွန်ုပ်တို့၏ မိတ်ဖက်များ၏ ပြိုင်ဆိုင်မှုကို အားကောင်းစေရန် ကြိုးပမ်းပါသည်။
လက်ရှိ လူမှုရေးနှင့် ယဉ်ကျေးမှု လက္ခဏာများကို လေးစားပြီး ပူးပေါင်းပါဝင်သော စီမံခန့်ခွဲရေး (အပြန်အလှယ် ချမ်းသာကြွယ်ဝမှု/ပူးပေါင်းဆောင်ရွက်မှု) ရှိပါသည်။
ကျွန်ုပ်တို့က ဒေသန္တရ လူမှုအသိုက်အဝန်း၏ ဥပဒေများ၊ အစဉ်အလာနှင့် တန်ဖိုးများကို လေးစားပြီး ဘဝအရည်အသွေး တိုးတက်ရေးတွင် ပါဝင်ထောက်ပံ့ပါသည်။ အသိဉာဏဆိုင်ရာနှင့် အနုပညာဆိုင်ရာ လေ့လာမှု၊ ယဉ်ကျေးမှု၊ အားကစားလှုပ်ရှားမှုများ၊ အစရှိသည်တို့ကဲ့သို့ အများပြည်သူအကျိုးစီးပွား လုပ်ဆောင်ချက်များဖြင့် ကျန်းမာသော လူ့အဖွဲ့အစည်း တည်ဆောက်ရေးကို မပြတ်စောင့်ကြည့်နေပါသည်။ ကျွန်ုပ်တို့သည် စေတနာ့ဝန်ထမ်းအလုပ်၊ ကပ်ဘေးကယ်ဆယ်ရေး၊ အစရှိသည်တို့ကဲ့သို့ လူမှုရေး ဝန်ဆောင်မှု လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ပါသည်။
ကျွန်ုပ်တို့၏ CEO အကြောင်းကို သိထားလိုက်ပါ
Han, Jong Hee
- ㆍဒုဥက္ကဌ နှင့် CEO [2022~လက်ရှိ]
- ㆍဒုဥက္ကဌ နှင့် ဌာနအကြီးအကဲ၊ စက်စွမ်းဆောင်ရည် [2021~လက်ရှိ]
- ㆍဥက္ကဌ နှင့် အကြီးအကဲ၊ Visual Display [2017~2021]
- ㆍအကြီးအကဲ၊ R&D အဖွဲ့၊ Visual Display လုပ်ငန်း [2015~2017]
- ㆍအကြီးအကဲ၊ R&D ရုံး၊ Visual Display လုပ်ငန်း [2013~2015]
- ㆍအကြီးအကဲ၊ ထုတ်ကုန် R&D အဖွဲ့၊ Visual Display လုပ်ငန်း [2011~2013]
သမိုင်းကြောင်း
အမွေအနှစ် ရေရှည်ခိုင်မြဲစေရန်အတွက် စိန်ခေါ်မှုအသစ်များကို လက်ခံခြင်း
ကုမ္ပဏီသည် မမ်မိုရီ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊တီဗီ များနှင့် စမတ်ဖုန်းများတွင် ကမ္ဘာ့ထိပ်တန်းအဖြစ် ဆက်လက်တည်ရှိနေစေရန် ဆန်းသစ်တီထွင်လျက်ရှိသည်။
၂၀၁၉ ခုနှစ်တွင် Samsung သည် ၎င်းရဲ့ CSR မျှော်မှန်းချက်အသစ် “Together for Tomorrow! Enabling People” ကို ကြေညာခဲ့သည်။ Samsung သည် ၎င်းရဲ့လူမှုရေးတာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ပုံနှင့် လာမည့်ရာစုနှစ်ကို ကျော်လွန်၍ ကုမ္ပဏီက လက်ခံကျင့်သုံးမည့် ကျင့်ဝတ်များကို ရှင်းရှင်းလင်းလင်းဖော်ပြထားပြီး ကမ္ဘာလုံးဆိုင်ရာ ကော်ပိုရိတ်နိုင်ငံသားအနေဖြင့် ကုမ္ပဏီ၏ ကတိကဝတ်များကို ဖော်ပြထားပါသည်။
2023
- $91.4 ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်း အမှတ်တံဆိပ်ဖြင့် ကမ္ဘာ့အကောင်းဆုံး ထိပ်တန်း ကုန်ပစ္စည်း အမှတ်တံဆိပ် ၅ နေရာတွင် ၄ နှစ်ဆက်တိုက် သတ်မှတ်ခံထားရပါသည်။
- ကမ္ဘာ့ TV ဈေးကွက်တွင် ၁၇ နှစ်တိုင်အောင် ထိပ်တန်း နေရာရထားပါသည်။
- လုပ်ငန်းနယ်ပယ်၏ အဆင့်အမြင့်ဆုံး 12nm-class DRAM အများအပြား ထုတ်လုပ်မှုကို စတင်ခဲ့ပါသည်။
- မီးဖိုချောင်သုံးပစ္စည်းများဆိုင်ရာ Bespoke Infinite Line အတွက် ရွှေတံဆိပ်ဆု အပါအဝင် iF Design Awards 2023 တွင် ဆုပေါင်း ၈၀ ရရှိခဲ့ပါသည်။
- Samsung AI Forum တွင် ထုတ်လုပ်ပေးနိုင်သော AI မော်ဒယ် Samsung Gauss ကို ပွဲထုတ်ခဲ့ပါသည်။
- FDA-cleared Irregular Heart Rhythm Notification (IHRN) လုပ်ဆောင်ချက်ကို Galaxy Watch တွင် ကြေညာခဲ့ပါသည်။
- ဂရပ်ဖစ်ဈေးကွက်၏ အနာဂတ် တိုးတက်မှုကို စေ့ဆော်ပေးနေသည့် လုပ်ငန်းနယ်ပယ် ပထမဆုံး GDDR7 DRAM ကို ဖန်တီးထုတ်လုပ်ခဲ့ပါသည်။
- DRAM ဈေးကွက်ကို အသွင်ပြောင်းပေးသည့် လုပ်ငန်းနယ်ပယ် ပထမဆုံး LPCAMM ပုံစံဒီဇိုင်းကို ဖန်တီးထုတ်လုပ်ခဲ့ပါသည်။
- Alliance for Water Stewardship ထံမှ အမြင့်မားဆုံးအဆင့် ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြုမှုကို လက်ခံရရှိခဲ့ပါသည်။
- ဆွီဒင်နိုင်ငံရှိ အဆင့်မြင့်လူနေအိမ်ရာ အသိုင်းအဝိုင်းတစ်ခုအတွက် Net Zero Home ဖြေရှင်းနည်းကို ပံ့ပိုးပေးခဲ့ပါသည်။
2022
- "အားလုံးအတွက် နောက်ထပ် ဟိုက်ပါ-ချိတ်ဆက်ထားသည့် အတွေ့အကြုံ" ဆိုသည့် ဆောင်ပုဒ်ဖြင့် ပထမဆုံး Samsung 6G ဖိုရမ်ကို ကျင်းပခဲ့သည်။
- GAA ထရန်စစ္စတာဗိသုကာကို အသုံးပြုသည့် ကမ္ဘာ့ပထမဆုံး 3nm လုပ်ငန်းစဉ် ငုတ်ကို စတင်ထုတ်လုပ်ခဲ့သည်
- Samsung Smart TVs များနှင့်Smart Monitorsတွင် Samsung Gaming Hubဝန်ဆောင်မှုကို စတင်ခဲ့သည်
- 24Gbps လုပ်ဆောင်မှုအမြန်နှုန်းများ ပါဝင်သည့် လုပ်ငန်းနယ်ပယ်၏ ပထမဆုံး 16Gb GDDR6 DRAMနမူနာဖန်တီးခြင်းကို စတင်ခဲ့သည်
- ဦးဆောင်နိုင်မှုကို တိုးချဲ့ရန် ကိုရီးယားနိုင်ငံ၊ Giheung တွင် တစ်ပိုင်းလျှပ်ကူးပစ္စည်း R&Dအဆောက်အအုံသစ်တစ်ခုကို စတင်ဆောက်လုပ်ခဲ့သည်
- သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဗျူဟာအသစ်ကို ထုတ်ပြန်ကြေညာခဲ့သည်
- လုပ်ငန်းနယ်ပယ်၏ အမြင့်ဆုံးဘစ်သိပ်သည်းဆဖြင့်1Tb TLC ၈ ခုမြောက်-မျိုးဆက်V-NANDကို အများအပြားထုတ်လုပ်ခဲ့သည်
- လုပ်ငန်းနယ်ပယ်၏ ပထမဆုံး12nm-class DDR5 DRAMကို တီထွင်ခဲ့သည်
2021
- Neo QLED TV များ ကို ပွဲထုတ်ခဲ့သည်
- AI-စွမ်းအင်သုံး စက်ရုပ်ဖုန်စုပ်စက်ကို ပွဲထုတ်ခဲ့သည်
- ဝတ်ဆင်နိုင်သော ကိရိယာများ၏ မျိုးဆက်သစ်များကို အားဖြည့်ပေးမည့် လုပ်ငန်းနယ်ပယ်၏ပထမဆုံးသော 5nm ပရိုဆက်ဆာကို မိတ်ဆက်ခဲ့သည်
- ကမ္ဘာမြေကြီးအတွက် Galaxy ဆိုသည့် မိုဘိုင်းအတွက် ရေရှည်တည်တံ့မှုဆိုင်ရာ မျှော်မှန်းချက်ကို ကြေညာခဲ့သည်
- အဆင့်မြင့်ဆုံး 14nm EUV DDR5 DRAM ကို အမြောက်အမြား စတင်ထုတ်လုပ်ခဲ့သည်
- လုပ်ငန်းနယ်ပယ်၏ပထမဆုံး 14nm အခြေခံ 16Gb LPDDR5X DRAM ကို တီထွင်ခဲ့သည်
- တက္ကဆက်၊ တေလာတွင် တစ်ပိုင်းလျှပ်ကူးပစ္စည်း fab(ဖက်) စက်ရုံအသစ်တစ်ခုကို ကြေညာခဲ့သည်
- ၂၀၂၁ တွင် WBA ၏ ဒီဂျစ်တယ် ပါဝင်မှု အဆင့်အတန်းတွင် အဆင့် ၄ ရခဲ့သည်
2020
- 110” Samsung MICRO LED ကို ပွဲထုတ်ခဲ့သည်
- စက်ရုံများမှ ဆန်းသစ်တီထွင်မှုဖြင့် Galaxy Z Flip နှင့် Galaxy Z Fold2 တို့ကို မိတ်ဆက်ပေးခဲ့သည်
- 6G စာရွက်ဖြူကို ထုတ်ဝေခဲ့သည်
- UNDP နှင့် လက်တွဲလုပ်ကိုင်၍ Generation17 အစီအစဉ်ကို စတင်ခဲ့သည်
- ကိုရီးယားနိုင်ငံ၊ ပြုံးတက်ခ်မြို့တွင် 16Gb LPDDR5 DRAM 3 ခုမြောက်-မျိုးဆက်10nm-class(1z) ထုတ်လုပ်ခြင်းကို စတင်ခဲ့သည်
- ၎င်း၏ တကမ္ဘာလုံးဆိုင်ရာ တစ်ပိုင်းလျှပ်ကူးပစ္စည်း လုပ်ငန်းဆောင်ရွက်ရေး နေရာအားလုံးအတွက် UL Solutions မှ ရွှေ-အဆင့်ကို လက်ခံရရှိသည်
- ထိပ်တန်းအဆင့် စွမ်းအင် ချွေတာမှုဖြင့် AIသုံးထားသည့် အဝတ်လျှော်စက် အမျိုးအစားများကို မိတ်ဆက်ပေးခဲ့သည်
- နိုင်ငံတကာ အကောင်းဆုံး တကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ် ၂၀၂၀ ($62.3 ဘီလီယံ) တွင် ထိပ်ဆုံးငါးနေရာတွင် ပါဝင်ခဲ့သည်
- IOC နှင့် Samsung သည် ၎င်းတို့၏ Olympic မိတ်ဖက်ပူးပေါင်းမှုကို ၂၀၂၃ ခုနှစ်အထိ တိုးချဲ့ခဲ့သည်။
2019
- CSR မျှော်မှန်းချက် အသစ်ဖြစ်သည့်- 'Together for Tomorrow! Enabling People’ ကို ကြေညာခဲ့ပါသည်
- အသစ်စက်စက် မိုဘိုင်း အမျိုးအစားတစ်ခုကို ဖန်တီးရင်း Galaxy Fold ကို ဖြန့်ချိခဲ့ပါသည်
- 5G စမတ်ဖုန်း Galaxy S10 5G ကို ဖြန့်ချိခဲ့ပါသည်
- စိတ်ကြိုက်အသုံးအဆောင်များ ခေတ်သစ်ကို ဖွင့်လှစ်ရင်း BESPOKE ရေခဲသေတ္တာကို မိတ်ဆက်ခဲ့ပါသည်
- ကမ္ဘာ့ပထမဆုံး 8K HDR10+ TVs များအတွက် ကြည့်ရှုစရာ အကြောင်းအရာများကို ဖန်တီးပေးခဲ့ပါသည်
- စမတ်ဖုန်းများအတွက် လုပ်ငန်းနယ်ပယ်၏ ပထမဆုံး 108MP ပုံရိပ် အာရုံခံစနစ်ကို ပွဲထုတ်ခဲ့ပါသည်
- လုပ်ငန်းနယ်ပယ်၏ ပထမဆုံး EUV အခြေပြု 5nm လုပ်ငန်းစဉ် နည်းပညာ ဖန်တီးမှုကို အပြီးသတ်ခဲ့ပါသည်
- စနစ် တစ်ပိုင်းလျှပ်ကူးပစ္စည်း လုပ်ငန်းများတွင် 2030 ခုနှစ်တွင် KRW 133 ထရီလီယံ ရင်းနှီးမြုပ်နှံမှုအစီအစဥ်များကို ကြေညာခဲ့ပါသည်။
2018
- အမြင့်ဆုံးစွမ်းဆောင်ရည်အဆင့်များပါရှိသော 8GB HBM2 Aquabolt ကို စတင်ထုတ်လုပ်ခဲ့ပါသည်။
- QLED 8K နှင့် ကမ္ဘာ့ပထမဆုံး မော်ဂျူလာTV The Wall တို့ကို မိတ်ဆက်ခဲ့ပါသည်
- WindFree™ နည်းပညာအသစ်ပါရှိသော ကုဗပုံသဏ္ဌာန်ရှိသော လေသန့်စင်စက်အသစ်ကို ထုတ်လုပ်ခဲ့ပါသည်
- အသစ်တစ်ဖန်သုံးစွဲနိုင်သော စွမ်းအင်နှင့်ပတ်သက်၍ ကာလ အလယ်အလတ်မှ ကာလရှည် ကမ္ဘာအနှံ့ တိုးချဲ့ ပြန့်ပွားရေး အစီအမံများကို ထုတ်ပြန် ကြေညာခဲ့ပါသည်
- ကမ္ဘာလုံးဆိုင်ရာ AI (ဉာဏ်ရည်တု နည်းပညာ) စင်တာ ခုနစ်ခုကို ကိုရီးယား၊ ယူအက်စ်၊ ယူကေ၊ ကနေဒါနှင့် ရုရှားတွင် ဖွဲ့စည်းထူထောင်ခဲ့ပါသည်
- ကမ္ဘာ့ပထမဆုံး 5G ကွန်ယက် စီးပွားဖြစ်သုံး ကိရိယာတို့ကို ယူအက်စ် (FWA) နှင့် ကိုရီးယား (NR Mobile) ၌ ပေးသွင်းထောက်ပံ့ခဲ့ပါသည်
- နောက်ဆုံးပေါ် ခေတ်မီ EUV အခြေခံ 7nm တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်ကုန် အမျိုးအစားကို ကိုရီးယားနိုင်ငံ၊ ဟွာဆောင်းမြို့တွင် တည်ဆောက်ခဲ့ပါသည်
တီထွင်ဖန်တီးမှု၊ လုပ်ပိုင်ခွင့်နှင့် ဆန်းသစ်မှုတို့ကို ကတိကဝတ်ပြုခြင်းဖြင့် ကမ္ဘာ့အကြီးဆုံး အီလက်ထရွန်နစ်ကုမ္ပဏီ ဖြစ်လာခြင်း
2010 ခုနှစ်တွင် ၎င်းသည် ကမ္ဘာ့အကြီးဆုံး အီလက်ထရွန်နစ်ပစ္စည်းရောင်းချမှုဆိုင်ရာ ကုမ္ပဏီဖြစ်လာခဲ့ပြီး ကမ္ဘာ့အီလက်ထရွန်နစ်လုပ်ငန်းနယ်ပယ်၏ ဗဟိုချက်တွင် ရောက်ရှိခဲ့ပါသည်။
2017
- System LSI ဌာနခွဲမှ ခွဲထွက်သော သတ္တုပုံလောင်းစက်ရုံ ယူနစ်တစ်ခုကို တည်ထောင်ခဲ့သည်
- Bixby အသံစွမ်းရည်များကို နိုင်ငံပေါင်း ၂၀၀ ကျော်သို့ တိုးချဲ့ခဲ့သည်
- QLED TV နှင့် The Frame ကို ကမ္ဘာ့ဈေးကွက်များတွင် စတင်မိတ်ဆက်ခဲ့သည်
- 'ISOCELL' ရုပ်ပုံအာရုံခံ အမှတ်တံဆိပ်ကို စတင်မိတ်ဆက်ခဲ့သည်
- ကိုရီးယားနိုင်ငံ၊ ပြုံးတက်ခ် ရှိ တစ်ပိုင်းလျှပ်ကူးပစ္စည်း စက်ရုံအသစ်တွင် ၄ ခုမြောက်-မျိုးဆက် V-NAND ကို အမြောက်အမြားစတင်ထုတ်လုပ်ခဲ့သည်
- ဆော့ဖ်ဝဲလ် R&D စင်တာနှင့် Digital Media & Communications (DMC) R&D စင်တာတို့ကို အဖွဲ့အစည်းအသစ်တစ်ခုအဖြစ် ပေါင်းစည်းခဲ့သည်- Samsung Research
- 2 ခုမြောက်-မျိုးဆက် 10nm FinFET လုပ်ငန်းစဉ်နည်းပညာကို အမြောက်အမြား ထုတ်လုပ်မှု စတင်ခဲ့သည်
2016
- ပထမဆုံး လူနေမှုပုံစံ TV၊ The Serif ကို မိတ်ဆက်ခဲ့ပါသည်။
- Samsung Family Hub™ ရေခဲသေတ္တာကို မိတ်ဆက်ခဲ့ပါသည်
- Acquired Dacor (အဆင့်မြင့်မီးဖိုချောင်သုံးပစ္စည်းများ)၊ Joyent (cloud ဝန်ဆောင်မှု) နှင့် Viv Labs (AI ပလပ်ဖောင်းဖွံ့ဖြိုးတိုးတက်မှု)
- 10-nanometer FinFET နည်းပညာဖြင့် ကမ္ဘာ့ပထမဆုံး 8Gb DDR4 အမြောက်အမြားထုတ်လုပ်မှုကို စတင်ခဲ့ပါသည်
- HARMAN (အသံအီလက်ထရွန်နစ်ပစ္စည်း) ကိုဝယ်ယူရန်အစီအစဉ်ကိုကြေညာခဲ့ပါသည်။
2015
- Quantum Color နည်းပညာဖြင့် SUHD TV ကို ပွဲထုတ်ခဲ့သည်
- လုပ်ငန်းနယ်ပယ်၏ပထမဆုံး 14nm FinFET မိုဘိုင်း AP ဖြစ်သော Exynos 7 Octa ကို အမြောက်အမြားထုတ်လုပ်မှုကို ကြေညာခဲ့သည်
- အမေရိကန်အခြေစိုက် LED ဖန်သားပြင်များ ထုတ်လုပ်သည့် YESCO ကို ဝယ်ယူခဲ့သည်
- အမေရိကန်အခြေစိုက် မိုဘိုင်းငွေပေးချေမှုကုမ္ပဏီတစ်ခုဖြစ်သည့် LoopPay ကို ဝယ်ယူခဲ့သည်
- လုပ်ငန်းနယ်ပယ်၏ပထမဆုံး 256Gb V-NAND ဖလက်ရှ် မမ်မိုရီကို အမြောက်အမြားထုတ်လုပ်ခဲ့သည်
- မိုဘိုင်းငွေပေးချေရေး ဝန်ဆောင်မှု Samsung Pay ကို စတင်မိတ်ဆက်ခဲ့သည်
2014
- Chef Collection နှင့်အတူ ပရီမီယံ အိမ်သုံးပစ္စည်းများ အမျိုးအစားသစ်ကို ထုတ်ဖော်ပြသခဲ့ပါသည်
- လုပ်ငန်းနယ်ပယ်၏ ပထမဆုံး 20nm လုပ်ငန်းစဉ် နည်းပညာ (4Gb DDR3) ဖြင့် DRAM အမြောက်အမြား အလုံးအရင်း ထုတ်လုပ်မှုကို စတင်ခဲ့ပါသည်
- ကမ္ဘာ့ပထမဆုံး 105” မှန်ကွေး UHD TV ကို ဖြန့်ချိခဲ့ပါသည်
- တစ်ပိုင်းလျှပ်ကူးပစ္စည်း စက်ရုံအသစ်ကို Xi’an၊ တရုတ်နိုင်ငံတွင် ဖွင့်လှစ်ခဲ့ပါသည်
- ယူအက်စ်အခြေစိုက် IoT (Internet of Things) ပလတ်ဖောင်း ရေးသားသူ SmartThings ကို ဝယ်ယူခဲ့ပါသည်
- အကွေးအစွန်းမျက်နှာပြင်ပါသည့် ကမ္ဘာ့ပထမဆုံးစမတ်ဖုန်း Galaxy Note Edge ကို ပွဲထုတ်ခဲ့ပါသည်
2013
- ဗီယက်နမ်နိုင်ငံ၊ Bac Ninh တွင် မိုဘိုင်းလ်ထုတ်လုပ်ရေးစက်ရုံအသစ်ကို တည်ထောင်ခဲ့သည်
- ကမ္ဘာ့ပထမဆုံး 5G mm-Wave မိုဘိုင်းနည်းပညာကို ကြေညာခဲ့သည်
- လုပ်ငန်းနယ်ပယ်၏ ပထမဆုံး 3D V-NAND ဖလက်ရှ် မမ်မိုရီအမြောက်အမြားထုတ်လုပ်မှုကို စတင်ခဲ့သည်
2012
- Samsung LED Co., Ltd နှင့် ပေါင်းစည်းခဲ့ပါသည်
- 30nm-class 4Gb LPDDR2 မိုဘိုင်း DRAM ကို အမြောက်အမြားထုတ်လုပ်မှု စတင်ခဲ့ပါသည်
- ကမ္ဘာ့ပထမဆုံး LTE-Advanced ဈေးကွက်တင်ခဲ့ပါသည်
- 900L ရေခဲသေတ္တာ T9000 ကို ထုတ်လုပ်ဝေခဲ့ပါသည်
- ၎င်း၏ LCD လုပ်ငန်းယူနစ်၊ Samsung Mobile Display Co., နှင့် S-LCD တို့ကို ပေါင်းစည်းခြင်းဖြင့် Samsung Display Co., Ltd. ကို တည်ထောင်ခဲ့ပါသည်
- Samsung Austin Semiconductor (SAS) ကို စနစ် တစ်ပိုင်းလျှပ်ကူးပစ္စည်းများအတွက် ထုတ်လုပ်မှုလိုင်းအဖြစ်သို့ ပြောင်းလဲခဲ့သည်
- အရှေ့အလယ်ပိုင်း အာရှနှင့် အာဖရိကဒေသတွင် ပထမဆုံး ထုတ်လုပ်ရေး လုပ်ငန်းခွဲ SEEG-P ကို တည်ထောင်ခဲ့သည်
- ကမ္ဘာ့မိုဘိုင်းလ်ဖုန်းဈေးကွက်တွင် နံပါတ် (၁) နေရာ (ရောင်းချသည့်အလုံးရေအလိုက်)
- ကမ္ဘာ့ရေခဲသေတ္တာဈေးကွက်တွင် နံပါတ် (၁) နေရာ (ရောင်းချမှုအရ)
- အမှတ်တံဆိပ်တန်ဖိုး $32.9 ဘီလီယံဖြင့် Interbrand ၏ ကမ္ဘာ့ထိပ်တန်း 100 စာရင်းတွင် အဆင့် ၉
2011
- DDR4 DRAM ကို တီထွင်ခဲ့သည်
- 'Exynos' မိုဘိုင်း AP အမှတ်တံဆိပ်ကို စတင်မိတ်ဖက်ခဲ့သည်
- 30nm-class 4Gb LPDDR2 မိုဘိုင်း DRAM ကို အမြောက်အမြားထုတ်လုပ်မှု စတင်ခဲ့သည်
- ၎င်း၏ပထမဆုံးတက်ဘလက်ဖြစ်သည့် Galaxy Tab 10.1 ကို မိတ်ဆက်ခဲ့သည်
- "Phablet" ခေတ်ကို ရှေ့ဆောင်ခဲ့သော Galaxy Note ကို မိတ်ဆက်ခဲ့သည်
2010
- 30nm-class 2Gb DDR3 DRAM ကို တီထွင်ခဲ့သည်
- TVs များအတွက် ကမ္ဘာ့ပထမဆုံး အက်ပ်စတိုးပလက်ဖောင်းဖြစ်သော Samsung Apps ကို ဖွင့်လှစ်ခဲ့သည်
- Android OS နှင့် Galaxy စမတ်ဖုန်းစီးရီးများကို စတင်မိတ်ဆက်ခဲ့သည်
- 20nm-class ၊ 64-Gb 3-bit NAND ဖလက်ရှ် မမ်မိုရီကို အမြောက်အမြားထုတ်လုပ်မှု စတင်ခဲ့သည်
- ဆေးဘက်ဆိုင်ရာ ကိရိယာ ကုမ္ပဏီ Medison ကို ဝယ်ယူခဲ့သည်
2009
- ကမ္ဘာ့ပထမဆုံး 40nm DRAM ကို တီထွင်ခဲ့သည်
- ကမ္ဘာ့ဒစ်ဂျစ်တယ် ဆိုင်းဘုတ်ဈေးကွက်တွင် နံပါတ် (1) နေရာ (ရောင်းချသည့် အလုံးရေအလိုက်)
- Samsung Electro-Mechanics Co. နှင့် ဖက်စပ်လုပ်ငန်းဖြစ်သော Samsung LED Co., Ltd. ကို တည်ထောင်ခဲ့သည်
- 29-mm အလွန်ပါးလွှာသော LED TV ကို ထုတ်ဖော်ပြသခဲ့သည်
- "Planet First" ဆောင်ပုဒ်ဖြင့် စိမ်းလန်းသော စီမံခန့်ခွဲမှု ပဏာမခြေလှမ်းကို ကြေညာခဲ့သည်
- ကမ္ဘာ့ပထမဆုံး LTE မိုဘိုင်းစက်ပစ္စည်းများကို ဈေးကွက်တင်ခဲ့သည်
- Interbrand မှ အကောင်းဆုံး ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ် အဆင့် 19
2008
- ဗီယက်နမ်နိုင်ငံ၊ Bac Ninh ခရိုင်တွင် မိုဘိုင်းလ်စက်ပစ္စည်းများအတွက် ၎င်း၏ထုတ်လုပ်မှုနှင့် တပ်ဆင်စက်ရုံ (SEV) ကို တည်ထောင်ခဲ့ပါသည်
- ပါတနာ ပူးပေါင်းဆောင်ရွက်ရေးစင်တာကို ဖွဲ့စည်းခဲ့သည်
- Samsung SDI နှင့် ဖက်စပ်လုပ်ငန်းဖြစ်သော Samsung Mobile Display Co., Ltd. ကို တည်ထောင်ခဲ့သည်
- Samsung ထိန်းသိမ်းမှုဆိုင်ရာ မှတ်တမ်းကို ပထမအကြိမ် ထုတ်ဝေခဲ့သည်
ဒစ်ဂျစ်တယ်ခေတ်သို့ အကူးအပြောင်းကို ဦးဆောင်ရာတွင် Samsung သည် ကမ္ဘာ့ထိပ်တန်း အီလက်ထရွန်နစ်ကုမ္ပဏီသုံးခုထဲမှ တစ်ခုဖြစ်လာသည်
2007
- WorldSkills Competition ၏ စပွန်ဆာတစ်ဦးဖြစ်လာခဲ့သည်
- 70-inch (178cm) Full HD LCD TV ကို ထုတ်ဖော်ပြသခဲ့သည်
- ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းခဲ့သည်
- 30nm 64Gb NAND ဖလက်ရှ် မမ်မိုရီကို ဖန်တီးခဲ့သည်
2006
- ဘလူးရေး ဖွင့်စက် (မော်ဒယ်လ်- BD_P1000) ကို ထုတ်လုပ်ခဲ့သည်
- ချော့ထရပ်ဖလက်ရှ် (CTF) NAND နည်းပညာကို ဖန်တီးခဲ့ပြီး၊ ဖလုတ်တင်းဂိတ် နည်းပညာ၏ ကန့်သတ်ချက်များကို ကျော်လွှားခဲ့သည်
- Paralympic Games ၏ တရားဝင်စပွန်ဆာတစ်ဦး ဖြစ်လာခဲ့သည်
- 10-မဂ္ဂါပစ်ဇယ်လ် ကင်မရာဖုန်း (မော်ဒယ်လ်–SCH-B600) ကို ထုတ်ဖော်ပြသခဲ့သည်
- 50nm 1Gb DDR2 DRAM၊ 80nm 1Gb မိုဘိုင်း DDR2 DRAM၊ 16-chip MCP၊ နှင့် ၂ ခုမြောက်-မျိုးဆက် ဖူရှင် မမ်မိုရီ OneDRAM™ တို့ကို တီထွင်ခဲ့သည်
- ကမ္ဘာ့ တီဗီဈေးကွက်ရှယ်ယာ (အရောင်းအားဖြင့်) တွင် နံပါတ် (၁) ဖြစ်လာခဲ့သည်
2005
- ကိုရီးယားနိုင်ငံ၊ Giheung တွင် စနစ် LSI အတွက် ရည်ရွယ်ထားသော 300mm S Line ကို စတင်လည်ပတ်ခဲ့သည်
- အင်္ဂလိပ် ပရီးမီးယားလိဂ် ဘောလုံးကလပ် Chelsea ၏ တရားဝင်စပွန်ဆာဖြစ်လာခဲ့သည်
- အီတလီနိုင်ငံ၊ Milano တွင် ဒီဇိုင်းစတူဒီယိုကို တည်ထောင်ခဲ့သည်
- ကမ္ဘာ့ပထမဆုံး 50nm 16Gb NAND ဖလက်ရှ် မမ်မိုရီနှင့် 70nm 512Mb DDR2 DRAM ကို တီထွင်ခဲ့သည်
- IEEE သည် WiBro ကို 4G မိုဘိုင်းဆက်သွယ်ရေးစနစ်များအတွက် နိုင်ငံတကာစံနှုန်းတစ်ခုအဖြစ် တရားဝင်အတည်ပြုခဲ့သည်
- ဒေတာသိုလှောင်မှုကိရိယာအသစ်ဖြစ်သော SSD (solid state drive) ကို တီထွင်ခဲ့သည်
- မိုဘိုင်းလ်ဖုန်း တင်ပို့ရောင်းချမှုသည် တစ်နှစ်လျှင် အလုံးရေ သန်း 100 ကျော်လွန်ခဲ့သည်
2004
- ကမ္ဘာ့အကြီးဆုံး LCD TV (46 လက်မ၊ 116 စင်တီမီတာ) ကို ထုတ်ဖော်ပြသခဲ့သည်
- System LSI R&D စင်တာကို တရုတ်နိုင်ငံတွင် တည်ထောင်ခဲ့သည်
- GDDR3 ဂရပ်ဖစ် DRAM ကို အမြောက်အမြားထုတ်လုပ်မှု စတင်ခဲ့သည်
- TFT-LCD ပင်နယ်များ ထုတ်လုပ်ရန်နှင့် ဖြန့်ချိရန်အတွက် Sony နှင့်အတူ S-LCD ကို တည်ထောင်ခဲ့သည်
- 80nm 2Gb DDR2 DRAM နှင့် 60nm 8Gb NAND ဖလက်ရှ် မမ်မိုရီကို တီထွင်ခဲ့သည်
- 90nm 1Gb OneNAND™ ပထမဆုံး မျိုးဆက် ဖူရှင် မမ်မိုရီ ကို တီထွင်ခဲ့သည်
- အသားတင်အမြတ်ငွေ $10 ဘီလီယံအထိရောက်ရှိခဲ့သည်
2003
- ပထမဆုံး လေသန့်စင်စက် (မော်ဒယ်လ်- AC-120A၊ AC-C100B) ကို မိတ်ဆက်ခဲ့သည်
- ကမ္ဘာ့ပထမဆုံး အင်တင်နာပါပြီး ကင်မရာဖုန်း (မော်ဒယ်လ်- SGH-E700) ကို မိတ်ဆက်ခဲ့သည်
2002
- 1Gb NAND ဖလက်ရှ် မမ်မိုရီကို အမြောက်အမြား ထုတ်လုပ်မှု စတင်ခဲ့သည်
- 90nm 2Gb NAND ဖလက်ရှ် မမ်မိုရီကို ဖန်တီးခဲ့သည်
- NAND ဖလက်ရှ် မမ်မိုရီတွင် နံပါတ် 1 နှင့် ကမ္ဘာတစ်ဝှမ်းရှိ တစ်ပိုင်းလျှပ်ကူးပစ္စည်းs များတွင် နံပါတ် 2 ဖြစ်လာခဲ့သည်
2001
- ကော်ပိုရိတ်ဒီဇိုင်းစင်တာကို တည်ထောင်ခဲ့သည်
- ပြည်ပလက်အောက်ခံလုပ်ငန်းခွဲအားလုံးအတွက် ကမ္ဘာလုံးဆိုင်ရာ ERP စနစ်ကို တည်ဆောက်ခဲ့သည်
- ကမ္ဘာ့ပထမဆုံး 200mm wafer processing (ကိုရီးယားနိုင်ငံ၊ Hwaseong တွင် လိုင်း 11) ကို စတင်ခဲ့သည်
2000
- 0.120㎛ 512Mb DRAM ကို ဖန်တီးထားသည်
- 256Mb NAND ဖလက်ရှ် မမ်မိုရီ ကို အမြောက်အမြား ထုတ်လုပ်မှု စတင်ခဲ့သည်
- ကမ္ဘာ့ပထမဆုံး CDMA2000 1x ၃ ခုမြောက်-မျိုးဆက် မိုဘိုင်းဆက်သွယ်ရေးစနစ်ကို ဈေးကွက်တင်ခဲ့သည်
- MPEG-4 စံသတ်မှတ်ချက်ကို ရရှိခဲ့သည်
1999
- ဘရာဇီးနိုင်ငံ၊ Manaus တွင် ဘက်စုံသုံး စက်ရုံကို တည်ဆောက်ခဲ့သည်
- ပထမဆုံး အစိမ်းရောင် ပတ်ဝန်းကျင်ဆိုင်ရာ အစီရင်ခံစာ ကို ထုတ်ဝေခဲ့သည်
- ကမ္ဘာ့ပထမဆုံး MP3 မိုဘိုင်းလ်ဖုန်း၊ မိုဘိုင်း TVဖုန်း၊ ကြိုးမဲ့အင်တာနက်ဖုန်းတို့ကို စတင်ထုတ်လုပ်ခဲ့သည်
1998
- Samsung Austin Semiconductorကို စတင်ထုတ်လုပ်ခဲ့သည်
- ကိုရီးယားနိုင်ငံ၊ Asan တွင် ပြန်လည်အသုံးပြုသည့် စင်တာတစ်ခုကို တည်ဆောက်ခဲ့သည်
- ကမ္ဘာ့ပထမဆုံး ဒစ်ဂျစ်တယ် TVs များကို ထုတ်လုပ်ခဲ့သည်
ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်မှုနှင့် ၎င်း၏ အရည်အသွေးထိန်းချုပ်မှုအပေါ် အာရုံစိုက်သည်
1997
- စနစ် LSI လုပ်ငန်းယူနစ်ဖွဲ့စည်းခဲ့သည်
- မလေးရှားနိုင်ငံ၊ Seremban တွင် ဘက်စုံသုံး စက်ရုံကို တည်ဆောက်ခဲ့သည်
- ကြိုးမဲ့ဆက်သွယ်ရေးအမျိုးအစားတွင် ကမ္ဘာတစ်ဝှမ်းရှိ Olympic Partner (TOP) ဖြစ်လာခဲ့သည်
1996
- မက္ကဆီကိုနိုင်ငံ၊ Tijuana တွင် ထုတ်လုပ်မှုကို စုစည်းရန် ပထမဆုံးပြည်ပဘက်စုံသုံး စက်ရုံကို တည်ဆောက်ခဲ့သည်
- ကမ္ဘာ့ပထမဆုံး CDMA ဒစ်ဂျစ်တယ် မိုဘိုင်းဆက်သွယ်ရေးစနစ်ကို ဈေးကွက်တင်ခဲ့သည်
- 1G DRAM ကို ဖန်တီးခဲ့သည်
- ကိုရီးယား၊ Gumi တွင် ဒုတိယမြောက် အလုပ်ရုံအစုံပါသော တယ်လီကွန်းစက်ရုံကို တည်ဆောက်ခဲ့သည်
- ကမ္ဘာ့ပထမဆုံး 64-bit Alpha Architecture ပရိုဆက်ဆာကို တီထွင်ခဲ့သည်
1995
- ဒီဇိုင်းစွမ်းရည်များကို ရှာဖွေဖော်ထုတ်ပြီး မြေတောင်မြှောက်ပေးရန် Samsung Art and Design Institute (SADI) ကို တည်ထောင်ခဲ့သည်
- Samsung Advanced Institute of Technology (SAIT) က ကမ္ဘာ့ပထမဆုံး အချိန်နှင့်တစ်ပြေးညီ MPEG-3 နည်းပညာကို ဖန်တီးခဲ့သည်
1994
- Samsung Design America ကို အမေရိကန်၊ San Francisco တွင် တည်ထောင်ခဲ့သည်
- ကမ္ဘာ့ပထမဆုံး 256Mb DRAM ကို ဖန်တီးခဲ့သည်
- ကော်ပိုရိတ်နိုင်ငံသားဖြစ်ခြင်းဆိုင်ရာ ပရောဂျက်များအတွက် ရည်စူးထားသော အဖွဲ့အစည်းတစ်ခုကို ဖန်တီးခဲ့သည်
1993
- Samsung Group အတွက် Company Identity (CI) ကို ထုတ်ဖော်ပြသခဲ့သည်
- ကမ္ဘာ့ပထမဆုံး 200mm wafer စက်ရုံကို တည်ဆောက်ခဲ့သည်
- စီမံခန့်ခွဲမှုသစ် စတင်မှုအား ကြေညာခဲ့သည်
- 16Mb NAND ဖလက်ရှ် မမ်မိုရီ (ဒုတိယအကြိမ်ဖန်တီးခြင်း) ကို ဖန်တီးခဲ့သည်
- 200g အောက် အလေးချိန်ရှိသော ဟန်းဆက် (မော်ဒယ်လ်-SH-700) ကို ထုတ်ဖော်ပြသခဲ့သည်
1992
- မိုဘိုင်းဖုန်းစနစ်ကို ဖန်တီးခဲ့သည်
- ကမ္ဘာ့ပထမဆုံး 64Mb DRAM ကို ဖန်တီးခဲ့သည်
- ကမ္ဘာတစ်ဝှမ်း DRAM တွင် နံပါတ် 1 ဖြစ်လာခဲ့သည်
1991
- ကိုရီးယားနိုင်ငံ၊ Onyang တွင် တစ်ပိုင်းလျှပ်ကူးပစ္စည်း စီမံဆောင်ရွက်ပြီး နောက်ပိုင်း လုပ်ဆောင်မှုစက်ရုံကို တည်ဆောက်ခဲ့သည်
- ဂျပန်နိုင်ငံတွင် ဒီဇိုင်းစတူဒီယို (Samsung Design Japan) ကို တည်ထောင်ခဲ့သည်
1989
- ကိုရီးယားနိုင်ငံ၊ Giheung တွင် ULSI R&D စင်တာကို တည်ဆောက်ခဲ့သည်
- တရုတ်နိုင်ငံတွင် TV Production ကော်ပိုရေးရှင်း၏ ဖက်စပ်လုပ်ငန်းကို တည်ထောင်ခဲ့သည်
1988
- ကိုရီးယားနိုင်ငံ၏ ပထမဆုံး ဟန်းဆက် (မော်ဒယ်လ်- SH-100) ကို ဖန်တီးခဲ့သည်
- Samsung Semiconductor & Telecommunications Co., Ltd. သည် Samsung Electronics Co., Ltd. နှင့် ပေါင်းစည်းပြီး Samsung Electronics ဟု ကုမ္ပဏီတစ်ခုတည်းဖြစ်လာသည်
နည်းပညာမြင့် ကုမ္ပဏီတစ်ခု ဖြစ်လာခြင်း
1987
- R&D စွမ်းရည်များ အားကောင်းစေရန် Samsung Advanced Institute of Technology (SAIT) ကို ဖွင့်လှစ်ခဲ့ပါသည်
1986
- TDX-1 အိမ်သုံးအချိန်ပိုင်းခွဲ ဒစ်ဂျစ်တယ် ကူးပြောင်းမှုစနစ်ကို ဈေးကွက်တင်ခဲ့ပါသည်
- ကမ္ဘာ့ပထမဆုံး ဒစ်ဂျစ်တယ် TV ကို တီထွင်ခဲ့ပါသည်
- 1Mb DRAM ကို ဖန်တီးခဲ့ပါသည်
- ကမ္ဘာ့အသေးဆုံး၊ အပေါ့ဆုံး 4mm ဗီဒီယိုတိပ်ရိုက်ကူးစက်ကို ဖန်တီးခဲ့ပါသည်
1985
- ဆိုးလ်တွင် 1986 Asian Gamesနှင့် 1988 Olympic Games ၏ စပွန်ဆာကို ကြေညာခဲ့သည်
- ပထမဆုံးနိုင်ငံရပ်ခြား ငွေကြေးပြောင်းလဲနိုင်မှုစာချုပ်များ (CB) ကို ထုတ်ပေးခဲ့သည်
1984
- ကုမ္ပဏီအမည်ကို Samsung Electronics Co. Ltd သို့ ပြောင်းလဲခဲ့ပါသည်
- 256Kb DRAM ကို ဖန်တီးခဲ့ပါသည်
1983
- တစ်ကိုယ်ရေသုံး ကွန်ပျူတာများ (မော်ဒယ်လ်-SPC-1000) ထုတ်လုပ်မှုကို စတင်ခဲ့ပါသည်
- ကိုရီးယားနိုင်ငံ၊ Giheung ရှိ VLSI တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်သည့်စက်ရုံကို ဆောက်လုပ်ခဲ့ပါသည်
- 64Kb DRAM ကို ဖန်တီးခဲ့သည်
1982
- ဂျာမနီတွင် ပထမဆုံး ဥရောပ အရောင်းရုံးခန်း (SEG) ကို ဖွင့်လှစ်ခဲ့သည်
- ပေါ်တူဂီနိုင်ငံတွင် ပထမဆုံးပြည်ပထုတ်လုပ်ရေး လုပ်ငန်းခွဲကို တည်ထောင်ခဲ့သည်
- တစ်ပိုင်းလျှပ်ကူးပစ္စည်း လုပ်ငန်းယူနစ်ကို Korea Telecommunications Co., Ltd. သို့ လွှဲပြောင်းခဲ့ပြီး Samsung Semiconductor & Telecommunications Co., Ltd. အမည်သစ်ဖြင့် ကုမ္ပဏီကို ပြန်လည်ဖွဲ့စည်းခဲ့ပါသည်
1980
- Samsung Semiconductor Co., Ltd. သည် Samsung Electronics Co., Ltd. ၏ တစ်ပိုင်းလျှပ်ကူးပစ္စည်း လုပ်ငန်းယူနစ်နှင့် ပေါင်းစည်းခဲ့ပါသည်
- ၎င်း၏ပထမဆုံးသော Corporate Identity Program (CIP) ကို တည်ထောင်ခဲ့ပါသည်
- Korea Telecommunications Co., Ltd. ကို ဝယ်ယူခဲ့သည်
- တောင်ကိုရီးယားနိုင်ငံ၊ Suwon တွင် ၎င်း၏ ပထမဆုံး R&D စင်တာကို ဖွင့်လှစ်ခဲ့ပါသည်
အကြွင်းမဲ့ စားသုံးသူ အီလက်ထရွန်နစ် ဝန်ဆောင်မှုပေးသူတစ်ဦးအဖြစ်သို့ ကုမ္ပဏီ၏ တည်ထောင်ခြင်းနှင့် တိုးတက်လာပုံ
1979
- VHS- အခြေပြု VCRs များ (မော်ဒယ်လ်- SC-7700) ကို တီထွင်ခဲ့သည်
1978
- Korea Semiconductor Co. ကို Samsung Semiconductor Co. ဟု အမည်ပြောင်းခဲ့ပါသည်
- အမေရိကန်ပြည်ထောင်စုတွင် ပထမဆုံး နိုင်ငံခြားရုံးခန်းကို ဖွင့်လှစ်ခဲ့ပါသည် (SEA)
- အဖြူအမည်း TVs အလုံးရေ 4 သန်းကို ထုတ်လုပ်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ထိပ်တန်းထုတ်လုပ်သူ ဖြစ်လာခဲ့ပါသည်
- ပထမဆုံး မိုက်ခရိုဝေ့ဖ်မီးဖို (မော်ဒယ်လ်- RE-700) ကို ဖန်တီးခဲ့ပါသည်
1977
- Samsung Electric Co., Ltd. နှင့် Samsung Electronics Co., Ltd. တို့ပေါင်းစည်းခဲ့ပါသည်
- ပနားမားမှစတင်၍ ကမ္ဘာ့ဈေးကွက်များသို့ ရောင်စုံ TVs များ အမြောက်အမြားထုတ်လုပ်ခြင်းနှင့် တင်ပို့ရောင်းချခြင်းတို့ကို စတင်ခဲ့ပါသည်
- Korea Semiconductor Co., Ltd. ကို အပြီးသတ်ဝယ်ယူခဲ့ပါသည်
1976
- အဖြူအမည်း TVsအလုံးရေ 1 သန်းကျော် ထုတ်လုပ်ခဲ့ပါသည်
1975
- ကမ္ဘာ့ တတိယမြောက် 'အမြန်စတင်မှု' စနစ် TV (ထုတ်ကုန်အမည်- Econo TV) ကို မိတ်ဆက်ခဲ့ပါသည်
1974
- Samsung-Sanyo Electric Co., Ltd. ကို Samsung Electric Co., Ltd. (ပူးတွဲကုမ္ပဏီ၏အဆုံးသတ်) ဟု အမည်ပြောင်းခဲ့သည်
- Korea Semiconductor Co., Ltd. ၏ ရှယ်ယာ 50 ရာခိုင်နှုန်းကို ရယူခဲ့ပါသည်။
- အဝတ်လျှော်စက်၊ ရေခဲသေတ္တာနှင့် လေအေးပေးစက်များကို စတင်ထုတ်လုပ်ခဲ့ပြီး Samsung သည် လုံးဝလူသုံးကုန် အီလက်ထရွန်နစ်ကုမ္ပဏီတစ်ခု ဖြစ်လာစေရန် အုတ်မြစ်ချခဲ့ပါသည်
1971
- ပနားမားမှစတင်၍ ကမ္ဘာ့ဈေးကွက်များသို့ အဖြူအမည်းTVsများ စတင်၍ တင်ပို့ရောင်းချခဲ့ပါသည်
1970
- အဖြူအမည်း TV (မော်ဒယ်လ်- P-3202) ကို စတင်ထုတ်လုပ်ခဲ့ပါသည်
1969
- Samsung Electronics Co Ltd. ကို တည်ထောင်ခဲ့ပါသည်
- Sanyo နှင့် ဖက်စပ်လုပ်ငန်းအဖြစ် Samsung-Sanyo Electric Co., Ltd. ကို တည်ထောင်ခဲ့ပါသည်