Galaxy စမတ်ဖုန်းများတွင် Device care လုပ်ဆောင်ချက်ဆိုတာ ဘာလဲ။
Device care လုပ်ဆောင်ချက်ဖြင့် သင်၏စမတ်ဖုန်း စွမ်းဆောင်ရည်ကို သင့်မြတ်အောင် လုပ်ဆောင်နိုင်ပြီး ဘက္ထရီ၊ သိုလှောင်မှုနှင့် နောက်ထပ်များစွာ အစရှိသည့် နယ်ပယ်များစွာ၏ အခြေအနေကို စစ်ဆေးနိုင်ပါသည်။ တစ်ချက်ထိတွေ့ရုံဖြင့် သင်၏စမတ်ဖုန်းသည် မည်သို့လုပ်ဆောင်နေကြောင်းနှင့် ကောင်းစွာ အသုံးပြုနေခြင်းရှိမရှိကို သိရှိနိုင်ပါမည်။
Device care သို့ ဝင်ရောက်နည်း
- ဘက္ထရီ - သင်၏ဘက္ထရီကုန်သည်အထိ စမတ်ဖုန်း ခန့်မှန်းလုပ်ဆောင်ချိန် “ပါဝါစားသက်သာခြင်း”၊ “နောက်ခံအသုံးပြုမှုကန့်သတ်ချက်များ”၊ “ကြိုးမဲ့ပါဝါမျှဝေခြင်း” သို့မဟုတ် “ဘက္ထရီဆက်တင်” အစရှိသည့် လုပ်ဆောင်ချက်များကိုလည်း စစ်ဆေးနိုင်ပါသည်။
- သိုလှောင်မှု - သင်၏စမတ်ဖုန်းတွင် အသုံးပြုခဲ့သည့်နေရာနှင့် ရရှိနိုင်သည့် နေရာ
- မန်မိုရီ - သင်၏စမတ်ဖုန်းတွင် ကျန်ရှိသည့်မန်မိုရီပမာဏ နောက်ခံအက်ပ်များကို ရပ်ရန် “ယခု ရှင်းရန်” ကို အသုံးပြုနိုင်ပါသည်။ သင်၏ “သီးသန့်အက်ပ်များ” ကိုလည်း စစ်ဆေးနိုင်ပါသည်။
- စက်ကာကွယ်မှု - သင်၏စမတ်ဖုန်းကို စကဲန်ဖတ်ရန်နှင့် ဗိုင်းရပ်စ်နှင့် စပိုင်ဝဲလ်များရှာဖွေရန် ဤလုပ်ဆောင်ချက်ကို ဖွင့်ထားပါ။ သင်၏စက်ကို စကဲန်ဖတ်ရန် နောက်ထပ်ရွေးစရာများလည်း ရှာနိုင်ပါသည်။
ထပ်ဆောင်းစောင့်ရှောက်မှု
သင့်စမတ်ဖုန်း၏ နောက်ဆုံးပေါ်ဆော့ဖ်ဝဲလ်အပ်ဒိတ်များ စစ်ဆေးရန်လည်း Device care ကို အသုံးပြုနိုင်ပါသည်။
သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ
ကျေးဇူးပြု၍ မေးခွန်းအားလုံးဖြေဆိုပါ။
RC01_Static Content