Galaxy S23 ပုံရိပ်ခဲဖျက် ကို အသုံးပြုနည်း
ပုံရိပ်ခဲဖျက်သည် Galaxy ဓာတ်ပုံတည်းဖြတ်ခြင်း လုပ်ဆောင်မှုတစ်ခုဖြစ်ပြီး ၎င်းဖြင့်သင်သည် ရုပ်ပုံများမှ အလိုမရှိသော အရာများကို ရွေးချယ်၍ ဖျက်နိုင်သည်။ ပုံရိပ်ဖျက်ခြင်းအပြင် အရိပ်ဖျက်ခြင်း/အလင်းပြန်မှုဖျက်ခြင်းသည် အလိုမရှိသော အရိပ်နှင့် အလင်းပြန်မှုများအတွက် ရုပ်ပုံများကို ခွဲခြမ်းစိတ်ဖြာရန် AI ကို အသုံးပြုပြီး ၎င်းတို့ကို အလိုအလျောက် ဖျက်သည်။ အပ်ဒိတ်လုပ်ထားသော One UI 5.1 တွင် စီမံလုပ်ဆောင်နှုန်း၊ ကြည်လင်ပြတ်သားမှုနှင့် ရုပ်ပုံအရည်အသွေး ပိုမိုကောင်းမွန်စေရန် ပုံရိပ်ခဲဖျက်ကို အကောင်းဆုံးချိန်ညှိထားပြီး Galaxy S23 တွင် ပုံရိပ်ခဲဖျက်လုပ်ဆောင်ချက်က ပြိုင်ဘက်ကင်းဖြစ်သည်။
Galaxy ပုံရိပ်ခဲဖျက် ကို အသုံးပြုနည်း
ပုံရိပ်ခဲဖျက်ဖြင့်သင်သည် ရုပ်ပုံအတွင်းရှိ ပုံရိပ်များကို ရွေးချယ်၍ ဖျက်နိုင်ပြီး အကောင်းဆုံး ရုပ်ပုံအရည်အသွေးကိုလည်း မထိခိုက်စေရန် ထိန်းသိမ်းထားရှိပေးသည်။
- ပုံရိပ်များကို ဖျက်နည်း
- အရိပ်များကို ဖျက်နည်း
အရိပ်ဖျက်ခြင်းသည် ဖျက်ရန်လိုသည့်အရိပ်များနှင့် မဖျက်ဘဲချန်ထားရမည့် အရိပ်များကို အလိုအလျောက်ခွဲခြားပေးပြီး အကောင်းဆုံး ရုပ်ပုံအရည်အသွေးကို ထိန်းသိမ်းထားရှိသည်။
သတိပြုရန်- ဓာတ်ပုံရိုက်သည့် အခြေအနေကဲ့သို့ ဓာတ်ပုံ၏ ဝိသေသလက္ခဏာများပေါ် မူတည်၍ ကွဲပြားမှုများ ရှိနိုင်သည်။
- အလင်းပြန်မှုများကို ဖယ်ရှားနည်း
အလင်းပြန်မှုဖျက်ခြင်းသည် ဖျက်ရန်လိုအပ်သည့် အလင်းပြန်ခြင်းများကို အလိုအလျောက်သိရှိပြီး အကောင်းဆုံး ရုပ်ပုံအရည်အသွေးကို ထိန်းသိမ်းထားသည်။
သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ
ကျေးဇူးပြု၍ မေးခွန်းအားလုံးဖြေဆိုပါ။
RC01_Static Content