Galaxy စက်များအကြား ဒေတာလွှဲပြောင်းရန် Smart Switch အက်ပ်ကို အသုံးပြုနည်း
မကြာခဏဆိုသလို ကံမကောင်းအကြောင်းမလှစွာဖြင့် ဖုန်းနှင့် တက်ဘလက်များတွင် သိမ်းဆည်းထားသော အချက်အလက်များ ဆုံးရှုံးသွားရတတ်ပါသည်။ သို့သော် အချက်အလက်များကို ကြိုတင်အရန်သိမ်းဆည်းထားပါက ၎င်းတို့ကို ပြန်လည်ရယူနိုင်ပါသည်။ Samsung Smart Switch အက်ပ်က သင့်ကို ကူညီပေးနိုင်ပါသည်။
မှတ်ချက်: အချက်အလက်များကို အပ်လုဒ်လုပ်ရန် သို့မဟုတ် ပြန်လည်ရယူရန် Smart Switch ကို သင် ပထမဆုံးအကြိမ် အသုံးပြုခြင်းဖြစ်ပါက အက်ပ်သည် သင့်ထံမှ ခွင့်ပြုချက်အချို့ လိုအပ်နိုင်သည်။ ခွင့်ပြုချက်လိုအပ်ချက်ကို အပြီးသတ်ရန် ဤညွှန်ကြားချက်များကို လိုက်နာပါ:
- အဆင့် ၁. Samsung Smart Switch ဟု အညွှန်းတပ်ထားသော မျက်နှာပြင်တွင် အောက်သို့ဆက်ဆွဲပါ သို့မဟုတ် နောက်ထပ်ကိုနှိပ်ပါ။ ထို့နောက် ဆက်လက်လုပ်ဆောင်ရန် ကိုနှိပ်ပါ။
- အဆင့် ၂. Samsung Smart Switch တွင် ဤခွင့်ပြုချက်များကိုအသုံးပြုသည် ဟု အညွှန်းတပ်ထားသော မျက်နှာပြင်တွင် အောက်သို့ ဆက်ဆွဲပါ သို့မဟုတ် နောက်ထပ်ကိုနှိပ်ပါ၊ ထို့နောက် ခွင့်ပြုသည် ကိုနှိပ်ပါ။
သင့်အချက်အလက်များကို အရန်ကူးခြင်းနှင့် ပြန်လည်ရယူခြင်းနည်းလမ်းတစ်ခုမှာ Smart Switch အက်ပ်နှင့် SD ကဒ်တို့မှတစ်ဆင့် ဖြစ်သည်။ အချို့ဖုန်းများတွင် SD ကဒ် အပေါက်များ မပါရှိသဖြင့် တွဲဖက်အသုံးပြုနိုင်သော USB ကြိုးနှင့် SD ကတ် ချိတ်ဆက်သည့်စက် လိုအပ်မည်ဖြစ်သည်။
မှတ်ချက်များ :
- SD ကဒ်ကို ကူးယူသည့်အခါ Smart Switch SD ကဒ်ဖြင့် ယခင်က အရန်သိမ်းဆည်းထားသောအချက်အလက်များကို ဖျက်ပြီး နောက်ဆုံးရက်စွဲကိုသာ အရန်အချက်အလက်များအဖြစ် သိမ်းဆည်းထားပါ။
- အချက်အလက်လွှဲပြောင်းမှုများ အချိန်အနည်းငယ်ကြာနိုင်သောကြောင့် သင့်ဖုန်းကို အားသွင်းထားကြောင်း သေချာပါစေ။
- SD ကဒ်နှင့် SD ကဒ် ချိတ်ဆက်သည့်စက်သည် ဖုန်းတွင်မပါဝင်ဘဲ သီးခြားစီ ဝယ်ယူရမည်ဖြစ်သည်။
အဆင့် ၁. SD ကဒ် ကို SD က်ဒ် ချိတ်ဆက်သည့်စက်ထဲသို့ ထည့်ပါ။
အဆင့် ၂. သင့် Galaxy ဖုန်းထဲသို့ SD ကဒ် ချိတ်ဆက်သည့်စက်ဖြင့် ဆက်သွယ်ထားသော USB ကြိုးကို ထိုးပါ။
စက်ပစ္စည်းများအကြား အချက်အလက်လွှဲပြောင်းခြင်းအတွက် အခြားနည်းလမ်းမှာ Smart Switch အက်ပ်နှင့် တွဲဖက်အသုံးပြုနိုင်သော USB ကြိုးကို အသုံးပြုခြင်းဖြစ်သည်။
အဆင့် ၁. သင့်ဖုန်း၏ USB ကြိုးကို အသုံးပြု၍ Galaxy ဖုန်း (အဟောင်း) ကို အခြား Galaxy ဖုန်း သို့မဟုတ် တက်ဘလက် (အသစ်) ကို ချိတ်ဆက်ပါ။ သင့်ဖုန်း၏ မော်ဒယ်ဗားရှင်းနှင့် အခြား Galaxy စက်ပစ္စည်းပေါ် မူတည်၍ USB ချိတ်ဆက်ပစ္စည်း လိုအပ်နိုင်သည်။
ဤနေရာတွင် စက်ဟောင်းသည် စက်အသစ်သို့ ဒေတာလွှဲပြောင်းပေးသည့် စက်ကို ရည်ညွှန်းသည်။
မှတ်ချက်: သင့်စက်အသစ်သည် Google အကောင့်သို့မဝင်ရသေးပါက စက်ဟောင်းမှ သင့်အကောင့်များကို စက်အသစ်သို့ ကူးယူလိုခြင်းရှိမရှိ မေးမြန်းသည့် မျက်နှာပြင်တစ်ခု ပေါ်လာပါမည်။ Copy ကိုရွေးချယ်ပြီး မျက်နှာပြင်ပေါ်ရှိ ညွှန်ကြားချက်များကို လိုက်နာပါ။ အကောင့်ကူးယူခြင်းလုပ်ဆောင်ချက်ကို ကျော်ရန် စက်အသစ်တွင် Skip ကို ရွေးချယ်နိုင်သည်။
မှတ်ချက်: အချို့အက်ပ်သင်္ကေတများသည် မှိန်နေမည်ဖြစ်ပြီး အချက်အလက်ကူးပြောင်းမှု နှင့် ထည့်သွင်းမှုမပြီးဆုံးခင်အထိ အသုံးပြု၍ မရနိုင်ပါ။
ပြင်ပဆက်စပ်ပစ္စည်းများမလိုအပ်သော အချက်အလက်လွှဲပြောင်းခြင်းနည်းလမ်းကို ပိုနှစ်သက်ပါက Smart Switch အက်ပ်မှတစ်ဆင့် ကြိုးမဲ့အချက်အလက်လွှဲပြောင်းခြင်းကို လုပ်ဆောင်နိုင်ပါသည်။
မှတ်ချက်: သင့်စက်ပစ္စည်းအသစ်သည် Google အကောင့်သို့ မဝင်ရသေးပါက စက်အဟောင်းမှ သင့်အကောင့်များကို စက်အသစ်သို့ ကူးယူလိုခြင်းရှိမရှိ မေးမြန်းသည့် မျက်နှာပြင်တစ်ခု ပြသပါမည်။ Copy ကိုရွေးချယ်ပြီး မျက်နှာပြင်ပေါ်ရှိ ညွှန်ကြားချက်များကို လိုက်နာပါ။ အကောင့်များကို ကူးယူသည့်လုပ်ဆောင်ချက်ကို ကျော်ရန် စက်အသစ်တွင် Skip ကို ရွေးချယ်နိုင်သည်။
မှတ်ချက်: အချို့အက်ပ်သင်္ကေတများသည် မှိန်နေမည်ဖြစ်ပြီး အချက်အလက်ကူးပြောင်းမှု နှင့် ထည့်သွင်းမှုမပြီးဆုံးခင်အထိ အသုံးပြု၍ မရနိုင်ပါ။
သင့် PC တွင် Smart Switch PC ပရိုဂရမ်ကို ထည့်သွင်းပြီးနောက် Galaxy စက်ပစ္စည်းနှင့်ချိတ်ဆက်၍ အချက်အလက်များသိမ်းဆည်းခြင်း၊ ပြန်လည်ရယူခြင်းကို အချိန်မရွေးလုပ်ဆောင်နိုင်ပါသည်။
သင့်ဖုန်းနှင့် ကွန်ပျူတာကြားတွင် အချက်အလက်လွှဲပြောင်းပါ။ သင်သည် Smart Switch ကွန်ပျူတာဗားရှင်းအက်ပ်ကို 117.p.syniva.es/mm/apps/smart-switch မှ ဒေါင်းလုဒ်လုပ်ရပါမည်။ သင့်ယခင်ဖုန်းမှ အချက်အလက်များကို ကွန်ပျူတာသို့ အရန်ကူးပြီး ဖုန်းအသစ်ထဲသို့ကူးထည့်ပါ။
အဆင့် ၁. ကွန်ပျူတာတွင် ဒေါင်းလုဒ်လုပ်ပြီး Smart Switch ကိုဖွင့်ပါ။
မှတ်ချက်: သင့်ယခင်ဖုန်းသည် Samsung ဖုန်းမဟုတ်ပါက စက်ပစ္စည်းမှပံ့ပိုးပေးသည့်ပရိုဂရမ်ကိုအသုံးပြု၍ အချက်အလက်ကို ကွန်ပျူတာသို့ အရန်ကူးပါ။ ထို့နောက် စတုတ္ထအဆင့်သို့ ကျော်သွားပါ။
အဆင့် ၂. ဖုန်း၏ USB ကြိုးကို အသုံးပြု၍ သင့်ယခင်ဖုန်းကို ကွန်ပျူတာသို့ ချိတ်ဆက်ပါ။
အဆင့် ၃. ကွန်ပျူတာပေါ်တွင် ဖုန်းမှအချက်အလက်များကို အရန်ကူးရန် မျက်နှာပြင်ပေါ်ရှိ ညွှန်ကြားချက်များကို လိုက်နာပါ။ ထို့နောက် သင့်ယခင်ဖုန်းကို ကွန်ပျူတာနှင့်ချိတ်ဆက်မှုဖြုတ်ပါ။
အဆင့် ၄. USB ကြိုးကို အသုံးပြု၍ သင့်ဖုန်းကို ကွန်ပျူတာနှင့် ချိတ်ဆက်ပါ။
အဆင့် ၅. ကွန်ပျူတာပေါ်တွင် သင့်ဖုန်းသို့ အချက်အလက်လွှဲပြောင်းရန် မျက်နှာပြင်ပေါ်ရှိ ညွှန်ကြားချက်များကို လိုက်နာပါ။
မှတ်ချက်: သင့် Galaxy စက်၏အချက်အလက်များကို Samsung Cloud အသုံးပြု၍ အရန်သိမ်းခြင်းနှင့် ပြန်လည်ရယူခြင်းနည်းလမ်းကိုသိရှိလိုပါက ဤကဏ္ဍ ကို ဖတ်ရှုပါ။
သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ
ကျေးဇူးပြု၍ မေးခွန်းအားလုံးဖြေဆိုပါ။