Quick Share

‬Galaxy ကိရိယာများ တစ်ခုနှင့်တစ်ခုအကြားတွင်ဖြစ်စေ သို့မဟုတ် Galaxy မဟုတ်သော ကိရိယာများအကြားတွင်ဖြစ်စေ၊
အတိမ်းအစောင်း အလွဲအမှားမခံသော ဒေတာအချက်အလက်များဖြင့်ဖြစ်စေ ‭နီးသည်ဖြစ်စေ သို့မဟုတ် ဝေးသည်ဖြစ်စေ၊
Quick Share သည် ဖိုင်တွဲများ မျှဝေခြင်းကို လွယ်ကူ၊ လျင်မြန်စွာ ဆောင်ရွက်စေနိုင်မည် ဖြစ်သည်။‭

Quick Share အသုံးပြု၍ သင့် မိတ်ဆွေများနှင့်အတူ လုံခြုံစိတ်ချရစွာဖြင့် ဖိုင်တွဲများအား လွယ်ကူလျင်မြန်စွာ မျှဝေလိုက်ပါ။ ခလုတ်အနည်းငယ် နှိပ်ခေါက်လိုက်ရုံဖြင့် ဓာတ်ပုံများ၊ ဗီဒီယိုများ၊ စာရွက်စာတမ်းများနှင့် နောက်ထပ်အရာများစွာတို့ကို သင် ပေးပို့နိုင်မည် ဖြစ်သည်။ ထို့ပြင် Galaxy ကိရိယာများနှင့် အခြားသော ထုတ်လုပ်သူများထံမှ PC များအကြား ဖိုင်မျှဝေခြင်းကိုပင် သင်ဆောင်ရွက်နိုင်မည် ဖြစ်သည်။1, 2

ပြသထားသည်များမှာ ပုဂ္ဂိုလ် သုံးဦး၏ ဓာတ်ပုံများ ဖြစ်သည်။ မျှဝေရန် စီစဥ်ထားသော ဓာတ်ပုံတစ်ပုံအား ရွေးချယ်ပြီးသည်နှင့်တစ်ပြိုင်နက် မျှဝေရန် ခလုတ်အား လှုံ့ဆော်စေမည်ဖြစ်ပြီး၊ ၎င်းနောက် Quick Share ဆောင်ရွက်ချက်အား တွေ့ရှိရပေမည်။ Quick Share အသုံးပြုသူ ကြားခံသွင်ပြင်စနစ်အား မြင်တွေ့နိုင်မည်ဖြစ်ပြီး၊ ရွေးချယ်ထားသော ရုပ်ပုံသည် Hannah၊ Tyler နှင့် Ava တို့၏ Z Flip 5 ထံ ကူးပြောင်းနေသည်ကို တွေ့ရှိရမည်ဖြစ်ကာ David သည် အနီးနားရှိ ကိရိယာများထံသို့ မျှဝေရန် နယ်နိမိတ်အတွင်းရှိနေသည်ကို တွေ့ရှိရသည်။ ထို့ပြင် ဆက်သွယ်ရန်လိပ်စာများအတွင်းမှ ပုဂ္ဂိုလ်များသည် အနီးနား၌ မရှိသည့်တိုင် Sဆက်သွယ်လိပ်စာများရှိ ပုဂ္ဂိုလ်များထံသို့ ဖိုင်များ မျှဝေရန်ဟူသော စာသားနှင့်အတူ ဆက်သွယ်လိပ်စာများရှိ ပုဂ္ဂိုလ်များထံသို့ မျှဝေနိုင်သည့်အပိုင်းကိုလည်း တွေ့ရှိရပေမည်။ ထို့နောက်တွင် နဂိုရွေးချယ်ထားသော ဓာတ်ပုံသည် ရွေးချယ်ထားသော ကိရိယာများထံသို့ ကူးပြောင်းသွားပေမည်။ စမတ်ဖုန်းတစ်လုံးအား ပြသထားပြီး၊ ၎င်းသည် Quick Share အား အသုံးပြုနေစဥ် လမ်းကြောင်းအား ပြသထားသည်ကို တွေ့ရှိရမည်ဖြစ်ကာ ထင်ရှားသော Quick Share ၏ ခရမ်းရောင် လိုဂိုတံဆိပ်အားလည်း မြင်ကွင်းအတွင်း၌ တွေ့မြင်နိုင်ပေမည်။ ပြသထားသည်များမှာ ပုဂ္ဂိုလ် သုံးဦး၏ ဓာတ်ပုံများ ဖြစ်သည်။ မျှဝေရန် စီစဥ်ထားသော ဓာတ်ပုံတစ်ပုံအား ရွေးချယ်ပြီးသည်နှင့်တစ်ပြိုင်နက် မျှဝေရန် ခလုတ်အား လှုံ့ဆော်စေမည်ဖြစ်ပြီး၊ ၎င်းနောက် Quick Share ဆောင်ရွက်ချက်အား တွေ့ရှိရပေမည်။ Quick Share အသုံးပြုသူ ကြားခံသွင်ပြင်စနစ်အား မြင်တွေ့နိုင်မည်ဖြစ်ပြီး၊ ရွေးချယ်ထားသော ရုပ်ပုံသည် Hannah၊ Tyler နှင့် Ava တို့၏ Z Flip 5 ထံ ကူးပြောင်းနေသည်ကို တွေ့ရှိရမည်ဖြစ်ကာ David သည် အနီးနားရှိ ကိရိယာများထံသို့ မျှဝေရန် နယ်နိမိတ်အတွင်းရှိနေသည်ကို တွေ့ရှိရသည်။ ထို့ပြင် ဆက်သွယ်ရန်လိပ်စာများအတွင်းမှ ပုဂ္ဂိုလ်များသည် အနီးနား၌ မရှိသည့်တိုင် Sဆက်သွယ်လိပ်စာများရှိ ပုဂ္ဂိုလ်များထံသို့ ဖိုင်များ မျှဝေရန်ဟူသော စာသားနှင့်အတူ ဆက်သွယ်လိပ်စာများရှိ ပုဂ္ဂိုလ်များထံသို့ မျှဝေနိုင်သည့်အပိုင်းကိုလည်း တွေ့ရှိရပေမည်။ ထို့နောက်တွင် နဂိုရွေးချယ်ထားသော ဓာတ်ပုံသည် ရွေးချယ်ထားသော ကိရိယာများထံသို့ ကူးပြောင်းသွားပေမည်။ စမတ်ဖုန်းတစ်လုံးအား ပြသထားပြီး၊ ၎င်းသည် Quick Share အား အသုံးပြုနေစဥ် လမ်းကြောင်းအား ပြသထားသည်ကို တွေ့ရှိရမည်ဖြစ်ကာ ထင်ရှားသော Quick Share ၏ ခရမ်းရောင် လိုဂိုတံဆိပ်အားလည်း မြင်ကွင်းအတွင်း၌ တွေ့မြင်နိုင်ပေမည်။

Quick Share ကို အသုံးပြုသင့်သည့်အကြောင်းရင်း

Quick Share သည် အနီးနား၌ရှိသော ကိရိယာများဖြင့်သာမက တစ်ခုနှင့်တစ်ခု ဝေးကွာလျက်ရှိသော ကိရိယာများအကြားတွင်ပင်လျှင် ဖိုင်များအား လျင်မြန်စွာဖြင့် အလွယ်တကူ မျှဝေနိုင်စေရန် ပြုလုပ်ပေးသည်။ ၎င်းအား အမျိုးမျိုးသော ကိရိယာများ — Samsung ဖုန်းများနှင့် တက်ဘလက်များ၊ ထို့ပြင် Samsung နှင့် အခြား ထုတ်လုပ်သူများထံမှ PC များအကြား အသုံးပြုနိုင်မည် ဖြစ်သည်။2 ဆက်သွယ်ရန်လိပ်စာများအတွင်းရှိ ပုဂ္ဂိုလ်များထံသို့ ဖိုင်များ ပေးပို့သည့်အခါတွင် Quick Share သည် အကွာအဝေးနှင့်ပတ်သက်၍ မည်သည့်ကန့်သတ်ချက်များမျှမရှိဘဲ ဖိုင်များအား ကူးပြောင်းပေးပို့စေနိုင်မည် ဖြစ်သည်။‬‬ Samsung မဟုတ်သော မိုဘိုင်း ကိရိယာများသည်လည်း QR ကုဒ်များနှင့် စာသား မက်ဆေ့ဂ်ျများမှတစ်ဆင့် ဖိုင်များကို လက်ခံရရှိနိုင်မည် ဖြစ်သည်။ သီးသန့်မျှဝေမှု (Private sharing) ရွေးချယ်စရာအားဖြင့် အလွဲအမှားမခံသော သို့မဟုတ် သီးသန့်ဖြစ်သော အချက်အလက်များကို လုံခြုံစွာ မျှဝေနိုင်စေမည်ဖြစ်ရာ သင် စိတ်ချလက်ချ အသုံးပြုနိုင်မည် ဖြစ်သည်။

အနည်းငယ် နှိပ်လိုက်ရုံနဲ့
အနီးနားရှိ ကိရိယာများထံသို့ မျှဝေနိုင်ခြင်း

သင်သည် မည်သည့် အရေအတွက်၊ အရွယ်အစားမဆိုသော — ဓာတ်ပုံများ၊ ဗီဒီယိုများ၊ စာရွက်စာတမ်းများနှင့် အခြားသော ဖိုင်များတို့ကို လျင်မြန်စွာ မျှဝေနိုင်မည် ဖြစ်သည်။
သင်၏ မိတ်ဆွေများသည် iOS သို့မဟုတ် Galaxy မဟုတ်သော အခြား အန်းဒရွိုက် (Android) ကိရိယာများကို အသုံးပြုပါက သင်သည် QR ကုဒ်တစ်ခု အသုံးပြု၍ ၎င်းတို့ထံ မျှဝေနိုင်ဆဲ ဖြစ်သည်။3

အဝေးနေရာမှပင်
မိတ်ဆွေများနှင့်
ချက်ချင်း မျှဝေလိုက်ပါ

အကွာအဝေးသည် ပြဿနာတစ်ခု မဟုတ်ပေ။ သင်၏ မိတ်ဆွေများသည် အနီးအနား၌ မရှိသည့်တိုင်
သင်၏ ဆက်သွယ်ရန်လိပ်စာများမှတစ်ဆင့် ၎င်းတို့ထံ Quick Share ဖြင့် မျှဝေနိုင်ပါသည်။
အလားတူပင် သင်၏ မိတ်ဆွေများသည် iOS သို့မဟုတ် Galaxy မဟုတ်သော အခြား အန်းဒရွိုက် (Android) ကိရိယာများကို အသုံးပြုနေပါက
ဆက်သွယ်ရန်လိပ်စာများမှတစ်ဆင့် ၎င်းတို့ထံ သင် မျှဝေနိုင်ဆဲ ဖြစ်သည်။3

*ဤလုပ်ဆောင်ချက်သည် Samsung နှင့် အခြား ထုတ်လုပ်သူများထံမှ PC များတွင်မူ မရရှိနိုင်ပေ။

*ဤလုပ်ဆောင်ချက်သည် Samsung နှင့် အခြား ထုတ်လုပ်သူများထံမှ PC များတွင်မူ မရရှိနိုင်ပေ။

အရေးကြီးသော ဖိုင်များကို
စိတ်ချမ်းသာစွာ မျှဝေပါ

အရေးကြီးသော ဖိုင်များအား သင် မျှဝေပြီးသွားသည့်တိုင် ၎င်းတို့အား လုံခြုံစွာ ထိန်းသိမ်းလိုက်ပါ။
သီးသန့်မျှဝေခြင်း (Private sharing) အားဖြင့် သင်သည် ဖိုင်များ၏ သက်တမ်းကုန်ဆုံးမည့် အချိန်နှင့် နေ့ရက်တို့ကို သတ်မှတ်ထားနိုင်ပေမည်။ ထို့ပြင် ဖိုင်လက်ခံရရှိသူများမှ အဆိုပါဖိုင်များအား စခရင်ရှော့တ်ရိုက်ထားခြင်း၊ သိမ်းဆည်းထားခြင်းနှင့် ထပ်မံပေးပို့မှုများပြုလုပ်ခြင်းတို့ကိုလည်း သင် ကာကွယ်နိုင်မည် ဖြစ်သည်။4

*သီးသန့်မျှဝေခြင်း (Private Sharing) လုပ်ဆောင်ချက်သည် Samsung Galaxy ကိရိယာများအကြား၌သာလျှင် ရရှိနိုင်မည် ဖြစ်သည်။ 4

*သီးသန့်မျှဝေခြင်း (Private Sharing) လုပ်ဆောင်ချက်သည် Samsung Galaxy ကိရိယာများအကြား၌သာလျှင် ရရှိနိုင်မည် ဖြစ်သည်။ 4

အခြား ထုတ်လုပ်သူများထံမှ
PC များကို
အထစ်အငေါ့မရှိ မျှဝေလိုက်ပါ

Galaxy Book မဟုတ်သည့် Windows PC တစ်ခု ရရှိထားပါသလား။ Quick Share သည် ယခုအခါ ပိုမိုကျယ်ပြန့်သော PC အမျိုးမျိုးတွင် ကောင်းမွန်စွာ လုပ်ဆောင်နိုင်ပြီဖြစ်သည် — သို့ဖြစ်ရာ Microsoft store မှတစ်ဆင့် အက်ပ်အား ဒေါင်းလုဒ်ဆွဲလိုက်ရုံသာ ဖြစ်သည်၊ ထို့နောက် Galaxy ကိရိယာများ သို့မဟုတ် အခြား ထုတ်လုပ်သူများထံမှ PC များဖြင့် မျှဝေမှုအား သင် စတင်လုပ်ဆောင်နိုင်ပေမည်။

*ကျေးဇူးပြုပြီး တွဲဖက်အသုံးပြုနိုင်မည့် Windows PC အသေးစိတ်များကို အောက်တွင် စစ်ဆေးကြည့်ရှုပေးပါ။2

*ကျေးဇူးပြုပြီး တွဲဖက်အသုံးပြုနိုင်မည့် Windows PC အသေးစိတ်များကို အောက်တွင် စစ်ဆေးကြည့်ရှုပေးပါ။2

Quick Share ကို အသုံးပြုနည်း

Quick Share ကို PC များပေါ်တွင် အသုံးပြုရန်နည်းလမ်း

အမေးများ မေးခွန်းများ

  • မည်သည့်ကိရိယာများသည် Quick Share အား ပံ့ပိုးထောက်ပံ့ပေးသနည်း။

    Quick Share အား အသုံးပြုရန်ငှာ ပံ့ပိုးထောက်ပံ့မှု ကန့်သတ်ချက်များအား အောက်တွင် ကြည့်ရှုပါ။

    [စမတ်ဖုန်း/တက်ဘလက်]
    • Android OS 10 (Q OS) သို့မဟုတ် နောက်ပိုင်း နှင့် One UI 2.1 သို့မဟုတ် ၎င်းနောက်ပိုင်းဖြစ်သည့် Galaxy ကိရိယာ


    [PC]
    ပံ့ပိုးပေးသည့် သတ်မှတ်ချက်များ
    • OS: Windows 10 2004 သို့မဟုတ် နောက်ပိုင်း
    • Bluetooth ဒရိုက်ဗာ- Intel ဗားရှင်း 22.50.02 သို့မဟုတ် အထက်
    • Wi-Fi ဒရိုက်ဗာ- Intel ဗားရှင်း 22.50.07 သို့မဟုတ် အထက်

    ပံ့ပိုးပေးသည့် ကိရိယာများ
    • Samsung Galaxy Book (2020 သို့မဟုတ် ၎င်းနောက်ပိုင်းတွင် ထုတ်လုပ်သည့် Qualcomm အခြေပြု PC များ အပါအဝင်)
    • Intel Bluetooth/Wi-Fi ဒရိုက်ဗာများ ပါရှိသည့် အခြားထုတ်လုပ်သူများထံမှ Windows PC

    • ချောမွေ့သော လုပ်ဆောင်ချက်အား ရရှိနိုင်ရန်အတွက်ငှာ Windows OS နှင့် Bluetooth/Wi-Fi ဒရိုက်ဗာများအား နောက်ဆုံးပေါ် ဗားရှင်းသို့ ကျေးဇူးပြုပြီး အက်ပ်ဒိတ်ပြုလုပ်ထားပေးပါ။
    • ထုတ်လုပ်သူနှင့် မော်ဒယ်အမျိုးအစားအပေါ် မူတည်ပြီး ဤလုပ်ဆောင်ချက်၏ အချို့သော သို့မဟုတ် အားလုံးသော ဆောင်ရွက်ချက်များတွင် ကန့်သတ်ချက်များ ရှိကောင်း ရှိနိုင်ပါသည်။
  • မိုဘိုင်းကိရိယာများနှင့် တက်ဘလက်များအတွက်မူ လက်ရှိတွင် Galaxy ထုတ်ကုန်များ၌သာလျှင် ပံ့ပိုးထောက်ပံ့ပေးထားသည်။ PC များအတွက်မူ Galaxy ထုတ်ကုန်များနှင့် အခြား ဘရန်းတံဆိပ်များမှ Windows PC များ နှစ်မျိုးစလုံးတွင် ပံ့ပိုးအသုံးပြုနိုင်သည်။ ပိုမိုအသေးစိတ်ကျသော ပံ့ပိုးမှုဆိုင်ရာ ကန့်သတ်ချက်များအတွက် ကျေးဇူးပြုပြီး Quick Share အား ပံ့ပိုးထောက်ပံ့ပေးသည့် ကိရိယာများအပိုင်းအား ကိုးကားကြည့်ရှုပေးပါ။
  • အနီးနားရှိ အခြား ကိရိယာများထံမှ ဖိုင်များ လက်ခံရယူရန်အတွက် သင့် ကိရိယာ၏ စခရင်မျက်နှာပြင်အား ဖွင့်ထားရမည် ဖြစ်ပြီး၊ Quick Share အတွင်းရှိ "သင်နှင့်အတူ မျှဝေနိုင်သူ" ဆက်တင်များအတွင်း၌ “ဆက်သွယ်လိပ်စာများထဲရှိ ပုဂ္ဂိုလ်များသာလျှင်” သို့မဟုတ် “အနီးနားရှိ မည်သူမဆို” အား ရွေးချယ် သတ်မှတ်ပေးထားရမည် ဖြစ်သည်။ သို့သော်လည်း တူညီသော Samsung အကောင့်တစ်ခုအတွင်း လော့ဂ်အင် ဝင်ရောက်ထားသော ကိရိယာများသည် "သင်နှင့်အတူ မျှဝေနိုင်သူ" ဆက်တင်သတ်မှတ်ချက်များ မည်သို့ပင်ရှိပါစေ မည်သည့်အချိန်၌မဆို တစ်ဦးနှင့်တစ်ဦးထံမှ ဖိုင်များ လက်ခံရရှိနိုင်မည် ဖြစ်သည်။
  • "သင်နှင့်အတူ မျှဝေနိုင်သူများ" ထဲမှ ရွေးချယ်စရာများသည် အောက်ပါအတိုင်း ဖြစ်သည်။

    • မည်သူမျှမရပါ- သင်နှင့် မည်သူမျှ မမျှဝေနိုင်ပါ။
    • ဆက်သွယ်မှုများ အတွက်သာ- သင်၏ ဆက်သွယ်လိပ်စာများထဲတွင် သိမ်းဆည်းထားသော Samsung အကောင့်များရှိသည့် အသုံးပြုသူများသာလျှင် သင်နှင့်အတူ မျှဝေနိုင်မည် ဖြစ်သည်။
    • အနီးနားရှိမည်သူမဆို- အနီးနားရှိ မည်သူမဆို သင်နှင့် မျှဝေနိုင်ပါသည်။

    *တူညီသော Samsung အကောင့်တစ်ခုအတွင်း လော့ဂ်အင်ဝင်ရောက်ထားသော ကိရိယာများသည် ဆက်တင်များ မည်သို့ပင်ဖြစ်ပါစေ တစ်ခုနှင့်တစ်ခု အစဥ် မျှဝေနိုင်မည် ဖြစ်သည်။‬
  • အနီးနားရှိ ကိရိယာများသို့ မျှဝေပါ
    - မိုဘိုင်းဒေတာအား အသုံးမပြုဘဲ ဖိုင်များအား မျှဝေနိုင်ပါသည်။‬

    QR ကုဒ် ဆက်သွယ်လိပ်စာများထဲရှိ ပုဂ္ဂိုလ်များထံသို့ မျှဝေရန်အား အသုံးပြု၍ မျှဝေရန်
    - မိုဘိုင်းဒေတာ အသုံးပြုဖို့ရန် လိုအပ်ပါသည်။‬ ကြီးမားသော ဖိုင်များကိုမူ ဝိုင်ဖိုင် (Wi-Fi) ချိတ်ဆက်မှုအသုံးပြု၍ မျှဝေရန် အကြံပြုအပ်ပါသည်။
  • အနီးနားရှိ ကိရိယာများသို့ ဖိုင်များ မျှဝေသည့်အခါ၌ မျှဝေနိုင်သော ဖိုင်များ၏ အရေအတွက်နှင့် အရွယ်အစား ကန့်သတ်ချက်များ မရှိပေ။
    QR ကုဒ်များနှင့် ဆက်သွယ်လိပ်စာများမှတစ်ဆင့် ဖိုင်များ မျှဝေသည့်အခါ၌မူ တစ်ကြိမ်လျှင် အများဆုံး ဖိုင်ပေါင်း 1,000 သာ မျှဝေနိုင်မည် ဖြစ်သည်။ ထို့ပြင် မျှဝေနိုင်သော ဖိုင်တစ်ခုလျှင် 3GB အရွယ်အစား ကန့်သတ်ချက် နှင့် တစ်ရက်လျှင် 5GB ကန့်သတ်ချက် ရှိပါသည်။
    သီးသန့်မျှဝေခြင်း (Private sharing) အားဖြင့် သင်သည် တစ်ကြိမ်လျှင် ဖိုင် 20 နှင့် ဒေတာ 200MB အထိအား လွှဲပြောင်းနိုင်မည် ဖြစ်သည်။
  • အနီးနားရှိ ကိရိယာများထံသို့ ဖိုင်များ မျှဝေသည့်အခါ၌မူ မျှဝေနိုင်သော ဖိုင် အမျိုးအစား ကန့်သတ်ချက်များ မရှိပေ။
    အမျိုးမျိုးသော ရုပ်ပုံများ၊ ဗီဒီယိုများ၊ အော်ဒီယိုများ၊ စာရွက်စာတမ်းများ၊ APK များ၊ URL များနှင့် အခြားအမျိုးအစားသော ဖိုင်များအားလုံးကို လွတ်လပ်စွာ လွှဲပြောင်းနိုင်ပေမည်။

    QR ကုဒ်များနှင့် ဆက်သွယ်လိပ်စာများမှတစ်ဆင့် ဖိုင်များ မျှဝေသည့်အခါ၌မူ အချို့အမျိုးအစားသော ဖိုင်များအား ပံ့ပိုးထောက်ပံ့ပေးထားခြင်း မရှိပေ−
    အကောင်အထည်ဖော်နိုင်သော- .exe, .com, .bat, .cmd, .vbs, .reg, .msi.

    သီးသန့်မျှဝေခြင်း (Private sharing) အားဖြင့် အောက်ပါ အမျိုးအစားသော ဖိုင်များအား လွှဲပြောင်းနိုင်မည် ဖြစ်သည် −
    • ရုပ်ပုံများ- "jpeg", "jpg", "png", "gif", "bmp", "webp", "heic", "dng"
    • ဗီဒီယိုများ- "webm", "mp4", "3gp", "3g2", "mkv"
    • အသံ- “mp3”, “wav”, “ogg”, “m4a”
    • စာရွက်စာတမ်း- “txt”, “pdf”
  • သီးသန့်မျှဝေခြင်း (Private sharing) အား အသုံးပြုရန်အတွက် Quick Share စခရင်မျက်နှာပြင်ထိပ်ရှိ “More options (နောက်ထပ် ရွေးချယ်စရာများ)” မီနျူးပေါ်၌ နှိပ်လိုက်ပါ၊ ထို့နောက် “Turn on Private sharing (သီးသန့်မျှဝေခြင်းအား ဖွင့်ရန်)” အား ရွေးချယ်ပါ။
    သီးသန့်မျှဝေခြင်း (Private sharing) သည် မျှဝေလိုက်သော ဖိုင်များအား အခြားသူများမှ စခရင်ရှော့တ်ရိုက်ထားခြင်း၊ သိမ်းဆည်းထားခြင်း သို့မဟုတ် ထပ်မံပေးပို့ခြင်းများတို့ကို တားဆီးပေးမည် ဖြစ်သည်။‬
    ထို့ပြင် သတ်မှတ်ထားသော အချိန် ကျော်လွန်သွားပြီးနောက် လက်ခံရရှိသူ၏ ဝင်ရောက်ရယူမှုကို တားဆီးရန်အတွက်ငှာ ဖိုင်များပေါ်၌ သက်တမ်းကုန်ဆုံးမည့် အချိန် နှင့် ရက်စွဲတို့အားလည်း သင် သတ်မှတ်ထားနိုင်ပေသည်။‬
    ပုဂ္ဂိုလ်ရေး အချက်အလက်များ ပါဝင်သည့် အတိမ်းအစောင်း အလွဲအမှားမခံသော ဖိုင်များ သို့မဟုတ် ရွေးချယ်ထားသော တစ်စုံတစ်ဦးအတွက်သာ ရည်ရွယ်သည့် လျှို့ဝှက်စောင့်ထိန်းရမည့် ဖိုင်များ အစရှိသည်တို့အား မျှဝေသည့်အခါ၌ ဤသီးသန့်မျှဝေခြင်း (Private Sharing) ရွေးချယ်စရာအား အသုံးပြုရန် အကြံပြုအပ်ပါသည်။‬
    *သီးသန့်မျှဝေခြင်း (Private sharing) ရွေးချယ်စရာအား Galaxy ဖုန်းများ၊ တက်ဘလက်များနှင့် Book များ၌သာလျှင် ရရှိနိုင်မည် ဖြစ်သည်။‬
  • သီးသန့်မျှဝေခြင်း (Private Sharing) မှတစ်ဆင့် တစ်ကြိမ်လျှင် ဖိုင် 20 နှင့် ဒေတာ 200MB အထိအား သင် မျှဝေနိုင်ပါသည်။
  • သီးသန့်မျှဝေခြင်း (Private Sharing) မှတစ်ဆင့် အောက်ပါ ဖိုင်အမျိုးအစားများကို မျှဝေနိုင်မည် ဖြစ်သည်။

    • ရုပ်ပုံများ- "jpeg", "jpg", "png", "gif", "bmp", "webp", "heic", "dng"
    • ဗီဒီယိုများ- "webm", "mp4", "3gp", "3g2", "mkv"
    • အသံ- “mp3”, “wav”, “ogg”, “m4a”
    • စာရွက်စာတမ်း- “txt”, “pdf”

WHY GALAXY

Life opens up with Galaxy

ပွင့်လင်းမြင်သာမှုသည် ကျွန်ုပ်တို့ယုံကြည်သည့်အရာဖြစ်သည်။ ဖြစ်နိုင်ခြေများကိုလမ်းဖွင့်ရန် Samsung Galaxy ကို ဖန်တီးထားပါသည်။ ကမ္ဘာကြီး၏ နယ်နိမိတ်ကန့်သတ်မှုများ နည်းပါးလေလေ၊ ကျွန်ုပ်တို့အားလုံး ပိုမိုလှမ်းလျှောက်နိုင်လေလေ ဖြစ်ပါသည်။

 

အက်ပ်များနှင့် ဝန်ဆောင်မှုများ

  • အမှန်တကယ် UX/UI သည် ဆော့ဖ်ဝဲဗားရှင်း၊ မော်ဒယ်၊ ဒေသနှင့် အခြားအကြောင်းရင်းများပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။
  1. One UI 2.1 သို့မဟုတ် ယင်းအထက်နှင့် Android OS 10 (Q OS) ဗားရှင်း သို့မဟုတ် ပိုမြင့်သောဗားရှင်း ထည့်သွင်းထားသည့် ကိရိယာများတွင် ရနိုင်ပါသည်။ တွဲဖက်အသုံးပြုနိုင်သော PC များမှာ 2020 သို့မဟုတ် ၎င်းနောက်ပိုင်း ထုတ်လုပ်ထားသော Qualcomm အခြေပြု PC များ အပါအဝင် Galaxy Book များနှင့် Intel Bluetooth/Wi-Fi ဒရိုက်ဗာများ ပါရှိသည့် အခြား ထုတ်လုပ်သူများထံမှ Windows PC များ (OS − Windows 10 2004 ဗားရှင်း သို့မဟုတ် အထက်၊ Bluetooth ဒရိုက်ဗာ − Intel ဗားရှင်း 22.50.02 သို့မဟုတ် အထက်၊ Wi-Fi ဒရိုက်ဗာ − Intel ဗားရှင်း 22.50.07 သို့မဟုတ် အထက်) တို့ ဖြစ်သည်။ Quick Share အသုံးပြုမှုအတွက် Bluetooth နှင့် Wi-Fi ချိတ်ဆက်မှု လိုအပ်ပါသည်။ Quick Share က တစ်ချိန်တည်းတွင် မျှဝေနိုင်သော ကိရိယာများ၏ အရေအတွက်သည် မျှဝေသော ကိရိယာ၏ Wi-Fi ချစ်ပ် ဟာ့ဒ်ဝဲပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။ ကိရိယာ၊ ကွန်ယက် အခြေအနေ နှင့် အသုံးပြုသူ၏ ပတ်ဝန်းကျင်တို့အပေါ်မူတည်ပြီး အမှန်တကယ် မြန်နှုန်းသည် ကွဲပြားနိုင်ပါသည်။‭

  2. [Smartphone/တက်ဘလက်]
    • Android OS 10 (Q OS) သို့မဟုတ် နောက်ပိုင်း One UI 2.1 သို့မဟုတ် ၎င်းနောက်ပိုင်းဖြစ်သည့် Galaxy ကိရိယာ
    [PC]
    တွဲဖက်အသုံးပြုနိုင်သည့် အသေးစိတ်များ
    • OS- Windows 10 2004 (ရေးသားမှုအမှတ် 19041) သို့မဟုတ် ထို့အထက်
    • Bluetooth ဒရိုက်ဗာ- Intel ဗားရှင်း 22.50.02 သို့မဟုတ် အထက်
    • Wi-Fi ဒရိုက်ဗာ- Intel ဗားရှင်း 22.50.07 သို့မဟုတ် အထက်
    ပံ့ပိုးပေးသည့် ကိရိယာများ
    • Samsung Galaxy Book များ (2020 နှင့် ၎င်းနောက်ပိုင်းတွင် ထုတ်လုပ်သည့် Qualcomm အခြေပြု PC များ အပါအဝင်)
    • Intel Bluetooth/Wi-Fi ချစ်ပ်ဆက်များ ပါရှိသည့် အခြားထုတ်လုပ်သူများထံမှ Windows PC များ
    • ချောမွေ့သော လုပ်ဆောင်ချက်အား ရရှိနိုင်ရန်အတွက်ငှာ Windows OS နှင့် Bluetooth/Wi-Fi ဒရိုက်ဗာများအား နောက်ဆုံးပေါ် ဗားရှင်းသို့ ကျေးဇူးပြုပြီး အက်ပ်ဒိတ်ပြုလုပ်ထားပေးပါ။
    • ထုတ်လုပ်သူနှင့် မော်ဒယ်အမျိုးအစားအပေါ် မူတည်ပြီး ဤလုပ်ဆောင်ချက်၏ အချို့သော သို့မဟုတ် အားလုံးသော ဆောင်ရွက်ချက်များတွင် ကန့်သတ်ချက်များ ရှိကောင်း ရှိနိုင်ပါသည်။
  3. QR ကုဒ်များ နှင့် ဆက်သွယ်လိပ်စာများမှတစ်ဆင့် ဖိုင်များ မျှဝေသည့်အခါ၌ တစ်ကြိမ်လျှင် အများဆုံး ဖိုင်ပေါင်း 1,000 အထိ လွှဲပြောင်းနိုင်မည် ဖြစ်သည်။   လွှဲပြောင်းမှုနှင့်ပတ်သက်၍ တစ်ဖိုင်လျှင် အရွယ်အစား ကန့်သတ်ချက် 3GB နှင့် တစ်ရက်လျှင် 5GB ကန့်သတ်ချက်များ ရှိပေသည်။ လင့်ခ်သည် နှစ်ရက်အကြာတွင် သက်တမ်းကုန်ဆုံးသွားမည် ဖြစ်သည်။ ပေးပို့သူ၏ ကိရိယာတွင် Samsung အကောင့်တစ်ခုအား လိုအပ်ပြီး၊ ပေးပို့သူ နှင့် လက်ခံရရှိသူ နှစ်ဦးစလုံး၏ ကိရိယာများတွင် အင်တာနက် ချိတ်ဆက်မှုအား လိုအပ်သည်။

    အချို့သော ဖိုင် အမျိုးအစားများအား ပံ့ပိုးထောက်ပံ့ထားခြင်း မရှိပေ−
    • အကောင်အထည်ဖော်နိုင်သော (.exe, .com, .bat, .cmd, .vbs, .reg, .msi)‭

  4. သီးသန့်မျှဝေခြင်း (Private sharing) အား Galaxy ကိရိယာများအကြားတွင်သာလျှင် အသုံးပြုနိုင်မည် ဖြစ်ပြီး၊ တစ်ကြိမ်လျှင် အများဆုံး ဖိုင် 20 နှင့် 200MB သာလျှင် လွှဲပြောင်းနိုင်မည် ဖြစ်သည်။‭

    မျှဝေနိုင်သော ဖိုင် အမျိုးအစားများ −
    • ရုပ်ပုံများ (.jpg, .jpeg, .png, .gif, .bmp, .webp, .heic, .dng)
    • ဗီဒီယိုများ (.webm, .mp4, .3gp, .3g2, .mkv)
    • အသံများ (.mp3, .wav, .ogg, .m4a)
    • စာရွက်စာတမ်းများ (.txt, .pdf)