မိုက်ကရိုဖုန်း
သင်၏ Galaxy ဖုန်းတွင် မိုက်ကရိုဖုန်း သို့မဟုတ် စပီကာမှ တစ်ဆင့် ဖုန်းခေါ်သူ၏ အသံကို မကြားရလျှင် အကူအညီ ဖြစ်စေနိုင်သည့် စစ်ဆေးရန် အချက်အနည်းငယ်ရှိပါသည်။
အောက်ဖော်ပြပါ အကြံပြုချက်များကို မလုပ်ဆောင်မီ သင့်ကိရိယာ၏ ဆော့ဖ်ဝဲနှင့် ဆက်စပ် အပလီကေးရှင်းများသည် နောက်ဆုံးဗားရှင်းအထိ အဆင့်မြှင့်ထားမထား စစ်ဆေးပါ။ သင့်ကိရိယာ၏ ဆော့ဖ်ဝဲများကို အောက်ပါအဆင့်များအတိုင်း ဗားရှင်းမြှင့်နိုင်ပါသည်။
သင်၏ မိုက်ကရိုဖုန်း သို့မဟုတ် စပီကာကို ကွယ်နေသည့်အရာများအား ရှာဖွေပါ။
သင်၏ဖုန်းရှိ မိုက်ကရိုဖုန်း သို့မဟုတ် စပီကာကို ဖုန်းကွယ်ထားသည့်အရာများ မရှိအောင် လုပ်ဆောင်ပါ။ ကောင်းမွန်စွာ တပ်ဆင်ထားခြင်းမရှိသည့် မှန်မကွဲ သို့မဟုတ် ဖုန်းကာဗာတို့မှာ ဖုန်းခေါ်ဆိုမှုအတွင်း အသံမသဲမကွဲဖြစ်စေသည့် အတွေ့များသော အကြောင်းရင်းများထဲမှာ တစ်ခုဖြစ်သည်။
ကျေးဇူးပြု၍ သတိပြုပါ − ဖုန်းကိုလိုက်၍ မိုက်ကရိုဖုန်းနှင့် စပီကာတို့၏ တည်နေရာ ကွဲပြားနိုင်ပါသည်။
တစ်ဖက်ကလူ၏ အသံကို မကြားရလျှင် စပီကာမှ အသံကို ချဲ့ကြည့်ပါ။
ကျေးဇူးပြု၍ သတိထားပါ − အဝင်ခေါ်ဆိုမှုအသံကို ဖုန်းခေါ်နေချိန်အတွင်းသာ အတိုးအလျှော့လုပ်နိုင်ပါသည်။ သင်သည် ‘မူလစခရင်’ တွင် ရှိနေလျှင် သင်၏ ဖုန်းဝင်သံကိုသာ အတိုးအလျှော့လုပ်ပေးမည်ဖြစ်ပါသည်။
ဖုန်းကို ပါဝါပိတ်ပြီး ပြန်ဖွင့်ပါ။ ပြီးလျှင် စမ်းကြည့်ပါ။
ထိုသို့ လုပ်ပြီးနောက် ပြဿနာဆက်ရှိနေပါက အောက်ပါ အဆင့်ကို ဆက်လက်ဆောင်ရွက်ပါ။
ဒေါင်းလုတ်ဆွဲထားသည့် အချို့သော အပလီကေးရှင်းများသည် သင်၏ ဖုန်း သို့မဟုတ် တက်ဘလက်ကို ရပ်သွားစေနိုင်၊ ပိတ်သွားစေနိုင် သို့မဟုတ် နှေးသွားစေနိုင်သည်။ အချို့သော အပလီကေးရှင်းများသည် ကင်မရာ၏ လုပ်ဆောင်မှုကိုပင်လျှင် ထိခိုက်စေနိုင်၊ အသံပြဿနာများဖြစ်စေနိုင်၊ ကွန်ရက်ချိတ်ဆက်မှုကို ထိခိုက်စေနိုင်သည်။
ဘေးကင်းမှုအနေအထား သည် ဒေါင်းလုတ်ဆွဲထားသော အပလီကေးရှင်းများကို ရပ်ပစ်လိုက်ပြီး ဖုန်း သို့မဟုတ် တက်ဘလက်နှင့် အတူပါလာသော မူလ ဆော့ဖ်ဝဲများကိုသာ ဖွင့်ပေးကာ ဖြစ်နေသည့် ပြဿနာက အက်ပလီကေးရှင်းကြောင့်လား သို့မဟုတ် ဖုန်း၊ တက်ဘလက်ကြောင့်လားဆိုသည်ကို သိရှိနိုင်အောင် ပြုလုပ်ပေးပါသည်။ ၎င်းကို ဖွင့်ရန် အောက်ပါအတိုင်း ဆောင်ရွက်ပါ။
ဘေးကင်းမှုအနေအထား တွင် အဆိုပါ ပြဿနာများ မပေါ်လျှင် ကြုံနေရသည့် ပြဿနာများမှာ ဒေါင်းလုတ်ထားသော အပလီကေးရှင်း တစ်ခုခုကြောင့် ဖြစ်နိုင်သည်။ ထိုအပလီကေးရှင်းကို ဖယ်ရှား ဖျက်ပစ်သင့်ပါသည်။
ကျေးဇူးပြု၍ သတိပြုပါ −
- ဘေးကင်းမှုအနေအထား တွင် ပြဿနာမရှိတော့လျှင် မကြာသေးခင်က ဒေါင်းလုတ်ဆွဲထားသည့် အပလီကေးရှင်း တစ်ခုခုကြောင့် ဖြစ်ရခြင်းဖြစ်သည်။ သင်၏ ဖုန်း သို့မဟုတ် တက်ဘလက်တွင် ပြဿနာမပေါ်ခင်ကလေးက သင်ဒေါင်းလုတ်ဆွဲထားသော အပလီကေးရှင်းကို ဖယ်ရှားဖျက်ပစ်ပါ။
- ထိုသို့ ဖျက်ပစ်ပြီးနောက် ပြဿနာဆက်ရှိနေလျှင် ဒေါင်းလုပ်ဆွဲထားသော အပလီကေးရှင်းများကြောင့် ဖြစ်နေခြင်းမဟုတ်ပေ။ သင်၏ ဖုန်းကို မူလအနေအထား အတိုင်း ပြန်ပြီး အသစ်ပြန်လည်သတ်မှတ်ဖို့လိုကောင်းလိုနိုင်ပါသည်။
ဝိုင်ဖိုင်ခေါ်ဆိုမှု လုပ်ဆောင်ချက်ကို အသုံးပြုနေသည်ဆိုလျှင် အဆိုပါ လုပ်ဆောင်ချက်သည် သင်၏ ခေါ်ဆိုမှုကို ပြုလုပ်ပေးရန်အတွက် ဖုန်း၏ ကွန်ရက်ချိတ်ဆက်မှုကို အသုံးပြုပါလိမ့်မည်။ ဝိုင်ဖိုင်ကွန်ရက် မကောင်းလျှင် ခေါ်ဆိုမှု၏ အရည်အသွေးကို ထိခိုက်နိုင်ပါသည်။ အဆိုပါ ဆက်တင်ကို ပိတ်ပြီး နောက်တစ်ကြိမ် ခေါ်ကြည့်ပါ။
ကျေးဇူးပြု၍ သတိပြုပါ − ဝိုင်ဖိုင်ခေါ်ဆိုမှု လုပ်ဆောင်ချက်သည့် ဖုန်းကတ်တိုင်း သို့မဟုတ် ဖုန်းတိုင်းတွင် ရှိနိုင်မည်မဟုတ်ပါ။
ဖုန်းခေါ်သည့်အခါတွင် ဘာမှ မကြားရလျှင် “အသံအားလုံး ပိတ်ထားခြင်း”ကို ဖွင့်ထားမိခြင်းဖြစ်နိုင်သည်။ အဆိုပါ လုပ်ဆောင်ချက်ကို ပိတ်ရန် အောက်ပါအတိုင်း လုပ်ဆောင်ပါ။
သင်၏ ဖုန်းက ဖုန်းခေါ်ဆိုမှုများ အမြဲ ပြုတ်ကျတတ်ပါလား။ ဖုန်းခေါ်ပြီးလျှင် ဆင်းကတ်မရှိ ဆိုသည့် အသိပေးမှုများ တွေ့နေရပါသလား။ အချိန်တစ်မိနစ်လောက်ယူပြီး ဆင်းကတ်ကောင်းမကောင်း စစ်ဆေးပါ။
အကယ်၍ အထက်ပါ နည်းလမ်းများက အလုပ်မဖြစ်လျှင် ဖုန်းကို ပထမဆုံးအကြိမ် ပါဝါဖွင့်စဉ်ကအတိုင်း မူလအပြင်အဆင်များ အတိုင်း ပြန်ရောက်အောင် လုပ်ရန်လိုပေမည်။ မိုဘိုင်းကိရိယာတစ်ခုကို မူလအပြင်အဆင်အတိုင်း ပြန်လည်သတ်မှတ်ခြင်းသည် ပြန်လည်ပြင်ဆင်၍ မရနိုင်သည်ကို ကျေးဇူးပြု၍ သတိပြုပါ။ သင်၏ ဖုန်းကို ပြန်လည်သတ်မှတ်ခြင်း (reset) ချရန် မကြိုးစားမီ သတင်းအချက်အလက်များအားလုံးကို တစ်နေရာရာတွင် အရံ သိမ်းဆည်းထားပါ။
သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ
ကျေးဇူးပြု၍ မေးခွန်းအားလုံးဖြေဆိုပါ။
RC01_Static Content