Galaxy Wearable ကို အသုံးပြု၍ ကျွန်ုပ်၏ နာရီနှင့် Buds ကို မည်သို့ရှာနိုင်မည်နည်း။
သင်၏ Galaxy Watch သို့မဟုတ် Buds သည် မည်သည့်နေရာတွင် ထားခဲ့သည်ကို သင်မသိပါက၊ Galaxy Wearable အက်ပ်၏ အသုံးဝင်ဆုံး လုပ်ဆောင်ချက်များထဲမှ တစ်ခုကြောင့် ၎င်းတို့ကို အလွယ်တကူ ရှာဖွေနိုင်သည်။
သင်၏ Galaxy Watch သို့မဟုတ် Buds ကို သင့်စမတ်ဖုန်းသို့ ချိတ်ဆက်ပြီးသည်နှင့်တပြိုင်နက် ၎င်းတို့ကို Galaxy Wearable မီနူးကို အသုံးပြု၍ ရှာဖွေနိုင်သည်။
သင်၏ Galaxy Watch ကိုရှာပါ။
ကျေးဇူးပြု၍ သတိပြုပါ- Google™ Maps မှတစ်ဆင့် Galaxy Wearable အက်ပ်ဖြင့် သင့်နာရီကို ရှာဖွေရန်၊ သင့်စမတ်ဖုန်းတွင် Smartthings အက်ပ်ကို ထည့်သွင်းထားရပါမည်။
ထို့အပြင်၊သင်သည်သင်၏စက်ကိရိယာများကို သင့်ဖုန်းနှင့်အဝေးတွင်ထားခဲ့သည့်အခါတွင်“ကျကျန်ခဲ့လျှင်အကြောင်းကြားပါ”ပြောင်းသည့်ခလုတ်ကိုသင်ဖွင့်နိုင်ပြီးဆမ်ဆောင်းလ်အဖွဲ့ဝင် များအက်ပ်မှ သင့်ချိတ်ဆက်မှုများထဲမှတစ်ခုနှင့် တည်နေရာကိုမျှဝေရန်အတွက် “ဤစက်ကိရိယာ၏တည်နေရာကို မျှဝေပါ”ကို ရွှေးချယ်ပါ။
ကျေးဇူးပြု၍ သတိပြုပါ- အခြားအဖွဲ့ဝင်တစ်ဦးနှင့် စက်ကိရိယာ၏တည်နေရာကို မျှဝေရန် ဖိတ်ကြားချက် သို့မဟုတ် QR ကုဒ်ကို အသုံးပြု၍ ၎င်းတို့ကို ဖိတ်ကြားရပါမည်။
သင်၏ Galaxy Buds ကိုရှာပါ။
ကျေးဇူးပြု၍ သတိပြုပါ- Google™ Maps မှတစ်ဆင့် သင်၏ Buds နှင့် Galaxy Wearable အက်ပ်ကို ရှာဖွေရန်၊ သင့်စမတ်ဖုန်းတွင် Smartthings အက်ပ်ကို ထည့်သွင်းထားရပါမည်။
ထို့အပြင်၊သင်သည်သင်၏စက်ကိရိယာများကိုသင့်ဖုန်းနှင့်အဝေးတွင်ထားခဲ့သည့်အခါ တွင်“ကျကျန်ခဲ့လျှင်အကြောင်းကြားပါ”ပြောင်းသည့်ခလုတ်ကိုသင်ဖွင့်နိုင်ပြီးဆမ်ဆောင်းလ်အဖွဲ့ဝင်များအက်ပ်မှသင့်ချိတ်ဆက်မှုများထဲမှတစ်ခုနှင့်တည်နေရာကိုမျှဝေရန်အတွက် “ဤစက်ပကိရိယာ၏တည်နေရာကို မျှဝေပါ”ကို ရွှေးချယ်ပါ။
ကျေးဇူးပြု၍ သတိပြုပါ- အခြားအဖွဲ့ဝင်တစ်ဦးနှင့် စက်ကိရိယာ၏တည်နေရာကို မျှဝေရန် ဖိတ်ကြားချက် သို့မဟုတ် QR ကုဒ်ကို အသုံးပြု၍ ၎င်းတို့ကို ဖိတ်ကြားရပါမည်။
သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ
ကျေးဇူးပြု၍ မေးခွန်းအားလုံးဖြေဆိုပါ။