သင်၏ Galaxy ဖုန်းတွင် Samsung Keyboard ၏ အသုံးဝင်သော feature များ

နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 11.10.2021

Samsung keyboard သည် သင်၏ Galaxy ဖုန်းပေါ်တွင် စာရိုက်ရာတွင်သုံးသော default keyboard ဖြစ်သည်။ သင် Samsung keyboard ကိုသုံးနေလျှင် အသုံးဝင်သောလုပ်ဆောင်ချက်အချို့  သင်လက်နှစ်ချောင်းဖြင့် အလွယ်တကူပြန်ဖျက်အလွယ်တကူပယ်ဖျက်ခြင်းနှင့် ပြန်လည်ပြင်ဆင်ခြင်း ပြုလုပ်နိုင်သည်။ ဘာသာပြန်လုပ်ဆောင်ချက် အသံအသိအမှတ်ပြုမှုလုပ်ဆောင်ချက်နှင့် ကီးဘုတ်မှတဆင့် Samsung Pass တို့ကို လွယ်ကူစွာသုံးနိုင်သည်။ သင်၏ကီးဘုတ်ဆက်တင်များအား သင်မည်သို့ပြောင်းလဲနိုင်သည်ကို အောက်တွင်ကြည့်ရှုနိုင်သည်။

အောက်ပါအကြံပြုချက်များကို မစမ်းသပ်မီ သင့်ဖုန်း၏ဆော့ဝဲ အပါအဝင် သက်ဆိုင်သောအက်ပ်များကို နောက်ဆုံးဗားရှင်း အပ်ဒိတ်လုပ်ထားပါ။ သင့်မိုဘိုင်းဖုန်းဆော့ဝဲကို အပ်ဒိတ်လုပ်ရန် ဤအဆင့်များကိုလိုက်နာပါ။

အဆင့် ၁။ Settings> Software update သို့သွားပါ။ 

အဆင့် ၂။ Download and Install ကိုနှိပ်ပါ။

အဆင့် ၃။ ညွှန်ကြားချက်များကို လိုက်နာပေးပါ။

Samsung ကီးဘုတ်ကို သုံး၍ Undo Redo ပြုလုပ်ပါ။

သင်ရိုက်ထည့်လိုက်သော စာသားကိုဖျက်သည့်အခါ ဖျက်ရန်ခလုတ်ကို ထိမည့်အစား လက်နှစ်ချောင်းဖြင့်ကီးဘုတ်ပေါ်တွင် ဘယ်ဘက်သို့ပွတ်ဆွဲလိုက်လို့ရသည်။

ဖျက်ထားသောစာသားကိုပြန်ယူလိုလျှင် ကီးဘုတ်ပေါ်တွင် လက်နှစ်ချောင်းဖြင့် ညာဘက်သို့ပွတ်ဆွဲရုံနှင့် ဖျက်ထားသောစာသားကိုပြန်လည်ရရှိနိုင်သည်။

  • Undo: ဘယ်ဘက်သို့ပွတ်ဆွဲပါ။
keyboard undo
  • Redo: ညာဘက်သို့ပွတ်ဆွဲပါ။
keyboard redo

ကီးဘုတ်ထည့်သွင်းမှုအမျိုးအစားကို လျင်မြန်စွာပြောင်းလဲခြင်း။

Samsung Keyboard ကိုအသုံးပြုသည့်အခါ ကီးဘုတ်ထည့်သွင်းမှုချိန်ညှိချက်များကိုပြောင်းလဲရန် ပိုမိုလွယ်ကူမြန်ဆန်သောနည်းလမ်းရှိပါသည်။ ၎င်းကိုရှာရန် home screenမှ ဆက်တင်များကိုဖွင့်ရန်မလိုပါ။ Samsung Keyboard သုံးနေစဉ် ကီးဘုတ်ပုံစံပြောင်းလိုလျှင် အောက်ပါအဆင့်များအတိုင်း လုပ်ဆောင်ပါ။

အဆင့်တစ်။ ကီးဘုတ်အောက်ခြေရှိkeyboard iconကိုနှိပ်ပါ။

အဆင့်နှစ်။ Samsung Keyboard ၏ ညာဘက်ခြမ်းရှိ Settings icon ကိုနှိပ်ပါ။

အဆင့်သုံး။ Language and types ကို ရွေးချယ်ပါ။

အဆင့်လေး။လက်ရှိအသုံးပြုနေတဲ့ ဘာသာစကားကိုရွေးချယ်ပေးပါ။

အဆင့်ငါး။ ကိုယ်မြင်ချင်သော ဘာသာစကားထည့်သွင်းမှုပုံစံကိုရွေးချယ်ပါ။

Samsung Keyboard ရဲ့ဘာသာပြန်လုပ်ငန်းစဥ်ကို ဘယ်လိုအသုံးပြုမလဲ

ဆမ်ဆောင်းကီးဘုတ်တွင် ဘာသာပြန်လုပ်ငန်းစဥ်ကိုထည့်သွင်းနိုင်တာ သင်သိပါသလား။ စာရိုက်နေစဥ်အတွင်း ဘာသာစကားတစ်ခုမှ အခြားတစ်ခုသို့ပြောင်းလဲပေးသော ဘာသာပြန်ထည့်သွင်းမှုကို ပြုလုပ်နိုင်ပါသည်။

အဆင့်တစ်။ ကီးဘုတ်ရဲ့ညာဘက်အပေါ်တွင်ရှိသောMore Option (အလျားလိုက်အစက်သုံးစက်) ကိုနှိပ်ပါ။

အဆင့်နှစ်။ Translate ကိုနှိပ်ပါ။

အဆင့်သုံး။ ထည့်သွင်းချင်သော ဘာသာစကားကိုနှင့် ဘာသာပြန်စေလိုသော ဘာသာစကားကိုရွေးချယ်ပါ။

အဆင့်လေး။ စာသားကိုရိုက်ထည့်ပြီး Translate နှိပ်ပါ။

အသံထည့်သွင်းမှု လုပ်ဆောင်ချက်

Samsung Keyboard သည်သင့်အားအသံဖြင့်ရှည်လျားသောစာသားများကိုရိုက်ထည့်ရန်ခွင့်ပြုသည်။ အောက်ပါအဆင့်များကိုလိုက်နာပါ။

အဆင့် ၁။ ကီးဘုတ်ထိပ်ရှိ မိုက်ခရိုဖုန်း သင်္ကေတကိုနှိပ်ပါ။

အဆင့် ၂။ သင်ရိုက်လိုသောစာကို ချက်ချင်းပြောပါ။ ထို့နောက် ရွေ့လျားနေသော မိုက်ခရိုဖုန်းသင်္ကေတကိုနှိပ်ပါ။သင်ပြောသောအရာကို စာသားအဖြစ်သို့ပြောင်းသွားပြီး မှန်ကန်စွာရိုက်ထည့်သည်။

keyboard voice input step

   

သင်၏ကီးဘုတ်မှ Samsung Pass အချက်အလက်များကို ဝင်ရောက်ကြည့်ရှုပါ

သင်၏ Galaxy ဖုန်းတွင် Samsung Pass သုံးထားလျှင် Samsung Pass အက်ပ်မှ အချက်အလက်များကို ဆမ်ဆောင်းကီးဘုတ်မှ လွယ်ကူစွာဆွဲထုတ်နိုင်သည်။ သင်၏ Samsung Pass တွင် လုံခြုံစွာသိမ်းဆည်းထားသောအချက်အလက်များကို လွယ်ကူအဆင်ပြေစွာ ရိုက်ထည့်ရန် အောက်ပါအဆင့်များကိုလိုက်နာပါ။

အဆင့် ၁။ ကီးဘုတ်၏ ညာဘက်အပေါ်ထောင့်ရှိ More Options (အလျားလိုက်အစက်သုံးခု) ကိုနှိပ်ပါ။

အဆင့် ၂။ Samsung Pass သင်္ကေတကိုရွေးပါ။

အဆင့် ၃။ သင်၏အထောက်အထားကို အတည်ပြုပြီးသည်နှင့် Samsung Pass တွင် သိမ်းထားသော account number ကို ပြလိမ့်မည်။ account number ကိုနှိပ်ပါ။ ၎င်းသည် စာသား ၀င်းဒိုးထဲသို့ ဝင်လိမ့်မည်။ ထို့အပြင် အခြားကဒ်အချက်အလက်များ၊ လိပ်စာများ၊ ID များနှင့် စကားဝှက်များကိုလည်း အချိန်မရွေးသိမ်းဆည်း၊ ပြန်လည်ဖတ်ရှုနိုင်သည်။

Samsung Website တွင် Samsung Pass အကြောင်းပိုမိုလေ့လာပါ။

မှတ်ချက်။ ပြထားသောပုံများနှင့် မီနူးများသည် ဖုန်းမော်ဒယ်နှင့် ဆော့ဖ်ဝဲဗားရှင်းများပေါ်မူတည်ပြီး ပြောင်းလဲနိုင်သည်။

သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ