Bluetooth နားကြပ်အသံမငြိမ်ပါက ဘယ်လိုပြဿနာအဖြေရှာမလဲ
သင့်ဖုန်းကို Bluetooth နားကြပ်ဖြင့်ချိတ်ဆက်ခြင်းဖြင့် သီချင်းနားထောင်ခြင်းသို့မဟုတ် ဖုန်းခေါ်ဆိုခြင်းများပြုလုပ်နိုင်သည်။ Bluetooth နားကြပ်သုံးနေစဉ်အသံမငြိမ်ပါက ၄င်းသည်သင့်ဖုန်းနှင့်နားကြပ်ချိတ်ဆက်မှု မှားယွင်းနေခြင်း ၊ ပတ်ဝန်းကျင်အခြေအနေနှင့် Bluetooth cache တို့ကြောင့်ဖြစ်နိုင်သည်။ သင့် Bluetooth နားကြပ်အသံပြဿနာကိုအဖြေရှာရန် အောက်ပါလမ်းညွှန်များအတိုင်းလိုက်ပါလုပ်ဆောင်ပါ။
အောက်ဖော်ပြပါ အကြံပြုချက်များအတိုင်း မလုပ်ဆောင်မီ သင့်ကိရိယာ၏ ဆော့ဖ်ဝဲလ်နှင့် သက်ဆိုင်ရာ အက်ပလီကေးရှင်းများအား နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်ထားကြောင်း သေချာစွာလုပ်ဆောင်ပါ။ သင့်မိုဘိုင်းဖုန်းဆော့ဖ်ဝဲလ်အားအပ်ဒိတ်လုပ်ရန် အောက်ပါအချက်များအတိုင်းလုပ်ဆောင်ပါ။
အဆင့် ၁။ Settings > Software update သို့သွားပါ။
အဆင့်၂။ Download and install ကိုနှိပျပါ။
အဆင့် ၃။ ပေါ်လာသည့်လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ။
ပထမဦးစွာ သင့်ဖုန်းနှင့် Bluetooth နားကြပ် ၂ ခုလုံးကို reboot လုပ်ကြည့်ပါ။ ပြဿနာကြုံနေရသေးပါက သင့် Bluetooth နားကြပ်အသံပြဿနာကိုအဖြေရှာရန် အောက်ပါအတိုင်းအဆင့်ဆင့်လုပ်ဆောင်ပါ။
သင့် Bluetooth နားကြပ်ကို ဖုန်းနှင့်ပြန်လည်ချိတ်ဆက်ကြည့်ပါ။
သင့်ဖုန်းနှင့်နားကြပ်ကြား ချိတ်ဆက်မှုမတည်ငြိမ်ခြင်းကြောင့်လည်း အသံပြဿနာဖြစ်နိုင်ပါသည်။ သင့်နားကြပ်ကို ချိတ်ဆက်မှုဖြုတ်ပြီး ပြန်ချိတ်ရန် အောက်ပါလမ်းညွှန်အတိုင်းလုပ်ဆောင်ပါ။
ပတ်ဝန်းကျင်အနေအထားကြောင့်လည်း Bluetooth ချိတ်ဆက်မှုကိုသက်ရောက်နိုင်ပါသည်။ ပုံမှန်မဟုတ်သည့်လှုပ်ရှားမှု သို့မဟုတ် ကိရိယာနှစ်ခုကြားအကွာအဝေးသည်လည်း ချိတ်ဆက်မှုကို နှောင့်ယှက်နိုင်ပါသည်။ လူများသည့်နေရာတွင်ရှိနေခြင်း သို့မဟုတ် သင်သည်သတ္တုကပ်ခွာများသုံးထားခြင်း သို့မဟုတ် သင့်ဖုန်းအင်တာနာအနီးတွင် အကာအကွယ်တပ်ထားခြင်းတို့ကြောင့်လည်း ချိတ်ဆက်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါသည်။
- သင့် Galaxy ဖုန်းနှင့် Bluetooth နားကြပ်ကို သင့်အနားတွင်ထား၍ ၄င်းတို့ကြားတွင် ဘာမှရှိမနေကြောင်း သေချာပါစေ။
- ဖုန်းသည် သင့်အိတ်ကပ် သို့မဟုတ်အိတ်ထဲရောက်နေပါက ချိတ်ဆက်မှုမတည်ငြိမ်မှုဖြစ်စေနိုင်သောကြောင့် ဖုန်းကိုနားကြပ်နှင့်နီးရာတွင်သာထားပါ။
- လူများသောနေရာ သို့မဟုတ် Wi-Fi အသုံးပြုသူများသောနေရာမှ ရွှေ့ပြောင်းပါ။
- ပေါက်ပြဲနေသည့်ဓာတ်ကြိုးများ ၊ မိုက်ခရိုဝေ့ဗ်မီးဖိုနှင့် ကြိုးမဲ့စပီကာကဲ့သို့ပစ္စည်းများအနားမှာမနေပါနှင့် သို့မဟုတ် ထိုအနားတွင်နေရမည်ဆိုပါက ၄င်းတို့ကိုပိတ်ထားပါ။
- အွန်လိုင်းမှသီချင်းဖွင့်နေစဉ်တွင် ချိတ်ဆက်မှုအခြေအနေသည် အသံအရည်အသွေးအပေါ် သက်ရောက်နိုင်ပါသည်။ ထိုသို့ဆိုပါက ဖွင့်ရန်အတွက်သီချင်းကိုဒေါင်းလုဒ်လုပ်ကြည့်ပါ။
မှတ်ချက် -
- Bluetooth နားကြပ်သည် ဆက်တိုက်ချိတ်ဆက်မှုပြုတ်နေပါက သေချာစွာစစ်ဆေးနိုင်ရန် နီးစပ်ရာဝန်ဆောင်မှုစင်တာသို့သွားရောက်ပါ။
- ဖုန်း စခရင်ရှော့များနှင့် မီနူးများသည် ဖုန်းမော်ဒယ်နှင့်ဆော့ဖ်ဝဲလ်ဗားရှင်းပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။
သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ
ကျေးဇူးပြု၍ မေးခွန်းအားလုံးဖြေဆိုပါ။