Scene Optimiser က ကျွန်ုပ်၏ ဓာတ်ပုံများကို ပိုမိုကောင်းမွန်လာအောင် ဘယ်လို စီမံပေးသလဲ?
Scene Optimiser က အထူးပြုလုပ်ချက်နှင့် သင့်ရုပ်ပုံများ၏ အရည်အသွေးကို အလိုအလျှောက် မြှင့်တင်ပေးရန် အဆင့်ထပ်တိုးမြှင့်ပေးပါတယ်။
အလိုအလျောက် ရှုခင်း အကောင်းဆုံးစီမံနည်းကို အသုံးပြုခြင်း
ကင်မရာက ပုံရိုက်ခံအရာ သို့မဟုတ် ရှုခင်းကို မှတ်သားလိုက်သည့်အခါ၊ ဖန်သားပြင်တွင် အိုင်ကွန် ပေါ်လာမည်ဖြစ်ပြီး အကောင်းဆုံးစီမံထားသည့် အရောင်ကို အလိုအလျောက် အသုံးချမှာဖြစ်ပါတယ်။
သတိပြုရန်- အထက်ပါ ဖန်သားပြင်ပုံတွင် Android ဗားရှင်း ၉.၀ သုံးထားသော အိုင်ကွန်၏ နေရာမှန်ကို ပြထားပါတယ်။ အစောပိုင်းဗားရှင်းကို သင် အသုံးပြုနေလျှင်၊ ညာဘက်တွင် ပြသမှာဖြစ်ပါတယ်။
မတူသော ရှုခင်းများ ဆိုသည်မှာ ဘာတွေလဲ?
နောက်ကင်မရာသည် မတူသော အနေအထားများ နှစ်ဆယ်ခုအကြား ရွေးချယ်နိုင်ပြီး အခြေအနေအရ ရိုက်ချက်တိုင်းဖြင့် အကောင်းဆုံး ကိုက်ညီစေသည့်တစ်ခုကို အသုံးချမှာဖြစ်ပါတယ်။
- အစားအစာ
- ပုံတူများ
- ပန်းများ
- အခန်းတွင်းရှုခင်း
- တိရစ္ဆာန်များ
- မြေပြင်ရှုခင်း
- စိမ်းစိုချုံပင်
- သစ်ပင်များ
- ကောင်းကင်
- တောင်တန်း
- ကမ်းခြေ
- နေထွက်နေဝင်ချိန်
- ရေစပ်ကမ်းစပ်
- လမ်းရှုခင်း
- ညရှုခင်း
- ရေတံခွန်
- နှင်းပွင့်
- ငှက်
- နောက်ခံမီးရောင်
- စာသား
S10 ဖုန်းများတွင်၊ နောက်ထပ် ရှုခင်း ဆယ်ခု ရနိုင်ပါတယ်-
- အဝတ်အထည်
- ယာဉ်
- ရှူးဘိနပ်
- ခွေး
- မျက်နှာ
- သောက်ဖွယ်
- ဇာတ်စင်
- မွေးကင်းစကလေးငယ်
- လူများ
- ကြောင်
Galaxy S10 တွင် ကင်မရာအင်္ဂါရပ်များနှင့် ပတ်သက်၍ ရှာဖွေပါ
သတိပြုရန်- Scene Optimiser ၏ တိကျမှန်ကန်မှုသည် ပုံရိုက်ခံအရာအမျိုးမျိုး၊ ဖိုးကပ်စ်ပြင်ပရောက်ခြင်း၊ သို့မဟုတ် ရွေ့လျားနေသော ပုံရိုက်ခံအရာများ အပါအဝင် ရိုက်ချက်အခြေအနေများအပေါ် မူတည်၍ ခြားနားနိုင်ပါတယ်။
အလိုအလျောက် ရှုခင်း အကောင်းဆုံးစီမံနည်းကို ဖယ်ရှားခြင်း
ဤအင်္ဂါရပ်ကို ဖန်သားပြင်ရှိ ရွေ့လျားနေသော အိုင်ကွန်ပေါ် လွယ်ကူစွာ နှိပ်ခြင်းဖြင့် ပိတ်နိုင်ပါတယ်။ Scene Optimiser ကို သက်ဝင်ခလုတ်ပိတ်ထားသည့်အခါ အိုင်ကွန်က မီးခိုးရောင် ပြောင်းသွားမှာဖြစ်ပါတယ်။
သတိပြုရန်- အထက်ပါ ဖန်သားပြင်ပုံတွင် Android ဗားရှင်း ၉.၀ အတွက် မှန်ကန်သောအဆင့်များကို ပြထားပါတယ်။ အစောပိုင်းဗားရှင်းကို သင် အသုံးပြုနေလျှင်၊ ကင်မရာ အစမ်းကြည့်စာမျက်နှာရှိ သတ်မှတ်ချက်များ အိုင်ကွန်ကို နှိပ်ခြင်းဖြင့် သက်ဝင်ခလုတ်ပိတ်ရန် လိုအပ်ပါမည်၊ ပြီးလျှင် “Scene optimiser” ခလုတ်ကို ပွတ်ဆွဲပါ။
သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ
ကျေးဇူးပြု၍ မေးခွန်းအားလုံးဖြေဆိုပါ။
RC01_Static Content