ပြင်ပမှ အစိုင်အခဲအရာဝတ္ထုနှင့် ရေစိုခံနိုင်ရည်အဆင့်သတ်မှတ်ချက် (IP အဆင့်သတ်မှတ်ချက်များ) လမ်းညွှန်
Ingress Protection (IP) အဆင့်သတ်မှတ်ချက်များသည် ထုတ်ကုန်တစ်ခုအတွင်းသို အစိုင်အခဲများနှင့် ရေဝင်ရောက်ခြင်းမှ ကာကွယ်မှုကို ပြသသည်။ ပြင်ပမှအစိုင်အခဲများနှင့်ရေစိုခံမှုအဆင့်သတ်မှတ်ချက်များ၏ အင်္ဂါရပ်များကို ရှာဖွေသိရှိပြီး အဆင့်သတ်မှတ်ချက်ရှိ နံပါတ်များက မည်ကဲ့သို ဆိုလိုသည်ကို လေ့လာပါ။
မှတ်ချက်- ပြင်ပမှအစိုင်အခဲများနှင့် ရေစိုခံနိုင်ရည်အဆင့်သတ်မှတ်ချက်များနှင့် ပတ်သက်သော အချက်အလက်များသည် International Electrotechnical Commission (IEC) ၏ စံချိန်စံညွှန်း 60529 အရဖြစ်ပါသည်။
ပြင်ပမှအစိုင်အခဲများနှင့် ရေစိုခံမှု အဆင့်သတ်မှတ်ချက်
ပထမနံပါတ်သည် 0 မှ 6 အထိ အတိုင်းအတာတစ်ခုတွင် ပြင်ပအစိုင်အခဲများမှ ခံနိုင်ရည်ကို တိုင်းတာပြီး 6 သည် အကောင်းဆုံးကာကွယ်မှုဖြစ်သည်။ ဒုတိယနံပါတ်သည် ရေစိုခံနိုင်ရည်အား 0 မှ 8 အထိ တိုင်းတာသည်။
ပြင်ပမှအစိုင်အခဲများနှင့် ရေစိုခံနိုင်ရည် အဆင့်သတ်မှတ်ချက် အဆင့်များ
နှုန်းထား |
ပြင်ပမှအစိုင်အခဲများ ခံနိုင်ရည် |
ရေစိုခံနိုင်ရည် |
---|---|---|
0 |
အကာအကွယ်မရှိ |
အကာအကွယ်မရှိ |
1 |
50 mm Ø နှင့် ထို့ထက်ကြီးသော ပြင်ပအစိုင်အခဲများ မှ ကာကွယ်ထားသည် |
ဒေါင်လိုက်ကျနေသော ရေစက်များမှ အကာအကွယ်ပေးထားသည် |
2 |
12.5 mm Ø နှင့် ထို့ထက်ကြီးသော ပြင်ပအစိုင်အခဲများ မှ ကာကွယ်ထားသည် |
အလုံးအဖုံးသည် ၁၅° အထိ စောင်းသွားသောအခါ ဒေါင်လိုက်ကျနေသော ရေစက်များမှ ကာကွယ်ပေးထားသည် |
3 |
2.5 mm Ø နှင့် ထို့ထက်ကြီးသော ပြင်ပအစိုင်အခဲများ မှ ကာကွယ်ထားသည် |
ရေဖြန်းခြင်းမှ ကာကွယ်သည် |
4 |
1.0 mm Ø နှင့် ထို့ထက်ကြီးသော ပြင်ပအစိုင်အခဲများ မှ ကာကွယ်ထားသည် |
ရေပက်ကျမှုမှ ကာကွယ်ထားသည် |
5 |
ဖုန်မှုန့်များမှ အကာအကွယ်ပေးထားသည် |
ရေပန်းမှ ကာကွယ်ထားသည် |
6 |
ဖုန်မထိသည့်အခြေအနေဖြင့် ကာကွယ်ထားသည် |
အားကောင်းသော ရေပန်းများမှ ကာကွယ်ထားသည် |
7 |
- |
ရေတွင် ယာယီနှစ်မြှုပ်ခြင်း၏ သက်ရောက်မှုများမှ ကာကွယ်ပေးသည် |
8 |
- |
ရေတွင် ဆက်တိုက် နှစ်မြှုပ်ခြင်း၏ သက်ရောက်မှုများမှ ကာကွယ်ပေးသည် |
* Ø = အချင်း
သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ
ကျေးဇူးပြု၍ မေးခွန်းအားလုံးဖြေဆိုပါ။
RC01_Static Content