ကျွန်ုပ်၏တီဗီတွင် SmartThings app ထည့်ရန်မအောင်မြင်သည့်အခါဘာလုပ်ရမည်နည်း
သင်၏ Samsung Smart TV နှင့်အခြား Samsung ပစ္စည်းများကိုအသုံးပြုသောအခါ SmartThings အက်ပ်သည်အဆင်ပြေစေသည်။ သို့သော်အကြောင်းပြချက်အချို့ကြောင့် SmartThings အက်ပ်သည် လုပ်ငန်းစဉ်အလယ်တွင် သင်၏စက်ကိရိယာကို ထည့်သွင်းရန်ပျက်ကွက်ပါက ဤပြဿနာကိုဖြေရှင်းရန် နည်းလမ်းအနည်းငယ်ရှိသည်။ အောက်ဖော်ပြပါအဆင့်များကိုလိုက်နာပါ။
ကြိုးမဲ့ကွန်ယက်အခြေအနေကိုစစ်ဆေးပါ
စက်ကိရိယာကို Wi-Fi မှတဆင့်ထည့်သွင်းသောအခါတီဗီနှင့်စမတ်ဖုန်းကိုကွန်ယက်ချိတ်ဆက်ရမည်။ ထို့အပြင်စမတ်ဖုန်းနှင့်တီဗွီကိုတွဲဖက်ရန် Samsung အကောင့်တစ်ခုတည်းကို ဝင်ရောက်ထားရန်လိုအပ်သည်။
2017 နောက်ပိုင်းတွင်တီဗွီတွင် ပါရှိသည့် Bluetoothသည် BLE (Bluetooth နိမ့်စွမ်းအင်) function ကိုထောက်ပံ့သောကြောင့်သင်ဟာ စက်ကိရိယာတွေကို တူညီသောကွန်ယက်ချိတ်ဆက်ခြင်းမရှိဘဲ ရှာဖွေပြီး တည်ဆောက်နိုင်တယ်။
မှတ်ချက်
- စက်ကိရိယာ 10 ခုထက်ပိုသော router နှင့်ချိတ်ဆက်ပါက စာရင်းထည့်သွင်းခြင်းသည်ပျက်ကွက်နိုင်သည်။
- routerနှင့်တီဗွီသည်ဝေးလံပါကဆက်သွယ်မှုသည် မချောမွေ့ ဘဲ စာရင်းထည့်သွင်းခြင်းပျက်ကွက်နိုင်သည်။
Wi-Fi ချိန်ညှိချက်များတွင် Mobile Data သို့ပြောင်းပါ။ စက်ကိရိယာကိုအစမှထပ်မံထည့်သွင်းရန်ကြိုးစားပါ။
မှတ်ချက်
- စမတ်ဖုန်းမော်ဒယ်ပေါ်မူတည်၍ နာမည်ကွဲပြားနိုင်နိုင်သည်။
သင်၏တီဗီကိုထောက်ပံ့ထားကြောင်းသေချာအောင်လုပ်ပါ။ ထို့နောက် SmartThings အက်ပလီကေးရှင်းပေါ်တွင် ထပ်မံစာရင်းထည့်သွင်းရန်ကြိုးစားပါ။
ဆော့ဖ်ဝဲ အပ်ဒိတ်လုပ်ခြင်းများအတွက်စစ်ဆေးပါ
သင့်ရဲ့စမတ်ဖုန်းပေါ်ရှိဆော့ (ဖ်) ဝဲ နှင့် SmartThings အက်ပလီကေးရှင်း သည် အပ်ဒိတ်လုပ်ထားကြောင်း သေချာအောင်လုပ်ပါ။ လိုအပ်ပါကသင့်တီဗီ၏ firmware ကိုအပ်ဒိတ်လုပ်ပါ။
မှတ်ချက် SmartThings အက်ပ်သည် Android 8.0 နှင့်အထက် သို့မဟုတ် iOS 12.0 နှင့်အထက်ဖုန်းများနှင့်သဟဇာတဖြစ်သည်။
အဆင့် ၁။ Remote မှ Home ခလုတ်ကို နှိပ်၍ settings(ချိန်ညှိချက်များ) သို့သွားပါ။
အဆင့် ၂။ Support > Software Update ကိုရွေးပါ။
အဆင့် ၃ ။ Update Now ကိုရွေးပါ။
မှတ်ချက်
- သင်၏ Samsung Smart TV နှင့်အခက်အခဲရှိပါက ၎င်းတွင် အတွက်ပြင်ဆင်မှုတစ်ခုပါဝင် နိုင်သည့်အတွက်ဆော့ဖ်ဝဲအပ်ဒိတ်များရှိပါသလားဆိုတာသင်အမြဲစစ်ဆေးသင့်သည်။
- ပြထားသောပုံများနှင့် မီနူးများသည် စက်ကိရိယာမော်ဒယ်နှင့် ဆော့ဖ်ဝဲလ်အက်ပ်ဒိတ်ပေါ်မူတည်ပြီး ကွာခြားသွားနိုင်သည်။
သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ
ကျေးဇူးပြု၍ မေးခွန်းအားလုံးဖြေဆိုပါ။