S22 Ultra S Pen ကို အသုံးပြုနည်းနှင့် ၎င်း၏ လိုက်ဖက်ညီမှုကို စစ်ဆေးပါ။
Galaxy S22 Ultra သည် ပထမဆုံး S Pen ပါတပါတည်း ပူတွဲထုတ်လုပ်ထားခြင်းဖြစ်သောကြောင့် အလွယ်တကူ သယ်သွားလို့ရသလို ကိုယ်လိုတဲ့အချိန်တိုင်း အသုံးပြုနိုင်ပါသည်။ သင်၏ မှတ်စု မှတ်သားခြင်း အတွေ့အကြုံကို အမြင့်ဆုံး မြှင့်တင်ရန် တပါတည်းပါရှိသော S Pen ကို သင်အသုံးပြုနိုင်သော ပျော်စရာ နည်းလမ်းများစွာရှိပါသည်။ Galaxy S22 Ultra ၏ တပါတည်း ပူတွဲထုတ်လုပ်ထားသော S Pen အသစ်အကြောင်း ပိုမိုလေ့လာရန် အောက်ပါ လမ်းညွှန်ချက်ကို ဖတ်ရှုပါ။
S စီးရီးတွင် S22 Ultra သည် ပထမဆုံးအကြိမ် S Pen ကို ထည့်သွင်းထုပ်လုပ်ခြင်းဖြစ်သည်
- စာသား အင်္ဂါရပ်သို့ S Pen ထည့်ပြီး (TabS7/S7+၊ Z Fold3 တွင်လည်း အသုံးပြုထားသည်)။
- ဝင်းဒိုးတွင် S Pen ဖြင့် ရေးသားပြီးနောက် လက်ရေးသည် စာသားသို့ အလိုအလျောက်ပြောင်းသည်။
- အကယ်၍ အသုံးပြုသူသည် သီးခြား ဧရိယာတစ်ခုခုကို S pen ဖြင့် ဖမ်းယူပါက S22 Ultra သည် AI လုပ်ဆောင်ချက်မှတစ်ဆင့် စာသားကို ထုတ်ယူပြီး အသုံးပြုသူအား သင့်လျော်သောလုပ်ဆောင်ချက်များကို အကြံပြုမည်ဖြစ်သည်။
S22 Ultra တွင် ထည့်သွင်းထားသော S pen သည် S22 Ultra အတွက် ရည်ရွယ်ပြီး Wacom အကန့်များပါရှိသော အခြားမော်ဒယ်များအတွက် 'ရေးသာ' မုဒ်တွင်သာ အသုံးပြုနိုင်ပါသည်။
၎င်းသည် အခြားမော်ဒယ်များနှင့် တွဲဖက်၍ မရသောကြောင့် 'Air Action' လုပ်ဆောင်ချက်သည် သီးသန့် မော်ဒယ်တစ်ခုနှင့်သာ အလုပ်လုပ်ပါသည်။
S Pen ဖြင့် S22 Ultra တွင်အသုံးပြုပုံနမူနာများသည် အခြားမော်ဒယ်မှလာသည်။
- S22 Ultra ထည့်သွင်းထုတ်လုပ်ထားသော Pen- စာရေးခြင်းနှင့် Air Actions လုပ်ဆောင်ချက်များ ဖြစ်နိုင်ပါသည်။
- ထည့်သွင်းထုတ်လုပ်ထားသော S Pen/Tab ထည့်သွင်းထုတ်လုပ်ထားသော S Pen- ရေးသားခြင်းသာဖြစ်ကြောင်း မှတ်သားပါ။
- Fold 3 Pen- အလုပ်မလုပ်ပါ။
- S Pen Pro-
- S Pen သို့ ခလုပ်ပြောင်းသောအခါ- စာရေးခြင်းနှင့် Air Actions လုပ်ဆောင်ချက်များ ဖြစ်နိုင်သည်။
- Z Fold သို့ ခလုပ်ပြောင်းသောအခါ- စာရေး၍မရပါ။
- အများဆုံး ပံ့ပိုးထားသော အကွာအဝေး- 10 မီတာ (Note 20 ကဲ့သို့)။
S22 Ultra S Pen ကို IP68 အဆင့်တွင် ပံ့ပိုးထားသည်။
ရေအနည်းငယ် ပါဝင်နေခြင်းသည် အားသွင်းခြင်းနှင့် အသုံးပြုခြင်းတွင် ပြဿနာမဖြစ်စေသော်လည်း အသုံးမပြုမီတွင် ရေကိုဖယ်ရှားရန် အကြံပြုထားသည်။
စက်ကရိယာကို ရွှေ့သည့်အခါ S Pen ကို မထည့်သွင်းပါက အကြောင်းကြားချက် ပေးပို့ပါသည်။
- အားသွင်းနည်း- စက်ကရိယာထဲသို့ ထည့်သွင်းသည့်အခါ S-Pen အား အားသွင်းပါမည်။
- အားအပြည့်သွင်းရန် အချိန်- အားအပြည့် သွင်းခြင်းသည် ခုနစ်မိနစ် ကြာမြင့်သည်။
- အသုံးပြုချိန်- Air Action ကို ဆက်တိုက်အသုံးပြုမှု မိနစ် 20 အပြင် standby အချိန် 24 နာရီအထိ ဖြစ်နိုင်သည်။
ကျေးဇူးပြု၍ သတိပြုပါ- အသုံးပြုမှု အခြေအနေပေါ် မူတည်ပြီး ဘက်ထရီ ကြာချိန် ကွဲပြားနိုင်ပါသည်။
အဝေးထိန်းစနစ်
Air action
S22 Ultra S Pen သည် အခြားမော်ဒယ်များနှင့် တွဲဖက်အသုံးပြုနိုင်ပါသည်။ သို့သော်လည်း ယခင် Note မော်ဒယ်များမှ အခြားသော တပါတည်းထုပ်လုပ်ထားသော Pens များကို စာရေးခြင်း လုပ်ဆောင်ချက်များအတွက်သာ အသုံးပြုနိုင်ပါသည်။
သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ
ကျေးဇူးပြု၍ မေးခွန်းအားလုံးဖြေဆိုပါ။
RC01_Static Content