Smart switch

Smart Switch ဖြင့်
ဒေတာကို မြန်ဆန်
လွယ်ကူစွာ ရွှေ့ပြောင်းပါ

သင့်ယခင် ဖုန်း သို့မဟုတ် တက်ဘလက်ရှိ အကြောင်းအရာ - အကြိုက်ဆုံးဓာတ်ပုံများ၊ Contacts အဆက်အသွယ်များ၊ ပြက္ခဒိန်ဖြစ်ရပ်များ၊ မှတ်စုများ၊ စက်ဆက်တင်များနှင့် အခြားအရာများ - သင် Samsung Galaxy အသစ်သို့ ပြောင်းသည့်အခါ သင်နှင့်အတူရှိနေပါသည်။

အက်ပ်အိုင်ကွန် အမျိုးမျိုးကို စမတ်ဖုန်းအဟောင်းတစ်လုံးပေါ်တွင် ပြသထားသည်။ စခရင်မျက်နှာပြင်ပေါ်၌ အိုင်ကွန်များ ပေါ်ထွက်လာပြီးနောက် ဘေးတစ်ခြမ်းလှည့်၍ တစ်ဝက်သာဖွင့်ထားသော Galaxy Filp5 ၏ ညာဘက်သို့ အိုင်ကွန်များ ပျံသန်းသွားသည်။ Galaxy Flip5 သည် ၎င်းအိုင်ကွန်များအား လက်ခံယူပြီးနောက် ပိတ်ချလိုက်သည်။ ထို့နောက်တွင် Galaxy Flip5 အား ရှေ့ဘက်သို့ လှည့်ကာ ဖွင့်လိုက်လျှင် ၎င်း၏ စခရင်မျက်နှာပြင်ပေါ်၌ ဒေတာများ လွှဲပြောင်းယူနေသည့် လုပ်ငန်းစဉ်အား ပြသထားသည်ကို တွေ့မြင်ရပေမည်။ ဒေတာလွှဲပြောင်းနှုန်း 100% ရောက်သွားသည့်အထိ ပြသသော စက်ဝိုင်းလည်နေသည့်ပုံနှင့်အတူ ရုပ်ပုံပေါင်း လေးထောင်ကျော်အား ဒေတာ လွှဲပြောင်းမှု လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရပေမည်။ ထိပ်ဘက်တွင်မူ “ချိတ်ဆက်မှုမိနေစေဖို့ငှာ ဖုန်းတစ်လုံးနှင့် တစ်လုံးအား နီးကပ်စွာ ထားရှိပါ (Keep your phones close to each other to stay connected)” ဟူသော စာသားကို ပြသထားပြီး၊ အောက်ခြေတွင်မူ သင့်အား သတိပေးသည့်အနေဖြင့် “စခရင်မျက်နှာပြင်အား ဖွင့်ထားပါ (Keep screen on)” ဟူသည့် စာသားကို တွေ့မြင်ရပေမည်။ နောက်ဆုံးတွင်မူ စမတ်ဖုန်းအဟောင်း နှင့် Galaxy Flip5 အသစ်အား အတူတကွ တွေ့မြင်ရမည်ဖြစ်သည်။ အမျိုးမျိုးသော အက်ပ်အိုင်ကွန်များသည် စမတ်ဖုန်းအဟောင်းထံမှ ဆွဲထုတ်ခံရပြီး Galaxy Flip5 အတွင်းသို့ တွန်းသွင်းခံလိုက်ရသည်။ Galaxy Flip5 ၏ စခရင်မျက်နှာပြင်ပေါ်၌ Smart Switch အက်ပ်အိုင်ကွန် ပေါ်လာမည် ဖြစ်သည်။

* လွှဲပြောင်းနိုင်သောဒေတာသည် စက်၏ OS (Android သို့မဟုတ် iOS)၊ OS ဗားရှင်း နှင့်/သို့မဟုတ် ချိတ်ဆက်မှုရွေးချယ်မှုအပေါ် မူတည်၍ ကွဲပြားနိုင်သည်။

ဘာကြောင့် Samsung Smart Switch ကိုရွေးချယ်ရတာပါလဲ။

Smart Switch သည် သင့်အတွက်အကောင်းဆုံးအလုပ်လုပ်သောနည်းလမ်းဖြင့် မတူညီသောစက်များမှ သင့် Samsung Galaxy အသစ်သို့ ဒေတာအမျိုးအစားများစွာကို ချောမွေ့စွာလွှဲပြောင်းပေးပါသည်။

ဘယ်ဘက်တွင် စမတ်ဖုန်းနှစ်လုံးနှင့် တက်ဘလက်တစ်လုံးရှိသည်။ ညာဘက်တွင် Smart Switch မှ ဒေတာလက်ခံရရှိသည့် Galaxy ဖုန်းဖြစ်သည်။ အလယ်တွင် ဒေတာများကို ယခင်စက်များမှ Galaxy အသစ်သို့ လွှဲပြောင်းထားကြောင်း ညွှန်ပြသော မြားကဲ့သို့ အိုင်ကွန်တစ်ခုရှိသည်။ ဘယ်ဘက်တွင် စမတ်ဖုန်းနှစ်လုံးနှင့် တက်ဘလက်တစ်လုံးရှိသည်။ ညာဘက်တွင် Smart Switch မှ ဒေတာလက်ခံရရှိသည့် Galaxy ဖုန်းဖြစ်သည်။ အလယ်တွင် ဒေတာများကို ယခင်စက်များမှ Galaxy အသစ်သို့ လွှဲပြောင်းထားကြောင်း ညွှန်ပြသော မြားကဲ့သို့ အိုင်ကွန်တစ်ခုရှိသည်။

မတူညီသော OS မှဒေတာကိုရွှေ့ပြောင်းပါ

သင်သည် အခြား Galaxy၊ iOS သို့မဟုတ် အခြား Android စက်ထံမှရွှေ့သည်ဖြစ်စေ မရွှေ့သည်ဖြစ်စေ သင်အလေးထားသောဒေတာကို ယခုအခါ သင့် Galaxy အသစ်သို့ လွယ်ကူစွာ သယ်ဆောင်နိုင်ပြီဖြစ်သည်။

* FAQ ကဏ္ဍမှ Smart Switch နှင့် တွဲဖက်အသုံးပြုနိုင်သော စက်များအတွက် နည်းပညာဆိုင်ရာလိုအပ်ချက်များကို စစ်ဆေးပါ။

စမတ်ဖုန်းနှစ်လုံးကို ပြသထားပါသည်။ စက်များကြားတွင် USB ကြိုး၊ Wi-Fi၊ သိုလှောင်ကိရိယာနှင့် လက်ပ်တော့အိုင်ကွန်များဖြစ်ကြသည်။ အလယ်တွင် မတူညီသော ရွေးချယ်မှုများမှတစ်ဆင့် ဒေတာများကို လွှဲပြောင်းနိုင်ကြောင်း ညွှန်ပြရန် စက်နှစ်ခုကို ချိတ်ဆက်ထားသည်။ စမတ်ဖုန်းနှစ်လုံးကို ပြသထားပါသည်။ စက်များကြားတွင် USB ကြိုး၊ Wi-Fi၊ သိုလှောင်ကိရိယာနှင့် လက်ပ်တော့အိုင်ကွန်များဖြစ်ကြသည်။ အလယ်တွင် မတူညီသော ရွေးချယ်မှုများမှတစ်ဆင့် ဒေတာများကို လွှဲပြောင်းနိုင်ကြောင်း ညွှန်ပြရန် စက်နှစ်ခုကို ချိတ်ဆက်ထားသည်။

နည်းလမ်းများစွာဖြင့် ကူးပြောင်းပါ

Smart Switch သည် သင့်စက်များကို USB ကြိုး၊ ကြိုးမဲ့ချိတ်ဆက်မှု၊ သိုလှောင်မှုကိရိယာမှသည် PC နှင့် အခြားအရာများအထိ ချိတ်ဆက်ရန် ရွေးချယ်စရာများစွာမှ ရွေးချယ်နိုင်စေပါသည်။

* ရရှိနိုင်သော ချိတ်ဆက်မှုရွေးချယ်ခွင့်သည် စက် OS၊ ထုတ်လုပ်သူ သို့မဟုတ် စက်ပေါ်ရှိ တိုးချဲ့နိုင်သော သိုလှောင်မှုရရှိနိုင်မှုပေါ်မူတည်၍ ကွဲပြားနိုင်သည်။

စမတ်ဖုန်းသည် မျက်နှာပြင်လွှဲပြောင်းရန် ဒေတာရွေးချယ်မှုကို ပြသနေသည်။ ဖုန်းပတ်လည်တွင် Smart Switch မှတစ်ဆင့် လွှဲပြောင်းနိုင်သည့် ဒေတာအမျိုးအစားကို ညွှန်ပြသည့် အက်ပ်အိုင်ကွန်အမျိုးမျိုးရှိသည်။ စမတ်ဖုန်းသည် မျက်နှာပြင်လွှဲပြောင်းရန် ဒေတာရွေးချယ်မှုကို ပြသနေသည်။ ဖုန်းပတ်လည်တွင် Smart Switch မှတစ်ဆင့် လွှဲပြောင်းနိုင်သည့် ဒေတာအမျိုးအစားကို ညွှန်ပြသည့် အက်ပ်အိုင်ကွန်အမျိုးမျိုးရှိသည်။

ဒေတာအမျိုးအစားအမျိုးမျိုးကို ကူးပြောင်းပါ

Smart Switch သည် ဓာတ်ပုံများ၊ ဗီဒီယိုများ၊ မှတ်စုများ၊ ပြက္ခဒိန်ဖြစ်ရပ်များနှင့် စက်ဆက်တင်များပင်အပါအဝင် သင့် Galaxy အသစ်သို့ ဖိုင်အမျိုးအစားအမျိုးမျိုးကို ရွှေ့ပြောင်းပေးပါသည်။

* လွှဲပြောင်းနိုင်သောဒေတာသည် စက်၏ OS (Android သို့မဟုတ် iOS)၊ OS ဗားရှင်း နှင့်/သို့မဟုတ် ချိတ်ဆက်မှုရွေးချယ်မှုအပေါ် မူတည်၍ ကွဲပြားနိုင်သည်။

လွှဲပြောင်းနည်း

ဒေတာလွှဲပြောင်းရန် အဆင်သင့်ဖြစ်ပြီလား။ ပထမဦးစွာ သင့်ယခင်စက်ကို အသင့်ပြင်ဆင်ပြီး သင်၏ Samsung Galaxy အသစ်ကို ချိတ်ဆက်ရန် နှစ်သက်သောနည်းလမ်းကို ရွေးချယ်ပါ။

သင့်ယခင်စက်က ဘာပါလဲ။

GALAXY

ဘယ်လိုချိတ်ဆက်ချင်တာပါလဲ။
Wi-Fi သို့မဟုတ် USB ကြိုးကို အသုံးပြုပါ
သင်မစတင်မီ

သင့်တွင် Smart Switch အက်ပ်၏ နောက်ဆုံးပေါ်ဗားရှင်းကို စက်နှစ်ခုလုံးတွင် ထည့်သွင်းထားကြောင်း သေချာပါစေ။ အက်ပ်အား ကြိုတင်ထည့်သွင်းထားသော်လည်း Galaxy Store မှလည်း ဒေါင်းလုဒ်လုပ်နိုင်သည်။

လုံခြုံသောဒေတာလွှဲပြောင်းမှုသေချာစေရန် စက်များကို အနည်းဆုံး 20% အားသွင်းထားသည့်အခါ Smart Switch သည် အလုပ်လုပ်မည်ဖြစ်သည်။

စမတ်ဖုန်းနှစ်လုံးကို ပြသထားသည်။ နှစ်ခုစလုံးသည် Smart Switch အက်ပ်အိုင်ကွန်ကို ပြသနေသည်။ ဘယ်ဘက်ရှိ ဖုန်းမှ ဒေတာများကို ညာဘက်မှ ဖုန်းသို့ လွှဲပြောင်းပေးသည်။
အဆင့် 1 - စဖွင့်ပါ

သင့် Galaxy စက်အသစ်တွင် Smart Switch အက်ပ်ကိုဖွင့်ပါ။ ဒေတာလက်ခံမည်ကို နှိပ်ပါ၊ ထို့နောက် Galaxy ကိုနှိပ်ပါ။

  • * အက်ပ်များစခရင်ပေါ်ရှိ Samsung ဖိုင်တွဲသို့သွားခြင်းဖြင့် သို့မဟုတ် ဆက်တင်များ > အကောင့်များနှင့် အရန်ကူးခြင်း > Smart Switch သို့သွားခြင်းဖြင့် Galaxy ဖုန်း သို့မဟုတ် တက်ဘလက် တွင် Smart Switch အက်ပ်ကို သင်ရှာနိုင်သည်။

အဆင့် 2 - ချိတ်ဆက်ပါ

သင့်စက်အဟောင်းကို သင့် Galaxy စက်အသစ်နှင့် ချိတ်ဆက်ရန် ကြိုးမဲ့ချိတ်ဆက်မှုကို ရွေးချယ်ပါ သို့မဟုတ် သို့မဟုတ် USB ကြိုးကို အသုံးပြုပါ။

  • * သင့်တွင် လွှဲပြောင်းရန် ဒေတာပမာဏ အများအပြားရှိပါက၊ ပိုမိုမြန်သောကြောင့် ကြိုးတပ်ချိတ်ဆက်မှုကို အကြံပြုပါသည်။ ယင်းကဲ့သို့ လွှဲပြောင်းချိန်တွင် အားသွင်းကိရိယာနှင့် ချိတ်ဆက်၍မရသောကြောင့် သင့်စက်များကို အားအပြည့် သွင်းထားကြောင်း သေချာပါစေ။

အဆင့် 3 - ရွေးချယ်ပါ

သင်လွှဲပြောင်းလိုသောဒေတာကို ရွေးပါ။ စတင်ရန်အဆင်သင့်ဖြစ်ပါက လွှဲပြောင်းပါ ကိုနှိပ်ပါ။

အဆင့် 4 - လွှဲပြောင်းပါ

မကြာမီ လွှဲပြောင်းမှု စတင်ပါမည်။ ပြီးသွားသောအခါ ပြီးပါပြီ ကိုနှိပ်ပါ။

ပြင်ပသိုလှောင်မှုမှ အရန်သိမ်းပြီး ပြန်လည်ရယူပါ
သင်မစတင်မီ

သင့်တွင် Smart Switch အက်ပ်၏ နောက်ဆုံးပေါ်ဗားရှင်းကို သင်၏စက်များတွင် ထည့်သွင်းထားကြောင်း သေချာပါစေ။ အက်ပ်အား ကြိုတင်ထည့်သွင်းထားသော်လည်း Galaxy Store မှလည်း ဒေါင်းလုဒ်လုပ်နိုင်သည်။

ထို့နောက် microSD ကတ်ကို ထည့်သွင်းပါ သို့မဟုတ် USB သိုလှောင်မှုကိရိယာကို သင်၏ Galaxy ဖုန်း သို့မဟုတ် တက်ဘလက်သို့ ချိတ်ဆက်ပါ။

ဘယ်ဘက်တွင် ပြင်ပသိုလှောင်မှုအိုင်ကွန်တစ်ခုရှိသည်။ ညာဘက်တွင် Smart Switch အက်ပ် အိုင်ကွန်ကို ပြသထားသည့် စမတ်ဖုန်းတစ်ခုဖြစ်သည်။ စက်နှစ်ခုအကြား ဒေတာလွှဲပြောင်းပါသည်။
အဆင့် 1 - စဖွင့်ပါ

သင့်ဖုန်းတွင် Smart Switch အက်ပ်ကိုဖွင့်ပြီး ညာဘက်အပေါ်ထောင့်ရှိ SD ကတ်သင်္ကေတကို နှိပ်ပါ။

  • * အက်ပ်များစခရင်ပေါ်ရှိ Samsung ဖိုင်တွဲသို့သွားခြင်းဖြင့် သို့မဟုတ် ဆက်တင်များ > အကောင့်များနှင့် အရန်ကူးခြင်း > Smart Switch သို့သွားခြင်းဖြင့် Galaxy ဖုန်း သို့မဟုတ် တက်ဘလက် တွင် Smart Switch အက်ပ်ကို သင်ရှာနိုင်သည်။
  • * အက်ပ်များစခရင်ပေါ်ရှိ Samsung ဖိုင်တွဲသို့သွားခြင်းဖြင့် သို့မဟုတ် ဆက်တင်များ > အကောင့်များနှင့် အရန်ကူးခြင်း > Smart Switch သို့သွားခြင်းဖြင့် Galaxy ဖုန်း သို့မဟုတ် တက်ဘလက် တွင် Smart Switch အက်ပ်ကို သင်ရှာနိုင်သည်။
အဆင့် 2 - ရွေးချယ်ပါ

အရန်သိမ်းရန် အောက်ရှိ SD ကတ်ကို နှိပ်ပြီး သင့်စက်အဟောင်းမှ သင်အရန်သိမ်းလိုသော ဒေတာကို ရွေးချယ်ပါ။

  • * သင့်ပြင်ပသိုလှောင်မှုတွင် နေရာအလုံအလောက်မရှိပါက၊ အချို့သော အရာများကို ဖြုတ်ပစ်ရန် လိုအပ်နိုင်ပါသည်။ သို့မဟုတ် ဒေတာလွှဲပြောင်းရန် နေရာအလုံအလောက်ရရန် ပြင်ပသိုလှောင်မှုကို သင်ရှင်းလင်းနိုင်ပါသည်။
  • * သင့်ပြင်ပသိုလှောင်မှုတွင် နေရာအလုံအလောက်မရှိပါက၊ အချို့သော အရာများကို ဖြုတ်ပစ်ရန် လိုအပ်နိုင်ပါသည်။ သို့မဟုတ် ဒေတာလွှဲပြောင်းရန် နေရာအလုံအလောက်ရရန် ပြင်ပသိုလှောင်မှုကို သင်ရှင်းလင်းနိုင်ပါသည်။
အဆင့် 3 - အရန်သိမ်းပါ

စခရင်တွင်း ညွှန်ကြားချက်များကို လိုက်နာပါ။ ပြီးသောအခါ၊ ပြီးပါပြီ ကိုနှိပ်ပြီးနောက် စက်အဟောင်းမှ ပြင်ပသိုလှောင်မှုကို ဖယ်ရှားပါ။

အဆင့် 4 - ချိတ်ဆက်ပါ

ထို့နောက် ဒေတာလက်ခံရယူရန် ပြင်ပသိုလှောင်မှုအား Galaxy စက်အသစ်တွင် ထည့်သွင်းပါ။ Smart Switch အက်ပ်ကိုဖွင့်ပြီး SD ကတ်အိုင်ကွန်ကို နှိပ်ပါ။

အဆင့် 5 - ပြန်လည်ရယူပါ

ပြန်လည်ရယူပါကို နှိပ်ပါ။ သင်ပြန်လည်ရယူလိုသည့်အရာကို ရွေးပါ၊ ထို့နောက် ရှေ့သို့ကိုနှိပ်ပါ။

အဆင့် 6 - လွှဲပြောင်းပါ

မကြာမီ လွှဲပြောင်းမှု စတင်ပါမည်။ ရှေ့သို့ကိုနှိပ်၍ ပြီးသွားသောအခါ ပြီးပါပြီ ကိုနှိပ်ပါ။

PC သို့မဟုတ် Mac မှ အရန်သိမ်းပြီး ပြန်လည်ရယူပါ
သင်မစတင်မီ

သင့်စက်များတွင် Smart Switch အက်ပ်၏ နောက်ဆုံးပေါ်ဗားရှင်းကို ထည့်သွင်းထားကြောင်း သေချာပါစေ။

Galaxy ဖုန်း သို့မဟုတ် တက်ဘလက်အတွက် အက်ပ်ကို ကြိုတင်ထည့်သွင်းထားသော်လည်း Galaxy Store မှလည်း ဒေါင်းလုဒ်လုပ်နိုင်ပါသည်။ Smart Switch PC အက်ပ်အတွက်၊ ၎င်းကို သင်၏ Windows PC သို့မဟုတ် Mac တွင် ဒေါင်းလုဒ်လုပ်ပြီး ထည့်သွင်းပါ။

Smart Switch PC ဒေါင်းလုဒ်လင့်ခ်-

  • * လုံခြုံသောဒေတာလွှဲပြောင်းမှုသေချာစေရန် စက်များကို အနည်းဆုံး 20% အားသွင်းထားသည့်အခါ Smart Switch သည် အလုပ်လုပ်မည်ဖြစ်သည်။
စက်သုံးခုကို ပြသထားပြီး သုံးခုစလုံးသည် Smart Switch အက်ပ်အိုင်ကွန်ကို ပြသထားသည်။ ဘယ်ဘက်တွင် စမတ်ဖုန်းတစ်လုံး၊ အလယ်တွင် လက်ပ်တော့တစ်လုံးဖြစ်ပြီး ညာဘက်တွင် စမတ်ဖုန်းအသစ်တစ်လုံးရှိသည်။ ဒေတာများကို ယခင်စမတ်ဖုန်း အဟောင်းမှ လက်ပ်တော့သို့ ဦးစွာလွှဲပြောင်းပြီးနောက် လက်ပ်တော့မှ စမတ်ဖုန်းအသစ်သို့ ပြောင်းရွှေ့သည်။
  • * လုံခြုံသောဒေတာလွှဲပြောင်းမှုသေချာစေရန် စက်များကို အနည်းဆုံး 20% အားသွင်းထားသည့်အခါ Smart Switch သည် အလုပ်လုပ်မည်ဖြစ်သည်။
အဆင့် 1 - ချိတ်ဆက်ပြီး စဖွင့်ပါ

USB ကြိုးကိုသုံးပြီး သင်၏ယခင်ဖုန်း သို့မဟုတ် တက်ဘလက်ကို သင်၏ PC နှင့် ချိတ်ဆက်ပါ။
သင့် PC တွင်၊ Smart Switch အက်ပ်ကိုဖွင့်ပြီး စက်ဟောင်းမှဒေတာကိုသိမ်းဆည်းရန် အရန်သိမ်းပါကို နှိပ်ပါ။

အဆင့် 2 - အရန်သိမ်းရန် ရွေးချယ်ပါ

သင်အရန်သိမ်းလိုသောဒေတာကို ရွေးပါ။ "အားလုံးကိုရွေးပါ" သည် မူရင်းရွေးချယ်မှုဖြစ်သည်၊ သို့သော် သင်ဆန္ဒရှိပါက အချို့သောအရာများကို ဖြုတ်နိုင်သည်။ အမျိုးအစားတစ်ခုအား ကလစ်နှိပ်ခြင်းဖြင့် ထိုအမျိုးအစားအတွင်းရှိ သီးခြားအကြောင်းအရာများကို ရွေးချယ်နိုင်မည်ဖြစ်သည်။ အဆင်သင့်ဖြစ်သောအခါ အရန်သိမ်းခြင်းကို နှိပ်ပါ။

အဆင့် 3 - အရန်သိမ်းပါ

မကြာမီ လွှဲပြောင်းမှု စတင်ပါမည်။ ပြီးသွားသောအခါ ပြီးပါပြီ ကိုနှိပ်ပါ။

အဆင့် 4 - ချိတ်ဆက်ပြီး ပြန်လည်ရယူပါ

ထို့နောက် USB ကြိုးကို အသုံးပြု၍ သင်၏ Galaxy စက်အသစ်ကို သင်၏ PC နှင့် ချိတ်ဆက်ပါ။
သင့် PC တွင် Smart Switch ကိုဖွင့်ပြီး စက်အသစ်သို့ ဒေတာလွှဲပြောင်းရန် ပြန်လည်ရယူပါ ကိုနှိပ်ပါ။

အဆင့် 5 - ပြန်လည်ရယူရန် ရွေးချယ်ပါ

သင်ပြန်လည်ရယူလိုသောဒေတာကို ရွေးချယ်ပြီး ပြန်လည်ရယူပါ ကိုနှိပ်ပါ။

အဆင့် 6 - လွှဲပြောင်းပါ

မကြာမီ လွှဲပြောင်းမှု စတင်ပါမည်။ ပြန်လည်ရယူခြင်းပြီးသွားသောအခါ အိုကေကိုနှိပ်ပါ။

IOS

ဘယ်လိုချိတ်ဆက်ချင်တာပါလဲ။
USB ကြိုးကို အသုံးပြုပါ
သင်မစတင်မီ

သင်က Galaxy စက်တွင် Smart Switch အက်ပ်၏ နောက်ဆုံးပေါ်ဗားရှင်းကို ထည့်သွင်းထားကြောင်း သေချာပါစေ။ အက်ပ်အား ကြိုတင်ထည့်သွင်းထားသော်လည်း Galaxy Store မှလည်း ဒေါင်းလုဒ်လုပ်နိုင်သည်။ သင်သည် iOS စက်တွင် အက်ပ်ကို ထည့်သွင်းရန် မလိုအပ်ပါ။

လွှဲပြောင်းမှုအတွင်း အားသွင်းကိရိယာနှင့်ချိတ်ဆက်၍မရသောကြောင့် စက်နှစ်ခုလုံးကို USB ကြိုးဖြင့်မချိတ်ဆက်မီ မှန်ကန်စွာအားအပြည့် သွင်းထားခြင်းရှိမရှိ စစ်ဆေးပါ။

စမတ်ဖုန်းနှစ်လုံးကို ပြသထားသည်။ ညာဘက်ရှိ ဖုန်းသည် Smart Switch အက်ပ်သင်္ကေတကို ပြသနေသည်။ ဘယ်ဘက်ရှိ ဖုန်းမှ ဒေတာများကို ညာဘက်ရှိ ဖုန်းသို့ လွှဲပြောင်းပေးသည်။
အဆင့် 1 - စဖွင့်ပါ

သင့် Galaxy စက်အသစ်တွင် Smart Switch အက်ပ်ကို စဖွင့်ပါ။ ဒေတာလက်ခံမည်ကို နှိပ်ပါ၊ ထို့နောက် iPhone/iPad ကိုနှိပ်ပါ။

  • * အက်ပ်များစခရင်ပေါ်ရှိ Samsung ဖိုင်တွဲသို့သွားခြင်းဖြင့် သို့မဟုတ် ဆက်တင်များ > အကောင့်များနှင့် အရန်ကူးခြင်း > Smart Switch သို့သွားခြင်းဖြင့် Galaxy ဖုန်း သို့မဟုတ် တက်ဘလက် တွင် Smart Switch အက်ပ်ကို သင်ရှာနိုင်သည်။
  • * အက်ပ်များစခရင်ပေါ်ရှိ Samsung ဖိုင်တွဲသို့သွားခြင်းဖြင့် သို့မဟုတ် ဆက်တင်များ > အကောင့်များနှင့် အရန်ကူးခြင်း > Smart Switch သို့သွားခြင်းဖြင့် Galaxy ဖုန်း သို့မဟုတ် တက်ဘလက် တွင် Smart Switch အက်ပ်ကို သင်ရှာနိုင်သည်။
အဆင့် 2 - ချိတ်ဆက်ပါ

သင်၏ယခင် iOS စက်ကို သင့် Galaxy စက်အသစ်နှင့် ချိတ်ဆက်ရန် Lightning-to-USB-C သို့မဟုတ် USB-C-to-USB-C ကြိုးကို အသုံးပြုပါ။ သင်သည် ပုံမှန်အားသွင်းကြိုးများကဲ့သို့ USB-A ကြိုးကို အသုံးပြုနေပါက၊ USB-C အပေါက်သို့ ပလတ်ထိုးရန် OTG အဒက်တာကို အသုံးပြုနိုင်ပါသည်။

သင့် iPhone သို့မဟုတ် iPad တွင် “ဤကွန်ပြူတာကို ယုံကြည်ပါသလား” သတိပေးချက် ပေါ်လာသည့်အခါ "ယုံကြည်သည်" ကိုနှိပ်ပါ။

  • * OTG အဒက်တာကို သီးသန့်ရောင်းချပါသည်
  • * OTG အဒက်တာကို သီးသန့်ရောင်းချပါသည်
အဆင့် 3 - ရွေးချယ်ပါ

သင်လွှဲပြောင်းလိုသောဒေတာကို ရွေးပါ။ စတင်ရန်အဆင်သင့်ဖြစ်ပါက လွှဲပြောင်းပါ ကိုနှိပ်ပါ။

အဆင့် 4 - လွှဲပြောင်းပါ

မကြာမီ လွှဲပြောင်းမှု စတင်ပါမည်။ ပြီးသွားသောအခါ ပြီးပါပြီ ကိုနှိပ်ပါ။

အပိုဆောင်း အကြံပြုချက်များ

သင့် iOS စက်ရှိ သင်၏ WhatsApp ချတ်များနှင့် ဓာတ်ပုံများကို သင်၏ Samsung Galaxy အသစ်သို့ လွှဲပြောင်းနိုင်သည်။

အောက်ပါအဆင့်များကို လုပ်ဆောင်ပါ-

  1. 1. လွှဲပြောင်းရန် ဒေတာကို ရွေးချယ်သောအခါ၊ အက်ပ်များ မီနူးအောက်ရှိ “WhatsApp” ကို ရွေးချယ်ပြီး လွှဲပြောင်းမည်ကို နှိပ်ပါ။
  2. 2. QR ကုဒ်ကို စကင်န်ဖတ်ပြီး သင့် iPhone ပေါ်တွင် စတင်ပါ ကို နှိပ်ပါ။
  • * iOS စက်တွင် WhatsApp ၏ နောက်ဆုံးဗားရှင်း လိုအပ်သည်။
  • * စက်အသစ်ပေါ်တွင် WhatsApp အကောင့်မဝင်ခင်သာ WhatsApp ချတ်မှတ်တမ်းကို လွှဲပြောင်းနိုင်သည်။ မလွှဲပြောင်းခင် သို့မဟုတ် Smart Switch ဒေတာ လွှဲပြောင်းမှု မပြီးခင် WhatsApp သို့ တစ်ယောက်ယောက် အကောင့်ဝင်ပါက၊ အက်ပ်ဒေတာကို လွှဲပြောင်းပေးမည်မဟုတ်ပါ။

Use Wi-Fi
သင်မစတင်မီ

သင့်စက်နှစ်လုံးစလုံးတွင် Smart Switch အက်ပ်၏ နောက်ဆုံးပေါ်ဗားရှင်းကို ထည့်သွင်းထားကြောင်း သေချာပါစေ။ ၎င်းအက်ပ်သည် Galaxy ကိရိယာ အသစ်များတွင် ကြိုတင်၍ ထည့်သွင်းထားပြီးဖြစ်သော်လည်း Galaxy Store မှလည်း ဒေါင်းလုဒ်ဆွဲ၍ ရယူနိုင်ပါသည်။ Apple ၏ App Store မှလည်း Smart Switch အက်ပ်အား ဒေါင်းလုဒ်ဆွဲ၍ သင်၏ iPhone သို့မဟုတ် iPad အတွင်းသို့ ထည့်သွင်းနိုင်ပါသည်။

လုံခြုံသောဒေတာလွှဲပြောင်းမှုသေချာစေရန် စက်များကို အနည်းဆုံး 20% အားသွင်းထားသည့်အခါ Smart Switch သည် အလုပ်လုပ်မည်ဖြစ်သည်။

Smart Switch မိုဘိုင်း ဒေါင်းလုဒ်လင့်ခ် -

စမတ်ဖုန်း နှစ်လုံးအား အနည်းငယ် နေရာခြား၍ ချထားပါ။ စခရင်မျက်နှာပြင် နှစ်ခုစလုံးပေါ်၌ Smart Switch လိုဂိုတံဆိပ်အား တွေ့ရှိရပေမည်။ ဘယ်ဘက်တွင် စမတ်ဖုန်းပေါ်မှ အစပြုသော မြားတစ်စင်းသည် ညာဘက် စမတ်ဖုန်းသို့ သွားနေသည်ကို တွေ့မြင်နိုင်ပြီး ဒေတာများ လွှဲပြောင်းလျက်ရှိသည်ကို ပြသနေခြင်း ဖြစ်သည်။
အဆင့် ၁ − စတင်ပါ

သင်၏ Galaxy ကိရိယာအသစ်ပေါ်တွင် Smart Switch အက်ပ်အား စဖွင့်လိုက်ပါ။ "ဒေတာများ လက်ခံရယူရန် (Receive data)" အား နှိပ်လိုက်ပါ၊ ထို့နောက် "iPhone/iPad" အား နှိပ်လိုက်ပါ။

  • * အက်ပ် စခရင်ပေါ်ရှိ Samsung ဖိုင်တွဲသို့ သွားခြင်းဖြင့်သော်လည်းကောင်း သို့မဟုတ် ဆက်တင်များ(Settings) > အကောင့်များနှင့် အရန်ထားရှိမှု (Accounts and backup) > Smart Switch ဟူ၍ တစ်ဆင့်ချင်း သွား၍သော်လည်းကောင်း သင်၏ Galaxy ဖုန်း သို့မဟုတ် တက်ဘလက်တွင် Smart Switch အက်ပ်ကို ရှာနိုင်ပါသည်။

အဆင့် ၂ − ချိတ်ဆက်ပါ

သင်၏ iOS ကိရိယာနှင့် သင်၏ Galaxy ကိရိယာအသစ်အား ချိတ်ဆက်ဖို့ရန်အတွက် “ကြိုးမဲ့ လွှဲပြောင်းရန် (Transfer wirelessly)” ကို နှိပ်ပါ။

  • * အကယ်၍ သင့်တွင် ဒေတာ ပမာဏ အများအပြား လွှဲပြောင်းရဖို့ ရှိနေလျှင် ကြိုးဖြင့် ချိတ်ဆက်၍ အသုံးပြုရန် အကြံပြုအပ်ပါသည်၊ ၎င်းသည် ပိုမိုများပြားသော ဒေတာများအား တစ်ကြိမ်တည်း လွှဲပြောင်းပေးနိုင်သောကြောင့် ဖြစ်သည်။ အဆိုပါ လွှဲပြောင်းမှုကာလအတွင်း အားသွင်းကြိုးဖြင့် ချိတ်ဆက်နိုင်ခြင်း မရှိသည်ဖြစ်ရာ သင့် ကိရိယာများအား ကြိုတင်၍ လုံလောက်စွာ အားသွင်းထားကြောင်း သေချာအောင် ဆောင်ရွက်ပါ။


အဆင့် ၂ − ချိတ်ဆက်ပါ

"သင့် iPhone သို့မဟုတ် iPad အတွက် Smart Switch အား ရယူရန် (Get Smart Switch on your iPhone or iPad)" ပေါ်တွင် နှိပ်၍ QR ကုဒ်အား စကန်ဖတ်ခြင်းအားဖြင့် Smart Switch အက်ပ်အား ဒေါင်းလုဒ်ဆွဲရယူပါ။

အဆင့် ၃ - ရွေးချယ်ပါ

သင် လွှဲပြောင်းလိုသည့် ဒေတာများအား ရွေးချယ်ပါ။ သင် စတင်ဖို့ အသင့်ဖြစ်သည့်အခါ၌ “လွှဲပြောင်းရန် (Transfer)" အား နှိပ်ပါ။
သင်၏ ဆက်သွယ်လိပ်စာများ၊ ပြက္ခဒိန်၊ ရုပ်ပုံများနှင့် ဗီဒီယိုများကို သင် လွှဲပြောင်းနိုင်ပါသည်။

အဆင့် ၄ - လွှဲပြောင်းပါ

ခဏအကြာတွင် လွှဲပြောင်းမှု စတင်မည် ဖြစ်သည်။ ပြီးဆုံးသွားသည့်အခါ၌ Done (ပြီးပါပြီ) အား နှိပ်လိုက်ပါ။

  • * လွှဲပြောင်းနေစဉ်အတွင်း သင်၏ iPhone သို့မဟုတ် iPad ပေါ်ရှိ Smart Switch အား ဆက်လက်ဖွင့်လှစ်ထားပါ
  • * လွှဲပြောင်းနေစဉ်အတွင်း သင်၏ iPhone သို့မဟုတ် iPad ပေါ်ရှိ Smart Switch အား ဆက်လက်ဖွင့်လှစ်ထားပါ
iTunes (Finder) backup data ကို PC သို့ Mac မှ လွှဲပြောင်းပါ
သင်မစတင်မီ

သင့်စက်များတွင် Smart Switch အက်ပ်၏ နောက်ဆုံးပေါ်ဗားရှင်းကို ထည့်သွင်းထားကြောင်း သေချာပါစေ။

Galaxy ဖုန်း သို့မဟုတ် တက်ဘလက်အတွက် အက်ပ်ကို ကြိုတင်ထည့်သွင်းပြီးဖြစ်သည် သို့သော်လည်း Galaxy Store မှလည်း ဒေါင်းလုဒ်လုပ်နိုင်ပါသည်။ Smart Switch PC အက်ပ်အတွက်၊ ၎င်းကို သင်၏ Windows PC သို့မဟုတ် Mac တွင် ဒေါင်းလုဒ်လုပ်ပြီး ထည့်သွင်းပါ။

Smart Switch PC ဒေါင်းလုဒ်လင့်ခ်-

လက်ပ်တော့တစ်လုံးနှင့် စမတ်ဖုန်းတစ်လုံးတို့ကို ပြသထားသည်။ နှစ်ခုစလုံးသည် Smart Switch အက်ပ်အိုင်ကွန်ကို ပြသနေသည်။ လက်ပ်တော့မှ ဖုန်းသို့ ဒေတာ လွှဲပြောင်းပေးသည်
အဆင့် 1 - အရန်သိမ်းပါ

သင်၏နောက်ဆုံး ဒေတာအားလုံးကို Smart Switch အတွက်အဆင်သင့်ဖြစ်ကြောင်း သေချာစေရန်၊ သင့် iOS စက်ကို iTunes (Finder) ဖြင့် သင်၏ PC သို့မဟုတ် Mac တွင် အရန်သိမ်းပါ။

အဆင့် 2 - ချိတ်ဆက်ပါ

USB ကြိုးကို အသုံးပြု၍ သင့်ဖုန်းကို သင့် PC နှင့် ချိတ်ဆက်ပါ။ သင့် PC တွင် Smart Switch ကိုဖွင့်ပြီး ပြန်လည်ရယူပါ ကိုနှိပ်ပါ။

အဆင့် 3 - ပြန်လည်ရယူပါ

သင်ပြန်လည်ရယူလိုသော iTunes (Finder) အရန်ဒေတာကို ရွေးချယ်ပြီး ပြန်လည်ရယူပါ ကိုနှိပ်ပါ။

အဆင့် 4 - လွှဲပြောင်းပါ

မကြာမီ လွှဲပြောင်းမှု စတင်ပါမည်။ ပြီးသွားသောအခါ ပြီးပါပြီ ကိုနှိပ်ပါ။

iCloud ဒေတာကို ရွှေ့ပြောင်းပါ
သင်မစတင်မီ

သင့်တွင် Smart Switch အက်ပ်၏ နောက်ဆုံးပေါ်ဗားရှင်းကို သင်၏ Galaxy ဖုန်း သို့မဟုတ် တက်ဘလက်တွင် ထည့်သွင်းထားကြောင်း သေချာပါစေ။ အက်ပ်အား ကြိုတင်ထည့်သွင်းထားသော်လည်း Galaxy Store မှလည်း ဒေါင်းလုဒ်လုပ်နိုင်သည်။

လုံခြုံသောဒေတာလွှဲပြောင်းမှု တစ်ခုသေချာစေရန် စက်များကို အနည်းဆုံး 20% အားသွင်းထားသည့်အခါ Smart Switch သည် အလုပ်လုပ်မည်ဖြစ်သည်။

iCloud သင်္ကေတနှင့် Smart Switch အက်ပ်အိုင်ကွန်ကိုပြသသည့် စမတ်ဖုန်းကို ပြသထားသည်။ ဒေတာများကို iCloud မှဖုန်းသို့လွှဲပြောင်းပါသည်။
အဆင့် 1 - iCloud သို့ စင့်ခ်လုပ်ပါ

သင်၏နောက်ဆုံး ဒေတာအားလုံးကို Smart Switch အတွက်အဆင်သင့်ဖြစ်ကြောင်း သေချာစေရန် သင့် iOS စက်ကို iCloud သို့ စင့်ခ်လုပ်ပါ။

  1. 1. သင့် iPhone သို့မဟုတ် iPad တွင်၊ ဆက်တင်များသို့ သွားပါ၊ သင့်အမည်ကို နှိပ်ပါ၊ ထို့နောက် iCloud ကို နှိပ်ပါ။ ထို့နောက် အားလုံးပြသပါကိုနှိပ်ပါ။
  2. 2. ဓာတ်ပုံများကို ရွေးချယ်ပြီး ဤ iPhone (သို့မဟုတ် iPad) စင့်ခ်လုပ်ခြင်းကို ဖွင့်ပါ။
  3. 3. iCloud သို့ပြန်သွားပြီး iCloud Drive ကိုရွေးချယ်ပါ၊ ထို့နောက် ဤ iPhone (သို့မဟုတ် iPad) စင့်ခ်လုပ်ခြင်းကို ဖွင့်ပါ။
  4. 4. iCloud သို့ပြန်သွားပြီး စာမျက်နှာများ၊ နံပါတ်များနှင့် ကီးမှတ်စုကို ဖွင့်ပါ။
  5. 5. iCloud သို့ပြန်သွားပြီး Notes ကိုရွေးချယ်ပါ၊ ထို့နောက် ဤ iPhone (သို့မဟုတ် iPad) စင့်ခ်လုပ်ခြင်းကို ဖွင့်ပါ။
  6. 6. iCloud သို့ပြန်သွားပြီး Contacts အဆက်အသွယ်များ၊ ပြက္ခဒိန်များနှင့် သတိပေးချက်များကို ဖွင့်ပါ။
အဆင့် 2 - စဖွင့်ပါ

သင့် စက်အသစ်တွင် Smart Switch အက်ပ်ကို ဖွင့်ပြီး ဒေတာလက်ခံမည်ကို နှိပ်ပါ၊ ထို့နောက် iPhone/iPad ကိုနှိပ်ပါ။

  • * အက်ပ်များစခရင်ပေါ်ရှိ Samsung ဖိုင်တွဲသို့သွားခြင်းဖြင့် သို့မဟုတ် ဆက်တင်များ > အကောင့်များနှင့် အရန်ကူးခြင်း > Smart Switch သို့သွားခြင်းဖြင့် Galaxy ဖုန်း သို့မဟုတ် တက်ဘလက် တွင် Smart Switch အက်ပ်ကို သင်ရှာနိုင်သည်။
  • * အက်ပ်များစခရင်ပေါ်ရှိ Samsung ဖိုင်တွဲသို့သွားခြင်းဖြင့် သို့မဟုတ် ဆက်တင်များ > အကောင့်များနှင့် အရန်ကူးခြင်း > Smart Switch သို့သွားခြင်းဖြင့် Galaxy ဖုန်း သို့မဟုတ် တက်ဘလက် တွင် Smart Switch အက်ပ်ကို သင်ရှာနိုင်သည်။
အဆင့် 3 - ချိတ်ဆက်ပါ

၎င်းအစား iCloud မှဒေတာရယူပါ ကိုနှိပ်ပါ။ သင်၏ Apple ID သို့မဟုတ် အီးမေးလ်လိပ်စာနှင့် စကားဝှက်ကို ထည့်သွင်းပြီး iCloud သို့ အကောင့်ဝင်ရန် ကိုနှိပ်ပါ။

အဆင့် 4 - ရွေးချယ်ပါ

သင်လွှဲပြောင်းလိုသော iCloud ဒေတာကို ရွေးချယ်ပါ၊ ထို့နောက် လွှဲပြောင်းပါကို နှိပ်ပါ။

အဆင့် 5 - လွှဲပြောင်းပါ

မကြာမီ လွှဲပြောင်းမှု စတင်ပါမည်။ ပြီးသွားသောအခါ ပြီးပါပြီ ကိုနှိပ်ပါ။

အခြား Android

ဘယ်လိုချိတ်ဆက်ချင်တာပါလဲ။
Wi-Fi သို့မဟုတ် USB ကြိုးကို အသုံးပြုပါ
သင်မစတင်မီ

သင့်တွင် Smart Switch အက်ပ်၏ နောက်ဆုံးပေါ်ဗားရှင်းကို စက်နှစ်ခုလုံးတွင် ထည့်သွင်းထားကြောင်း သေချာပါစေ။ အက်ပ်အား Galaxy စက်အသစ်တွင် ကြိုတင်ထည့်သွင်းထားသော်လည်း Galaxy Store သို့မဟုတ် Google Play Store မှလည်း ဒေါင်းလုဒ်လုပ်နိုင်ပါသည်။

လုံခြုံသောဒေတာလွှဲပြောင်းမှုသေချာစေရန် စက်များကို အနည်းဆုံး 20% အားသွင်းထားသည့်အခါ Smart Switch သည် အလုပ်လုပ်မည်ဖြစ်သည်။

စမတ်ဖုန်းနှစ်လုံးကို ပြသထားသည်။ နှစ်ခုစလုံးသည် Smart Switch အက်ပ်အိုင်ကွန်ကို ပြသနေသည်။ ဘယ်ဘက်ရှိ ဖုန်းမှ ဒေတာများကို ညာဘက်ရှိ ဖုန်းသို့ လွှဲပြောင်းပေးသည်
အဆင့် 1 - စဖွင့်ပါ

သင့် Galaxy ဖုန်းအသစ်တွင် Smart Switch အက်ပ်ကိုဖွင့်ပြီး ဒေတာလက်ခံမည်ကို နှိပ်ပါ။ ထို့နောက် Galaxy/Android ကိုနှိပ်ပါ။

  • * အက်ပ်များစခရင်ပေါ်ရှိ Samsung ဖိုင်တွဲသို့သွားခြင်းဖြင့် သို့မဟုတ် ဆက်တင်များ > အကောင့်များနှင့် အရန်ကူးခြင်း > Smart Switch သို့သွားခြင်းဖြင့် Galaxy ဖုန်း သို့မဟုတ် တက်ဘလက် တွင် Smart Switch အက်ပ်ကို သင်ရှာနိုင်သည်။
  • * အက်ပ်များစခရင်ပေါ်ရှိ Samsung ဖိုင်တွဲသို့သွားခြင်းဖြင့် သို့မဟုတ် ဆက်တင်များ > အကောင့်များနှင့် အရန်ကူးခြင်း > Smart Switch သို့သွားခြင်းဖြင့် Galaxy ဖုန်း သို့မဟုတ် တက်ဘလက် တွင် Smart Switch အက်ပ်ကို သင်ရှာနိုင်သည်။
အဆင့် 2 - ချိတ်ဆက်ပါ

သင့်စက်အဟောင်းကို သင့် Galaxy ဖုန်းအသစ်နှင့် ချိတ်ဆက်ရန် ကြိုးမဲ့ချိတ်ဆက်မှုကို ရွေးချယ်ပါ သို့မဟုတ် သို့မဟုတ် USB ကြိုးကို အသုံးပြုပါ။

  • * သင့်တွင် လွှဲပြောင်းရန် ဒေတာပမာဏ အများအပြားရှိပါက၊ ပိုမိုမြန်သောကြောင့် ကြိုးတပ်ချိတ်ဆက်မှုကို အကြံပြုပါသည်။ ယင်းကဲ့သို့ လွှဲပြောင်းချိန်တွင် အားသွင်းကိရိယာနှင့် ချိတ်ဆက်၍မရသောကြောင့် သင့်စက်များကို အားအပြည့် သွင်းထားကြောင်း သေချာပါစေ။
  • * သင့်တွင် လွှဲပြောင်းရန် ဒေတာပမာဏ အများအပြားရှိပါက၊ ပိုမိုမြန်သောကြောင့် ကြိုးတပ်ချိတ်ဆက်မှုကို အကြံပြုပါသည်။ ယင်းကဲ့သို့ လွှဲပြောင်းချိန်တွင် အားသွင်းကိရိယာနှင့် ချိတ်ဆက်၍မရသောကြောင့် သင့်စက်များကို အားအပြည့် သွင်းထားကြောင်း သေချာပါစေ။
အဆင့် 3 - ရွေးချယ်ပါ

သင်လွှဲပြောင်းလိုသောဒေတာကို ရွေးပါ။ စတင်ရန်အဆင်သင့်ဖြစ်ပါက လွှဲပြောင်းပါ ကိုနှိပ်ပါ။

အဆင့် 4 - လွှဲပြောင်းပါ

မကြာမီ လွှဲပြောင်းမှု စတင်ပါမည်။ ပြီးသွားသောအခါ ပြီးပါပြီ ကိုနှိပ်ပါ။

ပြင်ပသိုလှောင်မှုမှ အရန်သိမ်းပြီး ပြန်လည်ရယူပါ
သင်မစတင်မီ

သင့်တွင် Smart Switch အက်ပ်၏ နောက်ဆုံးပေါ်ဗားရှင်းကို သင်၏ စက်ကိရိယာများတွင် ထည့်သွင်းထားကြောင်း သေချာပါစေ။ အက်ပ်အား Galaxy စက်အသစ်တွင် ကြိုတင်ထည့်သွင်းထားသော်လည်း Galaxy Store သို့မဟုတ် Google Play Store မှလည်း ဒေါင်းလုဒ်လုပ်နိုင်ပါသည်။

ထို့နောက် microSD ကတ်ကို ထည့်သွင်းပါ သို့မဟုတ် USB သိုလှောင်မှုကိရိယာကို သင်၏ စက်အဟောင်းသို့ ချိတ်ဆက်ပါ။

စက်သုံးခုကို ပြသထားပြီး သုံးခုစလုံးသည် Smart Switch အက်ပ်အိုင်ကွန်ကို ပြသထားသည်။ ဘယ်ဘက်တွင် စမတ်ဖုန်းတစ်လုံး၊ အလယ်တွင် လက်ပ်တော့တစ်လုံးဖြစ်ပြီး ညာဘက်တွင် စမတ်ဖုန်းအသစ်တစ်လုံးရှိသည်။ ဒေတာများကို ယခင်စမတ်ဖုန်း အဟောင်းမှ လက်ပ်တော့သို့ ဦးစွာလွှဲပြောင်းပြီးနောက် လက်ပ်တော့မှ စမတ်ဖုန်းအသစ်သို့ ပြောင်းရွှေ့သည်။
အဆင့် 1 - စဖွင့်ပါ

သင့်စက်အဟောင်းတွင် Smart Switch အက်ပ်ကိုဖွင့်ပြီး ညာဘက်အပေါ်ထောင့်ရှိ SD ကတ်သင်္ကေတကို နှိပ်ပါ။ ပြီးလျှင် အရန်သိမ်းမည် အောက်ရှိ SD ကတ်ကိုနှိပ်ပါ။

  • * Smart Switch အက်ပ် ကို “Galaxy Store” သို့မဟုတ် “Google Play Store” မှ ဒေါင်းလုဒ်လုပ်နိုင်ပါသည်။
  • * Smart Switch အက်ပ် ကို “Galaxy Store” သို့မဟုတ် “Google Play Store” မှ ဒေါင်းလုဒ်လုပ်နိုင်ပါသည်။
အဆင့် 2 - ရွေးချယ်ပြီး အရန်သိမ်းပါ

သင်အရန်သိမ်းလိုသောဒေတာကို ရွေးပြီး ရှေ့သို့ကိုနှိပ်ပါ။ လွှဲပြောင်းမှုပြီးမြောက်သောအခါ၊ ပြီးပါပြီ ကိုနှိပ်ပါ။

  • * သင့်ပြင်ပသိုလှောင်မှုတွင် နေရာအလုံအလောက်မရှိပါက၊ အချို့သော အရာများကို ဖြုတ်ပစ်ရန် လိုအပ်နိုင်ပါသည်။ သို့မဟုတ် ဒေတာလွှဲပြောင်းရန် နေရာအလုံအလောက်ရရန် ပြင်ပသိုလှောင်မှုကို သင်ရှင်းလင်းနိုင်ပါသည်။
  • * သင့်ပြင်ပသိုလှောင်မှုတွင် နေရာအလုံအလောက်မရှိပါက၊ အချို့သော အရာများကို ဖြုတ်ပစ်ရန် လိုအပ်နိုင်ပါသည်။ သို့မဟုတ် ဒေတာလွှဲပြောင်းရန် နေရာအလုံအလောက်ရရန် ပြင်ပသိုလှောင်မှုကို သင်ရှင်းလင်းနိုင်ပါသည်။
အဆင့် 3 - ချိတ်ဆက်ပါ

ထို့နောက်၊ SD ကတ်တစ်ခုထည့်ပါ သို့မဟုတ် USB သိုလှောင်မှုကိရိယာကို သင်၏ Galaxy ဖုန်းအသစ်သို့ ချိတ်ဆက်ပါ။ Smart Switch အက်ပ်ကိုဖွင့်ပြီး ညာဘက်အပေါ်ထောင့်ရှိ SD ကတ်သင်္ကေတကို နှိပ်ပါ။

အဆင့် 4 - ပြန်လည်ရယူပါ

ပြန်လည်ရယူပါကို နှိပ်ပါ။ သင်ပြန်လည်ရယူလိုသည့်အရာကို ရွေးပါ၊ ထို့နောက် ရှေ့သို့ကိုနှိပ်ပါ။

အဆင့် 5 - လွှဲပြောင်းပါ

မကြာမီ လွှဲပြောင်းမှု စတင်ပါမည်။ ပြီးသွားသောအခါ ပြီးပါပြီ ကိုနှိပ်ပါ။

လွှဲပြောင်းမှုသည် မည်မျှ လွယ်ကူကြောင်း ကြည့်ရှုပါ

သင်၏ Watch အက်ပ်များ၊ နောက်ခံများ၊ ဆက်တင်များနှင့် နောက်ထပ်အရာများစွာတို့ကို သင်၏ Samsung Galaxy ကိရိယာအသစ်ထဲသို့ အလွယ်တကူ လွှဲပြောင်းလိုက်ပါ။ Smart Switch အသုံးပြု၍ လွှဲပြောင်းမှု ပြုလုပ်စဉ်အခါ၌ ဒေတာ ရွေးချယ်စရာများထဲတွင် သင်၏ Watch ဒေတာကို ရွေးချယ်လိုက်ရုံသာ ဖြစ်သည်။

* ဤလုပ်ဆောင်ချက်ကို Android 13 OS (T OS) နှင့် အထက်ရှိသော Wear OS တွင် အသုံးပြုနိုင်ပြီး ဖုန်း အဟောင်းနှင့် အသစ် နှစ်မျိုးစလုံးသည် GMS v23.15.17 သို့မဟုတ် ၎င်းအထက် ရှိထားရမည် ဖြစ်သည်။ Galaxy Watch အား အသုံးပြုသူ၏ ဖုန်းအဟောင်းဖြင့် ချိတ်ဆက်ထားရပေမည်။ အသုံးပြုသူ၏ ဖုန်းအဟောင်း နှင့် ဖုန်းအသစ် နှစ်မျိုးစလုံးသည် တူညီသော Samsung အကောင့်နှင့် Google ဖြင့် စာရင်းသွင်းဝင်ရောက်နေရမည် ဖြစ်သည်။

မေးလေ့ရှိသော မေးခွန်းများ

  • Smart Switch တွဲဖက်သုံးနိုင်သော စက်များအတွက် အောက်တွင် နည်းပညာဆိုင်ရာ လိုအပ်ချက်များကို စစ်ဆေးပါ။

    ဖုန်း/တက်ဘလက်
    Phone and Tablet
    Galaxy/Android iOS
    Android OS 4.3 or later versions iOS 5.0 or later versions
    - When using Wi-Fi, Smart Switch is supported on iOS 12 or later versions.
    အရန်သိမ်းခြင်းနှင့် ပြန်လည်ရယူရန်အတွက် PC
    အရန်သိမ်းခြင်းနှင့် ပြန်လည်ရယူရန်အတွက် PC
    Windows PC MAC
    Windows OS 10 or later versions
    - If Microsoft Media Feature Pack is not installed on your PC,
    download it from here
    MacOS X 10.9 or later versions
  • Smart Switch ပေါ်တွင် မည်သည့် ကိရိယာမှ ဒေတာများအား လွှဲပြောင်းလိုကြောင်း သင် ရွေးချယ်နိုင်ပြီး၊ လွှဲပြောင်းနိုင်သည့် ဒေတာ အမျိုးအစားများကို ကြည့်ရှုနိုင်ပါသည်။ သင့်ယခင်စက်သည် Samsung Galaxy မော်ဒယ်တစ်ခု ဖြစ်ပါက သင့် မက်ဆေ့ဂ်ျများ၊ မာလ်တီမီဒီယာအကြောင်းအရာများ၊ Wi-Fi ဆက်တင်များနှင့် သင့် ပင်မစခရင် ဆက်တင်များ အားလုံး အပါအဝင် အရာအားလုံးကို သင် လွှဲပြောင်းနိုင်မည်ဖြစ်သည်။
    Smart Switch မှ လွှဲပြောင်းပေးနိုင်သည့် ဒေတာအမျိုးအစားများနှင့်ပတ်သက်၍ အောက်တွင် အသေးစိတ်ကြည့်ရှုပါ။

    Types of data the Smart Switch transfers(Android Devices to Galaxy)
    item Android Devices → Galaxy
    Galaxy → Galaxy
    Wi-Fi Direct / Cable
    Other → Galaxy
    Wi-Fi / Cable
    Contact Contacts (including photos) Transferable Transferable
    Messages SMS, MMS Transferable Transferable
    Gallery Photos Transferable Transferable
    Music Music (DRM-free content) Transferable Transferable
    Playlists Transferable Transferable
    Videos Videos (DRM-free content) Transferable Transferable
    Documents PPT, XLS, DOC, PDF Transferable Transferable
    Calls Call log Transferable Transferable
    Missed calls Transferable Transferable
    Call block list Transferable Non-transferable
    Alarm/Time Alarm time, On/Off, Other settings Transferable Non-transferable
    World clock list Transferable Non-transferable
    Voice memos Voice recordings, Memo files Transferable Non-transferable
    Internet Bookmark, Most visited sites Transferable Transferable
    Calendar Schedule Transferable (Device content only) Transferable (Device content only)
    Memos Memo content, Date Transferable Non-transferable
    Home Home layout
    (icon positions, app folders, etc.)
    Transferable Non-transferable
    Installed apps (folder) Transferable Transferable
    App data transfer (may vary by app) Transferable Non-transferable
    Home/Lock screen Image Transferable Non-transferable
    Settings Basic Settings
    (Keyboard, Ringtone, Accessibility, Language, B/T, Notification, ETC)
    Transferable Non-transferable
    Timeout Transferable Transferable
    Dark mode Transferable Transferable
    NFC Transferable Transferable
    Location Transferable Transferable
    Vibration Feedback Transferable Transferable
    Wearable Watch Transferable Transferable
    • * လွှဲပြောင်းနိုင်သော ဒေတာစာရင်းသည် သတိပေးချက်မရှိဘဲ ပြောင်းလဲနိုင်သည်။
    • * ဖတ်ရန်သီးသန့် အဆက်အသွယ်များ၊ အရေးပေါ်သတိပေးချက်များ၊ ယာယီမက်ဆေ့ချ်များ၊ မက်ဆေ့ချ်များ ပေးပို့ရန် ပျက်ကွက်ခြင်း၊ စင့်ခ်လုပ်ထားသော အကောင့်များမှ ပြက္ခဒိန်၊ ပြင်ပဝန်ဆောင်မှုပေးသူ၏မူဝါဒဖြင့် ကာကွယ်ပေးထားသည့် ချတ်မှတ်တမ်း သို့မဟုတ် အခြားသော ဒေတာများ၊ ကုဒ်ဝှက်ထားသော သို့မဟုတ် DRM (ဒစ်ဂျစ်တယ်အခွင့်အရေးစီမံခန့်ခွဲမှု)-ကာကွယ်ထားသော မီဒီယာဖိုင် သို့မဟုတ် ကိုယ်ရေးကိုယ်တာအက်ပ်ဒေတာ၊ နောက်ခံပုံ (ကြိုတင်ထည့်သွင်းထားမှု နှင့် Galaxy Themes) တို့ကဲ့သို့သော ဒေတာအချို့ကို လွှဲပြောင်း၍မရပါ။
  • အကယ်၍ သင်၏ ကိရိယာအဟောင်းသည် iOS မော်ဒယ်တစ်ခုဖြစ်လျှင် သင်၏ ဆက်သွယ်လိပ်စာများ၊ စာများနှင့် မီဒီယာဖိုင်များ အားလုံးအား သင် လွှဲပြောင်းနိုင်ဆဲ ဖြစ်သည်။ iOS အက်ပ် အချို့ကိုမူ သင် လွှဲပြောင်းနိုင်မည် မဟုတ်ပေ၊ သို့သော် Smart Switch သည် ၎င်းနှင့်အလားတူ အက်ပ်များအား သင်၏ Galaxy ကိရိယာအသစ်အတွက် အကြံပြုပေးမည် ဖြစ်သည်။

    Types of data the Smart Switch transfers(iOS Devices to Galaxy)
    Item iOS → Galaxy
    iCloud Cable PC Wireless
    Contact Contacts (including photos) Transferable Transferable Transferable Transferable
    Messages SMS, MMS Non-transferable Transferable Transferable Non-transferable
    iMessages Non-transferable Transferable Transferable Non-transferable
    Photos Taken photos/ Download photos Transferable Transferable Transferable Transferable
    Music Music (include D/L) (DRM-free content) N/A Transferable N/A Non-transferable
    Playlists N/A Transferable N/A Non-transferable
    Videos Recorded videos & DRM-free content Transferable Transferable Transferable Transferable
    Documents Pages/Keynotes/Numbers Transferable Transferable Transferable Non-transferable
    PPT, XLS, DOC, PDF Transferable Transferable Transferable Non-transferable
    Calls Call log (including Facetime) Non-transferable Non-transferable Non-transferable Non-transferable
    Missed calls Non-transferable Non-transferable Non-transferable Non-transferable
    Call block list Non-transferable Transferable Transferable Non-transferable
    Alarm/Time Alarm time, On/Off, Other settings Non-transferable Transferable Transferable Non-transferable
    World clock list Non-transferable Transferable Transferable Non-transferable
    Voice memos Voice memo titles, Files Non-transferable Transferable Transferable Non-transferable
    Internet Bookmarks, Reading list Non-transferable Transferable Transferable Non-transferable
    Calendar Schedule Transferable Transferable Transferable Transferable
    Memo Memo content, Dates Transferable Transferable Transferable Non-transferable
    Reminders Reminder list Transferable Transferable Transferable Transferable
    Home Installed apps (folders) Non-transferable Partially transferable Partially transferable Non-transferable
    Home layout Non-transferable Transferable Non-transferable Non-transferable
    Home/Lock screen Image Transferable Transferable Transferable Non-transferable
    • * ဖတ်ရန်သီးသန့် အဆက်အသွယ်များ၊ အရေးပေါ်သတိပေးချက်များ၊ ယာယီမက်ဆေ့ခ်ျများ၊ မက်ဆေ့ခ်ျများ ပေးပို့ရန် ပျက်ကွက်ခြင်း၊ စင့်ခ်လုပ်ထားသော အကောင့်များမှ ပြက္ခဒိန်၊ ပြင်ပဝန်ဆောင်မှုပေးသူ၏မူဝါဒဖြင့် ကာကွယ်ပေးထားသည့် ချတ်မှတ်တမ်း သို့မဟုတ် အခြားသော ဒေတာများ၊ ကုဒ်ဝှက်ထားသော သို့မဟုတ် DRM (ဒစ်ဂျစ်တယ်အခွင့်အရေးစီမံခန့်ခွဲမှု)-ကာကွယ်ထားသော မီဒီယာဖိုင် သို့မဟုတ် ကိုယ်ရေးကိုယ်တာအက်ပ်ဒေတာ၊ နောက်ခံပုံ (ကြိုတင်ထည့်သွင်းထားမှု နှင့် Galaxy Themes) တို့ကဲ့သို့သော ဒေတာအချို့ကို လွှဲပြောင်း၍မရပါ။
    • * Home (ပင်မစာမျက်နှာ) အောက် - ထည့်သွင်းထားသော အက်ပ်များ (ဖိုင်တွဲများ) - ကေဘယ်ကြိုး − iOS အက်ပ်များဖြင့် တူညီသော အခမဲ့ အက်ပ်များကိုမူ အလိုအလျောက် ထည့်သွင်းပေးသွားသည် (အက်ပ်ဒေတာများ မပါဝင်ပေ)။
    • * Home (ပင်မစာမျက်နှာ) အောက် - ထည့်သွင်းထားသော အက်ပ်များ (ဖိုင်တွဲများ) - PC − အက်ပ် စာရင်းကိုသာလျှင် ပြသသည် (အလိုအလျောက် ထည့်သွင်းပေးမှုအား ထောက်ပံ့ထားခြင်း မရှိပေ)။
  • Smart Switch ကို အသစ်ထွက် Samsung Galaxy ဖုန်းများ သို့မဟုတ် တက်ဘလက်အများစုတွင် ကြိုတင်ထည့်သွင်းထားပြီးဖြစ်ပါသည်။
    ၎င်းကို ပင်မစခရင်တွင် သို့မဟုတ် ဆက်တင်များ > အကောင့်များနှင့် အရန်သိမ်းခြင်း > Smart Switch တွင် သင်တွေ့နိုင်ပါသည်။
    အဟောင်းများ သို့မဟုတ် အခြား Android စက်များတွင်၊ Galaxy Store သို့မဟုတ် Google Play Store မှ ၎င်းကို ဒေါင်းလုဒ်လုပ်ရန် လိုအပ်နိုင်သည်။

    အကယ်၍ သင်သည် PC (Windows PC သို့မဟုတ် Mac) ကိုအသုံးပြုပြီး စက်အဟောင်းထံမှ အရန်သိမ်းဆည်းလိုပါက သို့မဟုတ် စက်အသစ်သို့ ပြန်လည်ရယူလိုပါက၊ အောက်ပါလင့်ခ်မှ Smart Switch PC အက်ပ်ကို တိုက်ရိုက်ဒေါင်းလုဒ်လုပ်နိုင်ပါသည်။

    Smart Switch PC ဒေါင်းလုဒ်လင့်ခ်
  • Android ကိရိယာများအတွက်မူ ကိရိယာ နှစ်ခုစလုံး၌ Smart Switch အား ထည့်သွင်းထားရမည် ဖြစ်သည်။ iOS ကိရိယာများအတွက်မူ ဒေတာများအား ကြိုးမဲ့ လွှဲပြောင်းသည့်အခါ၌ အက်ပ်အား ထည့်သွင်းထားရမည်ဖြစ်သော်လည်း ကြိုးချိတ်ဆက်မှု သို့မဟုတ် iCloud မှတစ်ဆင့် ဒေတာများအား လွှဲပြောင်းသည့်အခါ၌မူ အက်ပ်အား ထည့်သွင်းထားဖို့ မလိုအပ်ပေ။ အသေးစိတ်အချက်အလက်များအတွက်မူ အသုံးပြုမှု တစ်ခုချင်းစီအတွက် "လွှဲပြောင်းပုံနည်းလမ်း" အပိုင်းအား ကြည့်ရှုပေးပါ။

  • မဖျက်ပစ်ပါ။ Smart Switch သည် စက်များထံမှ မည်သည့်အကြောင်းအရာကိုမျှ မဖယ်ရှားပါ။ လွှဲပြောင်းပြီးသောအခါ၊ ဒေတာသည် စက်နှစ်ခုလုံးတွင် ရှိနေမည်ဖြစ်သည်။

  • မလိုအပ်ပါ၊ လွှဲပြောင်းမှုစတင်သည်နှင့်တစ်ပြိုင်နက် သင်၏စက်ပေါ်တွင် အခြားလုပ်ဆောင်စရာများကို သင် လုပ်ဆောင်နိုင်ပါသည်။ Samsung Galaxy စက်အသစ်တွင် လွှဲပြောင်းမှု တိုးတက်မှုအခြေအနေအား စစ်ဆေးရန် စခရင်၏ထိပ်မှ အမြန်ဆက်တင်အကန့်ကို အောက်သို့ပွတ်ဆွဲပါ။

    မှတ်ချက် - ဒေတာ လွှဲပြောင်းနေစဉ်တွင် တစ်ပြိုင်တည်း အလုပ်များစွာ လုပ်ဆောင်ခြင်းကို ဆောင်ရွက်၍ရနိုင်သော်လည်း ထိုသို့ဆောင်ရွက်ရန် အကြံမပြုလိုပါ။
    သို့သော်လည်း iOS ကိရိယာတစ်ခုမှ ဒေတာများအား ကြိုးမဲ့ ချိတ်ဆက်မှုမှတစ်ဆင့် Galaxy ကိရိယာတစ်ခုထဲသို့ လွှဲပြောင်းနေစဉ်အတွင်း စခရင်အား မပိတ်ပစ်လိုက်ပါနှင့်၊ သို့မဟုတ် သင့် iPhone သို့မဟုတ် iPad ပင်မစခရင်ပေါ်သို့ သွားရောက်ခြင်း မပြုပါနှင့်။ ကြိုးမဲ့ချိတ်ဆက်၍ iOS ကိရိယာတစ်ခုမှ ဒေတာများအား လွှဲပြောင်းနေချိန်၌ တစ်ပြိုင်တည်း အလုပ်များစွာ လုပ်ဆောင်ခြင်းကို ဆောင်ရွက်၍ ရနိုင်မည် မဟုတ်ပေ။

  • မလွှဲပြောင်းပေးပါ၊ အခြားအမှတ်တံဆိပ်များမှ စက်များသည် Smart Switch မှတဆင့် ဒေတာပေးပို့နိုင်သော်လည်း Samsung Galaxy စက်များသည် Smart Switch ကို အသုံးပြု၍ ဒေတာပေးပို့ခြင်းနှင့် လက်ခံခြင်းနှစ်မျိုးစလုံး ပြုလုပ်နိုင်ပါသည်။

  • သင်၏ PC သို့မဟုတ် Mac တွင် Smart Switch PC ကို ထည့်သွင်းထားခြင်းဖြင့်၊ သင်သည် အောက်ပါလုပ်ငန်းများကို လုပ်ဆောင်နိုင်သည်-

    1. 1. သင်၏ယခင် Samsung Galaxy စက်မှ ဒေတာများကို PC သို့ အရန်သိမ်းပေးပြီး သင်၏ Galaxy စက်အသစ်သို့ ဒေတာကို ပြန်လည်ရယူပေးသည်။
    2. 2. iTunes အရန်ကူးဒေတာကို သင်၏ Galaxy စက်အသစ်သို့ ပြန်လည်ရယူပေးသည်။
    3. 3. သင့်စက်၏ဆော့ဖ်ဝဲလ်ကို အပ်ဒိတ်လုပ်ရန်နှင့် အပ်ဒိတ်များအတွက် ရွေးချယ်စရာများ ပြသရန် သင့်အား နှိုးဆော်ပေးသည်။
    4. 4. Windows PC အတွက်၊ Outlook Sync မီနူးကိုပြသပြီး သင့် Windows PC တွင် Outlook ဒေတာကို သင့်ဖုန်းသို့ စင့်ခ်လုပ်ခွင့်ပေးသည်။ Mac အတွက်၊ Sync မီနူးကိုပြသပြီး သင့် Mac ပေါ်ရှိ အဆက်အသွယ်/ပြက္ခဒိန်ဒေတာကို သင့်ဖုန်းသို့ စင့်ခ်လုပ်ခွင့်ပြုသည်။
  • Smart Switch စခရင်တွင်၊ "အားလုံးကိုရွေးပါ" သည် မူရင်းရွေးချယ်မှုဖြစ်သည်၊ သို့သော် သင်မလွှဲပြောင်းလိုသည့်အရာများကို ရိုးရှင်းစွာ ရွေးချယ်မှုပယ်ဖျက်နိုင်ပါသည်။

WHY GALAXY

Life opens up with Galaxy

ပွင့်လင်းမြင်သာမှုသည် ကျွန်ုပ်တို့ယုံကြည်သည့်အရာဖြစ်သည်။ ဖြစ်နိုင်ခြေများကိုလမ်းဖွင့်ရန် Samsung Galaxy ကို ဖန်တီးထားပါသည်။ ကမ္ဘာကြီး၏ နယ်နိမိတ်ကန့်သတ်မှုများ နည်းပါးလေလေ၊ ကျွန်ုပ်တို့အားလုံး ပိုမိုလှမ်းလျှောက်နိုင်လေလေ ဖြစ်ပါသည်။

စမတ်ဖုန်း

Galaxy S23 | S23+ | S23 Ultra

Galaxy S23 Ultra စမတ်ဖုန်းတစ်လုံး၏ အနောက်နှင့် အရှေ့ဘက်မြင်ကွင်း။ Galaxy S23 Ultra စမတ်ဖုန်းတစ်လုံး၏ အနောက်နှင့် အရှေ့ဘက်မြင်ကွင်း။
စမတ်ဖုန်း

Galaxy Z Flip5

Galaxy Z Flip5 စမတ်ဖုန်း နှစ်လုံးအား ယှဉ်တွဲထားရှိထားသည်။ ဖုန်းတစ်လုံးအား အောက်ထိ ဖွင့်ချထားပြီး၊ မတ်ရပ်ထားရှိကာ တစ်ဖက်လှည့်ထား၍ ၎င်း၏ နောက်ကျောဘက်ကို ပြသထားသည်။ အခြားဖုန်းတစ်လုံးမှာမူ တစ်ဝက်သာ ဖွင့်ထားပြီး၊ မတ်တပ်ထိုင်ထားစေကာ ဖုန်း၏ အတွင်းပိုင်း ပင်မ စခရင်မျက်နှာပြင်ကို ပြသလျက်ရှိသည်။ Galaxy Z Flip5 စမတ်ဖုန်း နှစ်လုံးအား ယှဉ်တွဲထားရှိထားသည်။ ဖုန်းတစ်လုံးအား အောက်ထိ ဖွင့်ချထားပြီး၊ မတ်ရပ်ထားရှိကာ တစ်ဖက်လှည့်ထား၍ ၎င်း၏ နောက်ကျောဘက်ကို ပြသထားသည်။ အခြားဖုန်းတစ်လုံးမှာမူ တစ်ဝက်သာ ဖွင့်ထားပြီး၊ မတ်တပ်ထိုင်ထားစေကာ ဖုန်း၏ အတွင်းပိုင်း ပင်မ စခရင်မျက်နှာပြင်ကို ပြသလျက်ရှိသည်။
စမတ်ဖုန်း

Galaxy Z Fold5

Galaxy Z Fold5 စမတ်ဖုန်း တစ်လုံးအား ခေါက်လျက် ဖွင့်ထားပြီး၊ မတ်တပ်ရပ် ထောင့်ချထားသည်။ ၎င်းအား တစ်ဖက်လှည့်၍ ၎င်း၏ ရှေ့ကာဗာ စခရင်မျက်နှာပြင်နှင့် နောက်ကျောဘက် နှစ်မျိုးစလုံးအား တစ်ချိန်တည်းတွင် ပြသသည်။ Galaxy Z Fold5 စမတ်ဖုန်း တစ်လုံးအား ခေါက်လျက် ဖွင့်ထားပြီး၊ မတ်တပ်ရပ် ထောင့်ချထားသည်။ ၎င်းအား တစ်ဖက်လှည့်၍ ၎င်း၏ ရှေ့ကာဗာ စခရင်မျက်နှာပြင်နှင့် နောက်ကျောဘက် နှစ်မျိုးစလုံးအား တစ်ချိန်တည်းတွင် ပြသသည်။
တက်ဘလက်

Galaxy Tab S9 Ultra

Galaxy Tab S9 Ultra တက်ဘလက်သည် ၎င်း၏ စခရင်မျက်နှာပြင်ပေါ်၌ စိတ်ကူးပန်ချီ ရောင်စုံ ပက်တန်အား ပြသသည်။ ၎င်းနောက်ဘက်တွင်မူ နောက်ထပ် Galaxy Tab S9 Ultra တစ်လုံးအား တစ်ဖက်လှည့်စေ၍ ၎င်း၏ နောက်ကျောဘက်ကို ပြသထားသည်ဖြစ်ရာ ထည့်သွင်းဖွဲ့စည်းထားသော ကင်မရာ နှစ်လုံးအား တွေ့မြင်ရမည် ဖြစ်သည်။ Galaxy Tab S9 Ultra တက်ဘလက်သည် ၎င်း၏ စခရင်မျက်နှာပြင်ပေါ်၌ စိတ်ကူးပန်ချီ ရောင်စုံ ပက်တန်အား ပြသသည်။ ၎င်းနောက်ဘက်တွင်မူ နောက်ထပ် Galaxy Tab S9 Ultra တစ်လုံးအား တစ်ဖက်လှည့်စေ၍ ၎င်း၏ နောက်ကျောဘက်ကို ပြသထားသည်ဖြစ်ရာ ထည့်သွင်းဖွဲ့စည်းထားသော ကင်မရာ နှစ်လုံးအား တွေ့မြင်ရမည် ဖြစ်သည်။