ပြင်ဆင်ထိန်းသိမ်းခြင်းအစီအမံသည် အခြားသူတစ်ယောက်က သင်၏ဖုန်းကိုပြင်ဆင်နေချိန် (ဥပမာ ဖုန်းပြင်ရန်ဆိုင်သို့ပို့ဆောင်ထားစဉ်) တွင် သင်၏ကိုယ်ရေးကိုယ်တာလုံခြုံရေးကို ကာကွယ်ပေးပါသည်။ ၎င်းကိုယ်ရေးကိုယ်တာလုံခြုံရေးစနစ်အသစ်သည် သင့်ထံတွင်သင့်ဖုန်းမရှိစဉ်ကာလအတွင်း သင့်အချက်အလက်များကို ဝင်ရောက်ကြည့်ရှုခြင်းမပြုနိုင်စေရန် ပိတ်ပင်ထားခြင်းကြောင့် သင်အပြည့်အဝစိတ်ချထားနိုင်ပါသည်။ ပြင်ဆင်ထိန်းသိမ်းခြင်းအစီအမံအတွင်း၌ ဓါတ်ပုံများ၊ စာတိုများ၊ အကောင့်များအပါအဝင်သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဝင်ရောက်ကြည့်ရှုနိုင်မည်မဟုတ်ဘဲ ကြိုတင်သွင်းထားသည့် အက်(ပ်)များကိုသာ တွေ့နိုင်မည်ဖြစ်ပါသည်။ ပြင်ဆင်ထိန်းသိမ်းခြင်းအစီအမံကိုပိတ်ရန်အတွက် သင့်ဖုန်းကိုဖွင့်ရန်လိုအပ်မည်ဖြစ်ပါသည်။
ပြင်ဆင်ထိန်းသိမ်းခြင်းအစီအမံကို လုပ်ဆောင်နေစဉ်တွင် ကြိုတင်ခွင့်ပြုထားသော အက်(ပ)များကိုသာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ပြင်ဆင်ထိန်းသိမ်းခြင်းအစီအမံကို လုပ်ဆောင်နေစဉ်အတောအတွင်း ဒေါင်းလုဒ်လုပ်ထားသော အက်(ပ)များကို အသုံးပြုနိုင်မည်ဖြစ်သောလည်း ပြင်ဆင်ထိန်းသိမ်းခြင်းအစီအမံကို ပိတ်လိုက်သည်နှင့်တပြိုင်နက် ၎င်းအက်(ပ)များကိုလည်း အလိုအလျောက် ဖျက်ပစ်လိုက်မည်ဖြစ်ပါသည်။
ကျေးဇူးပြု၍မှတ်သားပါ -
- Galaxy ပြင်ဆင်ထိန်းသိမ်းခြင်းအစီအမံကို စတင်ဖွင့်အတွက် စခရင်အပိတ်လျို့ဝှက်နံပါတ် သို့မဟုတ်လျို့ဝှက်စကားလုံးလိုအပ်ပါသည်။ ၎င်းကိုမဖွင့်နိုင်ပါက galaxy ပြင်ဆင်ထိန်းသိမ်းခြင်းအစီအမံကို မဖွင့်နိုင်မီတွင် စခရင်အပိတ်လျို့ဝှက်နံပါတ် သို့မဟုတ်လျို့ဝှက်စကားလုံးကို ဖန်တီးရန် သင့်ကိုအသိပေးပါလိမ့်မည်။ Galaxy ပြင်ဆင်ထိန်းသိမ်းခြင်းအစီအမံကို ပိတ်ရန်အတွက် သင့်ဖုန်းကိုဖွင့်ရန် ၎င်းလျို့ဝှက်နံပါတ် သို့မဟုတ်လျို့ဝှက်စကားလုံးကို သင်လိုအပ်မည်ဖြစ်ပါသည်။
- Android 13 သို့မဟုတ် ၎င်းထက်မြင့်သောဗားရှင်းကို အသုံးပြုထားသော Galaxy ဖုန်းများတွင် ပြုပြင်ထိန်းသိမ်းခြင်းစနစ်ကို အထောက်အပံ့ပေးထားမည်ဖြစ်ပါသည်။
ကျေးဇူးပြု၍မှတ်သားပါ။ ပြုပြင်ထိန်းသိမ်းခြင်းအစီအမံ စတင်သည်နှင့်တပြိုင်နက် သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကြည့်ရှုနိုင်တော့မည်မဟုတ်ဘဲ ကြိုတင်သွင်းထားသော အက်(ပ်)များကိုသာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။
သတိပြုပါ-
- သင်သည် သတ်မှတ်ချက်များ > ကိရိယာ ထိန်းသိမ်းစောင့်ရှောက်မှု > ပြုပြင်ထိန်းသိမ်းရေး အနေအထား သို့ သွားခြင်းဖြင့်လည်း ပြုပြင်ထိန်းသိမ်းမှု အနေအထားမှ ထွက်နိုင်သည်။
RC01_Static Content