Samsung စမတ်နာရီများသည် တုန်ခါမှုမရှိပါ။
နာရီသည် တုန်ခါရမည့်အချိန်တွင် မတုန်ခါပါက နာရီသီးသန့်မုဒ် ကိုဖွင့်ထားခြင်းမရှိကြောင်း သေချာစေရန်လုပ်ဆောင်ပြီး ချိတ်ဆက်မှုပြုတ်ကြောင်း သတိပေးချက်နှင့် အသိပေးချက်များ တွင် တုန်ခါမှု ရွေးချယ်စရာကို ရွေးပေးပါ။ သို့သော်လည်း ပြဿနာရှိနေသေးပါက နာရီတွင် ပြင်ပဒဏ်ရာရှိ၊မရှိ စစ်ဆေးပါ။
မှတ်ချက် :ရနိုင်သည့် လုပ်ဆောင်ချက်များ ၊ ရွေးချယ်စရာများ နှင့် သတ်မှတ်ချက်များသည် နာရီနှင့် ဆော့ဖ်ဝဲဗားရှင်းအလိုက် ကွဲပြားနိုင်ပါသည်။
နာရီသီးသန့်မုဒ်ကို ပိတ်ရန်အတွက် ပါဝါ ခလုတ်ကို ၃ စက္ကန့် ဖိနှိပ်ထားပေးပါ။ နာရီ၏ အမှတ်တံဆိပ်စခရင် ပေါ်လာပါလိမ့်မည်။ နာရီသီးသန့်မုဒ် ပိတ်သွားမည်ဖြစ်ပြီး ယခုအခါ အခြားလုပ်ဆောင်ချက်များအားလုံးကိုပါ အသုံးပြုနိုင်ပြီဖြစ်သည်။
မှတ်ချက် :ရနိုင်သည့် လုပ်ဆောင်ချက်များ ၊ ရွေးချယ်စရာများ နှင့် သတ်မှတ်ချက်များသည် နာရီနှင့် ဆော့ဖ်ဝဲဗားရှင်းအလိုက် ကွဲပြားနိုင်ပါသည်။
နာရီ၏ ပင်မစာမျက်နှာမှ တဆင့် အပေါ်သို့ဆွဲတင်၍ သတ်မှတ်ချက်များ ကို ရှာ၍ဖွင့်ပါ။ စခရင်အပေါ်မှ အောက်သို့ဆွဲချ၍ Quick settings ကိုဖွင့်ပြီး သတ်မှတ်ချက်များ ပုံကိုလည်း နှိပ်နိုင်ပါသည်။
ချိတ်ဆက်မှုများကို နှိပ်၍ ချိတ်ဆက်မှုပြုတ်ကြောင်း သတိပေးချက် ကိုနှိပ်ပါ။ သင်နှစ်သက်ရာကို ရွေးချယ်ပါ။
မှတ်ချက် :သင့်နာရီတွင် အသံမမြည်ခြင်း သို့မဟုတ် မတုန်ခါခြင်းတို့ဖြစ်ပါက အသံသတ်မှတ်ချက်များကို မတော်တဆ ပိတ်ထားမိသောကြောင့်ဖြစ်နိုင်သည်။
နာရီ၏ ပင်မစာမျက်နှာမှ တဆင့် အပေါ်သို့ဆွဲတင်၍ သတ်မှတ်ချက်များ ကို ရှာ၍ဖွင့်ပါ။ စခရင်အပေါ်မှ အောက်သို့ဆွဲချ၍ Quick settings ကိုဖွင့်ပြီး သတ်မှတ်ချက်များ ပုံကိုလည်း နှိပ်နိုင်ပါသည်။
အသံများနှင့်တုန်ခါမှု ဆီသို့သွားနှိပ်ပြီး အသံမုဒ် ကိုနှိပ်ပါ။ အသံသို့ သတ်မှတ်ထားကြောင်းသေချာစေရန်လုပ်ဆောင်ပြီးနောက် အသံနှင့်တုန်ခါမှု ဘေးရှိ ခလုတ်ကို နှိပ်ပါ။
သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ
ကျေးဇူးပြု၍ မေးခွန်းအားလုံးဖြေဆိုပါ။
RC01_Static Content